PSM(News)

မတ် ၁၃၊ ၂၀၂၆

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန၏ အခြေခံစစ်ပညာသင်တန်း (၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ပဲခူးတိုင်းအတွင်းရှိ အမှတ် (၂) လေ့ကျင့်ရေးသင်တန်းကျောင်းတွင် မတ် ၄ ရက်နေ့က ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ဦးစီးချုပ်၏ ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး စစ်ရုံးချုပ်မှ စစ်ရေးချုပ်၊ စစ်ထောက်လှမ်းရေးချုပ်နှင့် အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူးတို့က သင်တန်းဆင်း မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ကြသည်။

ထို့ပြင် ထူးချွန်သင်တန်းသားများကိုလည်း စစ်ရုံးချုပ် ဒု-စစ်ထောက်ချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ ကြောင်း သိရသည်။

အဆိုပါ အခြေခံစစ်ပညာသင်တန်းကို အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ သင်တန်းသား၊ သင်တန်းသူ အများအပြား တက်ရောက်ခဲ့ကြပြီး တော်လှန်ရေးအရှိန်အဟုန် မြှင့်တင်ရန် ပြင်ဆင်မှုများချမှတ်ခဲ့ကြောင်း အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – အထူးတိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်

#ပဲခူးတိုင်း

#NUG

#MOD

#PDF

#အထူးတိုင်းစစ်ဌာန

#အခြေခံစစ်ပညာသင်တန်း

#PSM_News

By Htet Ko