Month: March 2026

စစ်ခေါင်းဆောင်းက ၎င်း၏လူယုံ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို တပ်ချုပ် ရာထူးလွှဲပြောင်း၍ OTS ဆင်း တပ်ချုပ်ဖြစ်လာ

မောင်မောင်ကဲ/PSM(News) မတ် ၃၀၊ ၂၀၂၆ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၅ နှစ်တိုင် ဆုပ်ကိုင်ထားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်) ရာထူးကို ၎င်း၏လူယုံတော် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံသို့ ယနေ့မတ် ၃၀ ရက်နေ့တွင် လွှဲပြောင်းပေးခဲ့သည်။ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဗိုလ်ချုပ်မှူးကြီး ရဲဝင်းဦးသည် စစ်တက္ကသိုလ် (DSA) ဆင်းမဟုတ်ဘဲ ဗိုလ်သင်တန်း ကျောင်း…

မင်းပြားတိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းမိသားစုဝင် ၁၅၀ ကျော်ကို AA က တတိယ အကြိမ်အဖြစ် ပြန်လည်လွှတ်ပေး

PSM (News) မတ် ၃၀ ၊ ၂၀၂၆ ရခိုင်ပြည်နယ်၊ မင်းပြားမြို့သိမ်းတိုက်ပွဲကာလအတွင်း ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းမိသားစုဝင် ၁၅၂ ဦးကို အာရက္ခတပ်တော် (AA) က ပြီးခဲ့သည့် မတ်လ ၁၀ ရက်တွင် တတိယအကြိမ်အဖြစ် ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရသည်။ AA က လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည့် စစ်သုံ့ပန်းမိသားစုဝင်များတွင် အမျိုးသား ၄၄ ဦး၊…

အင်းတော်တွင် ကလေးငယ် ၂ ဦး ၆၀ မမ ဗုံးသီးဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွား၊ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

ဒေါင်းညို/PSM (News) မတ် ၃၀ ၊ ၂၀၂၆ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်၊ အလယ်ဆိပ်ကျေးရွာတွင် မတ်လ ၂၇ ရက် နံနက်ပိုင်းက ကလေးငယ်နှစ်ဦး ဗုံးသီးဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ယူဆောင်လာသည့် ၆၀ မမ ဗုံးသီးကို အသက် (၁၀) နှစ်အရွယ် ကလေးငယ်နှစ်ဦးက တွေ့ရှိဆော့ကစားရာမှ…

စစ်ကော်မရှင်၏ လွှတ်တော်အတုတွင် မင်းအောင်လှိုင်ကို ဒုသမ္မတလောင်းအဖြစ် အမည်စာရင်းသွင်း၊ သမ္မတလုပ်ရန် ပြင်ဆင်နေ

PSM(News) မတ် ၃၀ ၊ ၂၀၂၆ ပြည်သူတစ်ရပ်လုံးနှင့် နိုင်ငံတကာက အသိအမှတ်မပြုသည့် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲအပြီး ဖွဲ့စည်းထားသော လွှတ်တော်အတု၏ လွှတ်တော်အစုအဖွဲ့များတွင် ဒုတိယ သမ္မတလောင်းများ အမည်စာရင်းတင်သွင်းမှုကို ယနေ့ မတ် ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည်။ ယနေ့ နံနက်ပိုင်းကကျင်းပသည့် အဆိုပါ အတုအယောင် လွှတ်တော်အစည်းအဝေးများအတွက် ဒုတိယ သမ္မတလောင်းများအဖြစ် စစ်ခေါင်းဆောင်…

အီရန်အတွက် ရုရှားထောက်လှမ်းရေး ဂြိုဟ်တုများအသုံးပြုကာ ချာဂိုစ် စစ်အခြေစိုက်စခန်းအား ဓာတ်ပုံရိုက်ယူခဲ့ကြောင်း ဗိုလိုဒီမာ ဇလန်းစကီး ပြောကြား

PSM(NEWS) မတ် ၃၀၊ ၂၀၂၆ အီရန်က ဒီဂိုဂါစီယာ ရှိ ယူကေ-အမေရိကန်ပူးတွဲ စစ်အခြေစိုက်စခန်းသို့ ပဲ့ထိန်းဒုံးကျည်နှစ်စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ရုရှားထောက်လှမ်းရေးဂြိုဟ်တုများက အဆိုပါစခန်းအား ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး က ပြောကြားလိုက်သည်။ အဆိုပါ ဓာတ်ပုံများကို အီရန်၏ အကျိုးစီးပွားအတွက် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး အရှေ့အလယ်ပိုင်းရှိ အမေရိကန်နှင့် ဗြိတိန်တပ်ဖွဲ့များ တပ်စွဲထားသည့် အခြားအခြေစိုက်စခန်းများကိုလည်းစောင့်ကြည့်ထောက်လှမ်းခဲ့ကြောင်း ၎င်းက…

ဒေါ်နယ်ထရန့်နှင့် ရှီကျင့်ဖျင် ထိပ်သီး အစည်းအဝေးမတိုင်မီ အမေရိကန်လွှတ်တော်အမတ်များ ထိုင်ဝမ်သို့ သွားရောက်မည်

PSM(NEWS) မတ် ၃၀၊၂၀၂၆ အာရှဒေသအတွင်း တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကိုတုံ့ပြန်ရန် အရေးပါသော အမေရိကန်၏ မဟာမိတ်ဆက်ဆံရေးများကို ခိုင်မာစေရန် ရည်ရွယ်၍ ပါတီစုံလွှတ်တော်အမတ် လေးဦးပါဝင်သော အဖွဲ့တစ်ဖွဲ့သည် လာမည့်ရက်ပိုင်းအတွင်း ထိုင်ဝမ်၊ ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံများသို့ သွားရောက်ရန် စီစဉ်နေကြောင်း သိရသည်။ အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီမှ ဒီမိုကရက်တစ်အမတ် ဂျင်းရှဟီးန်က အဆိုပါ ခရီးစဉ်ကို စနေနေ့တွင်ကြေညာခဲ့ခြင်းဖြစ်သည်။ သူမနှင့်အတူ ရစ်ပတ်ဘလီကန် အမတ်များဖြစ်ကြသော…

အိန္ဒိယသို့ ဦးတည်လာသည့် LPGတင် သင်္ဘောနှစ်စင်း ဟော်မုဇ် ရေလက်ကြားကို ဘေးကင်းစွာဖြတ်သန်းနိုင်ခဲ့ကြောင်း အစိုးရထုတ်ပြန်

PSM(NEWS) မတ် ၃၀၊၂၀၂၆ မီးဖိုချောင်သုံးဂတ်စ် (LPG) မက်ထရစ်တန်ချိန် ၉၄,၀၀၀ ခန့် တင်ဆောင်လာပြီး အိန္ဒိယနိုင်ငံသို့ ဦးတည်မောင်းနှင်နေသည့် ဓာတ်ငွေ့တင် သင်္ဘောနှစ်စင်းသည် ဟော်မုဇ် ရေလက်ကြားကို ဘေးကင်းစွာ ဖြတ်သန်းနိုင်ခဲ့ပြီဖြစ်ကြောင်း အိန္ဒိယအစိုးရက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ BW Tyrနှင့် BW Elm အမည်ရှိ အဆိုပါ ကုန်တင်သင်္ဘောများသည် မတ်လ ၃၁ ရက်နေ့တွင်…

အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ် သန္တာကျောက်တန်းအနီး တရုတ်ကင်းလှည့်မှုများ ပြုလုပ်

PSM(NEWS) မတ် ၃၀၊ ၂၀၂၆ တရုတ်နိုင်ငံသည် အငြင်းပွားဖွယ်ရာ စကာဘရော့ သန္တာကျောက်တန်းဝန်းကျင်တွင် ၎င်းတို့၏ ရေတပ်၊ လေတပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့များဖြင့် တနင်္ဂနွေနေ့က ကင်းလှည့်မှုများ ပြုလုပ်ခဲ့ကြောင်း တရုတ်စစ်တပ်နှင့် ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ အဆိုပါ သန္တာကျောက်တန်းသည် ဖိလစ်ပိုင်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်အတွင်း တည်ရှိသော်လည်း တရုတ်နိုင်ငံကလည်း ၎င်းတို့၏ ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာ တောင်းဆိုထားသည့်နေရာဖြစ်သည်။ တရုတ်နှင့် ဖိလစ်ပိုင်တို့သည်…