PSM (NEWS) မတ် ၁၂ ၊ ၂၀၂၆ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သည် ဗုဒ္ဓဟူးနေ့တွင် အီရန် အနေဖြင့် ဂေါ့ဖ်ဒေသရှိ နိုင်ငံများအပေါ် ပြုလုပ်နေသော တိုက်ခိုက်မှုများကို ချက်ချင်း ရပ်တန့်ရန် ဘာရိန်း ဦးဆောင်တင်သွင်းသော တောင်းဆိုသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုခဲ့ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။ ယင်းဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ရာတွင် အဖွဲ့ဝင်နိုင်ငံများအနက် ၁၃ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး ရုရှားနှင့် တရုတ် နှစ်နိုင်ငံက မဲမပေးဘဲ ရပ်တည်ခဲ့ကြသည်။ ဆုံးဖြတ်ချက်အရ အီရန် အနေဖြင့် ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေးဗီရား၊ UAE နှင့် ဂျော်ဒန် နိုင်ငံတို့အပေါ် တိုက်ခိုက်မှုများအားလုံးကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုထားသည်။ ထို့ပြင် အီရန် အနေဖြင့် နိုင်ငံတကာသင်္ဘောသွားလာရေးအတွက် အရေးပါသည့် ရေကြောင်းလမ်းကြောင်းဖြစ်သော ဟော်မုဒ်ရေလက်ကြားကို ပိတ်ဆို့ရန်၊ တားဆီးရန် သို့မဟုတ် သွားလာမှုကို ထိခိုက်စေမည့် မည်သည့် လှုပ်ရှားမှုများကိုမဆို ပြုလုပ်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းများကိုလည်း ပြင်းထန်စွာ ရှုတ်ချထားသည်။ သတင်းများအရ အီရန် သည် အမေရိကန်နှင့် အစ္စရေး တို့၏ တိုက်ခိုက်မှုကြောင့် အီရန်၏ အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ သေဆုံးခဲ့ပြီးနောက် တုန့်ပြန်အဖြစ် ဂေါ့ဖ်နိုင်ငံများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီကုန်သွယ်ရေးအတွက် အရေးကြီးသည့် ဟောမုဒ်ရေလက်ကြား မှ ဖြတ်သန်းသွားလာနေသော ကုန်တင်သင်္ဘောများကိုလည်း ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ကမ္ဘာ့စီးပွားရေးအပေါ် ဖိအားဖြစ်စေရန် ရည်ရွယ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ကိုးကား – AFP #အီရန်တိုက်ခိုက်မှု #ပြင်းထန်စွာ_ရှုတ်ချ #ကုလသမဂ္ဂ #လုံခြုံရေးကောင်စီ #ဆုံးဖြတ်ချက်_အတည်ပြု #PSM_News Post navigation သစ္စာဖောက်များဟု စွပ်စွဲခံရသည့် အီရန်အမျိုးသမီးဘောလုံးသမားများ သြစတြေးလျရှိ လုံခြုံရေးစခန်းမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရ ဟော်မုဇ် ရေလက်ကြားမှတစ်ဆင့် အိန္ဒိယသင်္ဘောများ ဖြတ်သန်းခွင့်ပြုမည်ဟု အိန္ဒိယ သတင်းရင်းမြစ်က ဆိုသော်လည်း အီရန်ဘက်က ငြင်းဆို