PSM(NEWS) မတ် ၂၁ ၊ ၂၀၂၆ ယူကရိန်းနိုင်ငံမြောက်ပိုင်း ခချာနီဟိဗ်ဒေသတွင် စနေနေ့က ရုရှား၏ ဒရုန်းဖြင့်တိုက်ခိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီးနောက် ဒေသတစ်ခုလုံးနီးပါး လျှပ်စစ်မီးပြတ်တောက်သွားခဲ့ကြောင်း ဒေသန္တရအုပ်ချုပ်ရေးမှူး ဗီယာချက်စလပ်ချော့စ်ကပြောကြားခဲ့သည်။ ပျက်စီးသွားသည့် အစိတ်အပိုင်းများကို ပြန်လည်ပြင်ဆင်ရန် လုပ်ဆောင်နေကြောင်း ၎င်းကဆိုသည်။ ရုရှားနှင့် ဘီလာရုစ်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အဆိုပါဒေသတွင် စစ်မဖြစ်မီက လူဦးရေ တစ်သန်းနီးပါး နေထိုင်ခဲ့ကြသည်။ ဒေသတွင်း အဓိကမြို့တော်ဖြစ်သော ချာနီဟိဗ် မြို့တွင်လည်း လျှပ်စစ်မီးလုံးဝပြတ်တောက်နေကြောင်း မြို့ပြအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ရုရှားသည် ယူကရိန်းကို ကျူးကျော်တိုက်ခိုက်သည့် စစ်ပွဲကာလတစ်လျှောက်လုံးတွင် ယူကရိန်း၏ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို ပစ်မှတ်ထားကာ အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိပြီး ယင်းကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နာရီပေါင်းများစွာ ကြာမြင့်သည့် လျှပ်စစ်မီးပြတ်တောက်မှုများ ပုံမှန်လိုလို ဖြစ်ပွားလျက်ရှိသည်။ ကိုးကား Reuters #ရုရှားတိုက်ခိုက်မှု #ယူကရိန်း #ချာနီဟိဗ်ဒေသ #လျှပ်စစ်မီးပြတ်တောက် #PSM_News Post navigation အက်ရှင်လောက၏ သူရဲကောင်းနှင့် ပရိသတ်အချစ်တော် ချပ်ခ် နောရစ် အသက် ၈၆ နှစ်အရွယ်တွင် ကွယ်လွန် အီရန်စစ်ပွဲကြောင့် ကာတာ၏ ဟီလီယမ်ထုတ်လုပ်မှု ရပ်တန့်၊ ကမ္ဘာ့နည်းပညာ ထောက်ပံ့ရေးကွင်းဆက်ကို ခြိမ်းခြောက်နေ