Month: March 2026

အမေရိကန်၏ ခြိမ်းခြောက်မှုများ ရှိနေသော်လည်း ရန်သူနှင့်ဆက်နွှယ်မှု မရှိသည့် သင်္ဘောများအတွက် ဟော်မုဇ်ရေလက်ကြား ဖွင့်လှစ်ထားကြောင်း အီရန် ပြောကြား

PSM(NEWS) မတ် ၂၂ ၊ ၂၀၂၆ ဟော်မုဇ်ရေလက်ကြားသည် “အီရန်၏ ရန်သူများ” နှင့် ဆက်နွှယ်နေသည့် သင်္ဘောများမှလွဲ၍ ကျန်သင်္ဘောများအားလုံး ဖြတ်သန်းသွားလာနိုင်ရန် ဆက်လက် ဖွင့်လှစ်ထားကြောင်း ကုလသမဂ္ဂ ရေကြောင်းအေဂျင်စီဆိုင်ရာ အီရန်ကိုယ်စားလှယ်က တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ ပြောကြားချက်သည် ၄၈ နာရီအတွင်း ရေလမ်းကြောင်းကို “အပြည့်အဝ မဖွင့်လှစ်ပါက” အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ပစ်မှတ်ထားမည်ဟု…

ဗြိတိန်၏ နျူကလီးယား ရေငုပ်သင်္ဘောအခြေစိုက်စခန်းသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်းသူ အီရန်အမျိုးသားနှင့် ရိုမေးနီးယားအမျိုးသမီးတို့အား တရားစွဲဆို

PSM(NEWS) မတ်၂၂ ၊ ၂၀၂၆ စကော့တလန်ရှိ ဗြိတိန်၏ နျူကလီးယား ရေငုပ်သင်္ဘောအခြေစိုက်စခန်းအတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် အီရန်အမျိုးသားတစ်ဦးနှင့် ရိုမေးနီးယားအမျိုးသမီးတစ်ဦးတို့ကို တရားစွဲဆိုလိုက်ကြောင်း စကော့တလန်ရဲတပ်ဖွဲ့က စနေနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ အမျိုးသားနှင့် အမျိုးသမီးကို ကြာသပတေးနေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဗြိတိန်မီဒီယာများကမူ ၎င်းတို့နှစ်ဦးကို အီရန်သူလျှိုများဖြစ်နိုင်ကြောင်း သံသယရှိနေကြသည်။ ယခုကဲ့သို့ တရားစွဲဆိုမှုသည် အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲစတင်ခဲ့ပြီး…

အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် အီရန်သမ္မတ ပီဇက်ရှ်ကီယန်တို့ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

PSM(NEWS) မတ် ၂၂၊ ၂၀၂၆ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ သည် အီရန်သမ္မတ မာဆုဒ်ပီဇက်ရှ်ကီယန် နှင့် ဖုန်းဖြင့် ဆက်သွယ်စကားပြောဆိုခဲ့ကြောင်း စနေနေ့တွင် ၎င်း၏ X လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသရှိ အရေးပါသော အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများကို ဝန်ကြီးချုပ် မိုဒီက ပြစ်တင်ရှုတ်ချခဲ့သည်။ ထို့အပြင် ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းများ ဘေးကင်းလုံခြုံစေရန်နှင့် အနှောင့်အယှက်ကင်းစွာ သွားလာနိုင်ရန်…

အမေရိကန်က ခါ့ဂ်ကျွန်းကို တိုက်ခိုက်ပါက ပင်လယ်နီနှင့် စွမ်းအင် အဆောက်အအုံများပါ စစ်မီးကူးစက်နိုင်ဟု အီရန်သတိပေး

PSM (NEWS) မတ် ၂၂၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စုက အီရန်နိုင်ငံ၏ ခါ့ဂ်ကျွန်း စစ်ရေးအရ အရေးယူလာပါက ပဋိပက္ခများ အရှိန်အဟုန်ဖြင့် ကျယ်ပြန့်လာနိုင်ကြောင်း အီရန်က သတိပေးလိုက်သည်။ ပင်လယ်နီနှင့် ဘပ်လ်အယ်လ်မန်ဒက် ရေလက်ကြား လုံခြုံရေး ပျက်ပြားနိုင်သလို ဒေသတွင်း စွမ်းအင်အဆောက်အအုံများပါ တိုက်ခိုက်ခံရနိုင်သည်ဟု ဆိုသည်။ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) နှင့် ဆက်နွှယ်သည့် Tasnim…

အီရန်စစ်ပွဲကြောင့် ကာတာ၏ ဟီလီယမ်ထုတ်လုပ်မှု ရပ်တန့်၊ ကမ္ဘာ့နည်းပညာ ထောက်ပံ့ရေးကွင်းဆက်ကို ခြိမ်းခြောက်နေ

PSM(NEWS) မတ် ၂၂၊ ၂၀၂၆ ကာတာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ တင်ပို့မှု အဆောက်အအုံများအပေါ် ယခုသီတင်းပတ်အတွင်း အီရန်၏ တိုက်ခိုက်မှုများသည် ကမ္ဘာ့စွမ်းအင် ဈေးကွက်သာမက နည်းပညာ ထောက်ပံ့ရေးကွင်းဆက်ကိုပါ ခြိမ်းခြောက်လျက်ရှိသည်။ ကာတာမှ ထွက်ရှိသည့် ဟီလီယမ် (Helium) ဓာတ်ငွေ့သည် အဆင့်မြင့် စက်မှုလုပ်ငန်းများအတွက် မရှိမဖြစ် အရေးပါသည်။ ဟီလီယမ်သည် ပွဲလမ်းသဘင်သုံး မိုးပျံပူဖောင်းများတွင်သာမက ကွန်ပျူတာချစ်ပ်ပြား ထုတ်လုပ်ခြင်း၊…

ရုရှား၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ ချာနီဟိဗ်ဒေသ တစ်ခုလုံးနီးပါးလျှပ်စစ်မီးပြတ်တောက်

PSM(NEWS) မတ် ၂၁ ၊ ၂၀၂၆ ယူကရိန်းနိုင်ငံမြောက်ပိုင်း ခချာနီဟိဗ်ဒေသတွင် စနေနေ့က ရုရှား၏ ဒရုန်းဖြင့်တိုက်ခိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီးနောက် ဒေသတစ်ခုလုံးနီးပါး လျှပ်စစ်မီးပြတ်တောက်သွားခဲ့ကြောင်း ဒေသန္တရအုပ်ချုပ်ရေးမှူး ဗီယာချက်စလပ်ချော့စ်ကပြောကြားခဲ့သည်။ ပျက်စီးသွားသည့် အစိတ်အပိုင်းများကို ပြန်လည်ပြင်ဆင်ရန် လုပ်ဆောင်နေကြောင်း ၎င်းကဆိုသည်။ ရုရှားနှင့် ဘီလာရုစ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အဆိုပါဒေသတွင် စစ်မဖြစ်မီက လူဦးရေ တစ်သန်းနီးပါး နေထိုင်ခဲ့ကြသည်။ ဒေသတွင်း…

ကသာမြို့ မဟာလေးထပ်ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ သံဃာတော်နှင့် စစ်ဘေးရှောင် ၅၀ ထက်မနည်း သေဆုံးကာ အစုလိုက်အပြုံလိုက် မီးသင်္ဂြိုဟ်ရမည် ဟုဆို

PSM(News) မတ် ၂၁၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကသာမြို့ပေါ်ရှိ စစ်ဘေးရှောင်များ ခိုလှုံနေသည့် မဟာလေးထပ်ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်ကော်မရှင် တပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် သံဃာတော်များနှင့် ပြည်သူ ၅၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ ကသာမြို့ပေါ်၌ တိုက်ပွဲများ ပြင်းထန်နေစဉ် မတ်လ ၂၀ ရက် မွန်းလွဲပိုင်းတွင် မိတ္ထီလာ ရှမ်းတဲလေတပ်မှ…

စစ်ကော်မရှင်က လေယာဉ် ၈ စင်းအသုံးပြု၍ ကနီ ဆူးလေကုန်းရွာကို ဗုံးကြဲတိုက်ခိုက်၊ ဘုန်းကြီး ကျောင်းနှင့် စာသင်ကျောင်း ပျက်စီးပြီး သံဃာတော်နှင့်ပြည်သူများ ထိခိုက် သေဆုံးမှုရှိ

PSM(News) မတ် ၂၁ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ ဆူးလေကုန်းစံပြကျေးရွာကို အကြမ်းဖက် စစ်ကော်မရှင် တပ်က ယနေ့ (မတ် ၂၁ ရက်) မွန်းလွဲပိုင်းတွင် လေတပ်စခန်း သုံး ခုမှ ဂျက်ဖိုက်တာ ရှစ် စင်း အသုံးပြုကာ တပြိုင်နက်တည်း ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းဆောင်များ ပျက်စီးကာ သံဃာတော်များနှင့်…