PSM(News)

မတ် ၃၀ ၊ ၂၀၂၆

ပြည်သူတစ်ရပ်လုံးနှင့် နိုင်ငံတကာက အသိအမှတ်မပြုသည့် စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲအပြီး ဖွဲ့စည်းထားသော လွှတ်တော်အတု၏ လွှတ်တော်အစုအဖွဲ့များတွင် ဒုတိယ သမ္မတလောင်းများ အမည်စာရင်းတင်သွင်းမှုကို ယနေ့ မတ် ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည်။

ယနေ့ နံနက်ပိုင်းကကျင်းပသည့် အဆိုပါ အတုအယောင် လွှတ်တော်အစည်းအဝေးများအတွက် ဒုတိယ သမ္မတလောင်းများအဖြစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် လေး ဦးကို အမည်စာရင်း တင်သွင်းခဲ့ကြခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါက်တာ ကျော်ဆွေ တို့ကို အမည်စာရင်းသွင်းခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစု အဖွဲ့တွင် ဒေါ်နန်းနီနီအေးနှင့် ဒေါက်တာမနမ်တူးဂျာ တို့ကို တင်သွင်းခဲ့သည်။

လက်ရှိတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်နန်းနီနီအေး တို့ကို ဒုတိယသမ္မတများအဖြစ် ရွေးချယ်ရန် သတ်မှတ်ထားပြီးဖြစ်ကာ မင်းအောင်လှိုင်ကိုယ်တိုင် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူရန်အတွက် ယခု ကဲ့သို့ စိတ်ကြိုက်ခင်းကျင်းထားသည့် အတုအယောင် လွှတ်တော် လုပ်ငန်းစဉ်များဖြင့် အကောင် အထည်ဖော်နေခြင်းဖြစ်သည်။

By Htet Ko