Month: February 2026

သရုပ်ဆောင် မင်းမော်ကွန်း၏ ‘The Rubbish’ ဇာတ်ကားကို 24FM တွင် အခမဲ့ပြသမည်၊ ရရှိသော ရန်ပုံငွေများဖြင့် ရဲဘော်များ၏ ခြေလက်အင်္ဂါ အစားထိုးတပ်ဆင်နိုင်ရန် ကူညီမည်

PSM(News)ဖေဖော်ဝါရီ ၅၊ ၂၀၂၆ သရုပ်ဆောင် မင်းမော်ကွန်း ပါဝင်သရုပ်ဆောင်ထားသည့် ‘The Rubbish’ ဇာတ်ကားကို 24FM Platform တွင် အခမဲ့ ပြသသွားမည်ဖြစ်ပြီး ရရှိလာသည့် ရန်ပုံငွေများဖြင့် ရဲဘော်များ ခြေလက်အင်္ဂါ အစားထိုးတပ်ဆင်နိုင်ရန် ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သရုပ်ဆောင် မင်းမော်ကွန်းသည် လာမည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ကျရောက်မည့် ၎င်း၏ ၄၇…

ကာချုပ်ရာထူး စွန့်လွှတ်ရမည်ကို ကြောက်နေ၍ သမ္မတအထက်၌ အာဏာချုပ်ကိုင်မည့် ‘ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ’ ဥပဒေကို စစ်ခေါင်းဆောင် ပြဋ္ဌာန်း

PSM(News)ဖေဖော်ဝါရီ ၅၊ ၂၀၂၆ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းတို့ပြုလုပ်ခဲ့သည့် အတု အယောင်ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် အစိုးရနှင့် သမ္မတအထက်တွင် ရှိနေမည့် “ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ” ဥပဒေကို ဖေဖော်ဝါရီ ၃ ရက်တွင် ယာယီသမ္မတအဖြစ် လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့သည်။ အဆိုပါ ကောင်စီသည် နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးနှင့် ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာ…

ကချင်တော်လှန်ရေး ရည်မှန်းချက်များ အမြန်ဆုံးပြည့်ဝပါစေဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ ဆုတောင်း ဂုဏ်ပြု

PSM(News)ဖေဖော်ဝါရီ ၅၊ ၂၀၂၆ ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ကျရောက်သည့် (၆၅) နှစ်မြောက် ကချင်တော်လှန်ရေးနေ့သို့ ညီနောင် မဟာမိတ် သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး ကချင်ပြည်သူတို့၏ မျှော်လင့်ချက်များ အမြန်ဆုံးပြည့်ဝပါစေကြောင်း ဆုတောင်းစကား ဆိုခဲ့ကြသည်။…

အမေရိကန်နှင့်ချုပ်ဆိုထားသောနျူကလီးယားစာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်‘တာဝန်ယူမှုရှိရှိ’ဆက်လက်ဆောင်ရွက်သွားမည်ဟုရုရှားကတိပြု

PSM(NEWS)ဖေဖော်ဝါရီ ၅၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စုနှင့် ချုပ်ဆိုထားသည့် နောက်ဆုံးလက်ကျန် နျူကလီးယားစာချုပ်သည် ၂၀၂၆ခုနှစ်ဖေဖော်ဝါရီ ၅ ရက်ကြာသပတေးနေ့ ယနေ့တွင်သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်၊ ယင်းနောက်ပိုင်းတွင် မိမိတို့အနေဖြင့် “တာဝန်ယူမှုရှိရှိ” ဆက်လက်ဆောင်ရွက်သွားမည်ဟုရုရှားနိုင်ငံက ဗုဒ္ဓဟူးနေ့တွင်ကတိပြုပြောကြားလိုက်သည်။ အဆိုပါစာချုပ်ပျက်ပြားသွားခြင်းကြောင့်ကမ္ဘာ့ထိပ်သီးနျူကလီးယားအင်အားကြီးနိုင်ငံများအကြားလက်နက်ပြိုင်ဆိုင်မှုအသစ်များဖြစ်လာနိုင်သည်ဟူသောစိုးရိမ်မှုများမြင့်တက်နေချိန်တွင်ယခုကဲ့သို့ပြောကြားလာခြင်းဖြစ်သည်။ ၂၀၁၀ပြည့်နှစ်တွင်လက်မှတ်ရေးထိုးခဲ့သည့် New STARTစာချုပ်သည်တစ်ဖက်စီမှတပ်ဖြန့်ထားနိုင်သည့်နျူကလီးယားထိပ်ဖူးအရေအတွက်ကိုကန့်သတ်ထားခြင်းဖြစ်သည်။ စာချုပ်သက်တမ်းကုန်ဆုံးသွားပါကရုရှားနှင့် အမေရိကန်န်တို့သည် ၎င်းတို့၏နျူကလီးယားလက်နက်တိုက်များအပေါ် တားမြစ်ထားသည့် ကန့်သတ်ချက်များအားလုံးမှလွတ်မြောက်သွားမည်ဖြစ်သည်။ ရုရှားသမ္မတဗလာဒီမာပူတင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်ဗုဒ္ဓဟူးနေ့ကဖုန်းဖြင့်ဆွေးနွေးရာတွင်စာချုပ်သက်တမ်းကုန်ဆုံးသွားပါကရုရှားအနေဖြင့်“ချိန်ဆပြီးတာဝန်ယူမှုရှိရှိဆောင်ရွက်သွားမည်”ဟုပြောကြားခဲ့ကြောင်း ကရင်မလင်နန်းတော် အကြံပေးပုဂ္ဂိုလ်…

ကုလသမဂ္ဂ ဘဏ္ဍာရေး အကြီးအကျယ် ပြိုလဲနိုင်ခြေရှိဟု အထွေထွေအတွင်းရေးမှူးချုပ် သတိပေး

PSM(NEWS)ဖေဖော်ဝါရီ ၅၊ ၂၀၂၆ ကုလသမဂ္ဂအဖွဲ့ကြီးသည် မကြုံစဖူးသော ဘဏ္ဍာရေး အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး လာမည့် ဇူလိုင်လအတွင်း “ချက်ချင်းဘဏ္ဍာရေးပြိုလဲမှု”နှင့်ကြုံတွေ့ရနိုင်ကြောင်းအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယို ဂူတာရက်စ်က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ ဘတ်ဂျက်ကော်မတီသို့ တရားဝင်အစီရင်ခံစာ ပေးပို့၍သတိပေးလိုက်သည်။ အဖွဲ့ဝင် ၁၉၃ နိုင်ငံထံ ပေးပို့သော ၎င်း၏ အစီရင်ခံစာတွင် ကုလသမဂ္ဂ၏…

ထိုင်းနိုင်ငံက FBI နှင့် နိုင်ငံတကာမီဒီယာများကို ခေါ်ဆောင်၍ ကျားဖြန့်ဂိုဏ်းများကို ဖော်ထုတ်မှုအပေါ် ကမ္ဘောဒီးယားအစိုးရ ပြင်းထန်စွာကန့်ကွက်

PSM(NEWS)ဖေဖော်ဝါရီ ၅၊ ၂၀၂၆ ထိုင်းအာဏာပိုင်များသည် ကမ္ဘောဒီးယားပိုင်နက်အတွင်းသို့ နိုင်ငံခြားစစ်သံမှူးများနှင့် တရားဥပဒေစိုးမိုးရေးအရာရှိများကို ခွင့်ပြုချက်မရှိဘဲ ခေါ်ဆောင်၍ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟုဆိုကာ ကမ္ဘောဒီးယားအစိုးရက ထိုင်းနိုင်ငံအပေါ် အပြင်းထန်ဆုံး ကန့်ကွက်ကြောင်း ထုတ်ပြန်လိုက်သည်။ ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ထိုင်းကြည်းတပ်၏ ထောက်လှမ်းရေးအရာရှိချုပ် ဦးဆောင်သော အဆိုပါအဖွဲ့သည် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊…

ဂရိနိုင်ငံ ချီအော့စ်ကျွန်းအနီးတွင် ရွှေ့ပြောင်းအခြေချသူများ၏ စက်လှေနှင့် ကမ်းခြေစောင့်တပ်သင်္ဘော တိုက်မိရာ လူ ၁၅ ဦး သေဆုံး

PSM(NEWS)ဖေဖော်ဝါရီ ၅၊ ၂၀၂၆ ဂရိနိုင်ငံ အီးဂျီးယန်းပင်လယ် အတွင်းရှိ ချီအော့စ်ကျွန်းအနီးတွင် ဖေဖော်ဝါရီ ၃ ရက်အင်္ဂါနေ့ ညပိုင်းက ရွှေ့ပြောင်းအခြေချသူများ လိုက်ပါလာသည့် စက်လှေတစ်စီးနှင့် ဂရိကမ်းခြေစောင့်တပ် ကင်းလှည့်သင်္ဘောတစ်စီး တိုက်မိမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း ဂရိအာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် အတည်ပြု ပြောကြားခဲ့သည်။ ဂရိကမ်းခြေစောင့်တပ်၏ ထုတ်ပြန်ချက်အရ လူအမြောက်အမြား လိုက်ပါလာသည့်…

ဖက်ဒရယ်တရားရုံးများ၏ အခန်းကဏ္ဍကို အိုဘားမား သတိပေး — ဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်ရေး အရေးပါမှုကို ထောက်ပြ

PSM(NEWS)ဖေဖော်ဝါရီ ၄၊ ၂၀၂၆ အမေရိကန် သမ္မတဟောင်း ဘားရက် အိုဘားမား က ဖက်ဒရယ်တရားရုံးများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထမ်းဆောင်ရမည့် အခန်းကဏ္ဍကို ပြန်လည် သတိပေးပြောကြားခဲ့သည်။ လူမှုကွန်ရက် X (ယခင် Twitter) တွင် အိုဘားမားက “ဖက်ဒရယ်တရားရုံးများသည် ဖွဲ့စည်းပုံအခြေခံ ဓလေ့ထုံးတမ်းများကို ကာကွယ်ထိန်းသိမ်းရန် မည်သို့ လုပ်ဆောင်သင့်သည်ကို သတိပေးသည့် အချက်တစ်ရပ်ဖြစ်သည်”ဟု ရေးသားခဲ့သည်။ ၎င်း၏…