PSM(NEWS) မတ် ၂၂၊ ၂၀၂၆ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ သည် အီရန်သမ္မတ မာဆုဒ်ပီဇက်ရှ်ကီယန် နှင့် ဖုန်းဖြင့် ဆက်သွယ်စကားပြောဆိုခဲ့ကြောင်း စနေနေ့တွင် ၎င်း၏ X လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့သည်။ အရှေ့အလယ်ပိုင်းဒေသရှိ အရေးပါသော အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုများကို ဝန်ကြီးချုပ် မိုဒီက ပြစ်တင်ရှုတ်ချခဲ့သည်။ ထို့အပြင် ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းများ ဘေးကင်းလုံခြုံစေရန်နှင့် အနှောင့်အယှက်ကင်းစွာ သွားလာနိုင်ရန် အရေးကြီးကြောင်းကိုလည်း ၎င်းက ထပ်လောင်းအတည်ပြုခဲ့သည်။ “အီရန်နိုင်ငံရောက် အိန္ဒိယနိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အီရန်အစိုးရက ဆက်လက်ကူညီပေးနေတာကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်” ဟု ဝန်ကြီးချုပ် မိုဒီက ဖြည့်စွက်ဖော်ပြသည်။ ကိုးကား Reuters #အီရန်သမ္မတ_ပီဇက်ရှ်ကီယန် #အိန္ဒိယဝန်ကြီးချုပ်_မိုဒီ #ဖုန်းဆက်သွယ် #X_လူမှုကွန်ရက် #PSM_News Post navigation အမေရိကန်က ခါ့ဂ်ကျွန်းကို တိုက်ခိုက်ပါက ပင်လယ်နီနှင့် စွမ်းအင် အဆောက်အအုံများပါ စစ်မီးကူးစက်နိုင်ဟု အီရန်သတိပေး ဗြိတိန်၏ နျူကလီးယား ရေငုပ်သင်္ဘောအခြေစိုက်စခန်းသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးပမ်းသူ အီရန်အမျိုးသားနှင့် ရိုမေးနီးယားအမျိုးသမီးတို့အား တရားစွဲဆို