PSM(News)
ဖေဖော်ဝါရီ ၅၊ ၂၀၂၆

သရုပ်ဆောင် မင်းမော်ကွန်း ပါဝင်သရုပ်ဆောင်ထားသည့် ‘The Rubbish’ ဇာတ်ကားကို 24FM Platform တွင် အခမဲ့ ပြသသွားမည်ဖြစ်ပြီး ရရှိလာသည့် ရန်ပုံငွေများဖြင့် ရဲဘော်များ ခြေလက်အင်္ဂါ အစားထိုးတပ်ဆင်နိုင်ရန် ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင် မင်းမော်ကွန်းသည် လာမည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ကျရောက်မည့် ၎င်း၏ ၄၇ နှစ်ပြည့် မွေးနေ့ကို ကြိုဆိုသောအားဖြင့် မွေးနေ့ကမ်ပိန်းအဖြစ် ပြုလုပ်ခြင်းဖြစ်ပြီး ရရှိလာသည့် ရန်ပုံငွေအားလုံးကို ခြေလက်အင်္ဂါ အစားထိုးတပ်ဆင်ရန် စောင့်ဆိုင်းနေရသည့် ရဲဘော်များအတွက် အသုံးပြုသွားမည်ဖြစ်သည်။

“မွေးနေ့ကမ်ပိန်းဆိုတာထက် ဒီလူငယ်လေးတွေအပေါ်မှာ ကျွန်တော်တို့အားလုံး တင်နေတဲ့ အကြွေး တစ်ခု ဖြစ်ပါတယ်ခင်ဗျာ။ ဒါကြောင့်မို့ တတ်နိုင်သမျှ ကူညီပေးဖို့နဲ့ ဒီသတင်းစကားကို ဖြန့်ဝေပေးဖို့ အကူအညီတောင်းပါတယ်” ဟု သရုပ်ဆောင် မင်းမော်ကွန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် အသိပေးထားသည်။

အဆိုပါ ရန်ပုံငွေရှာဖွေမှု ကမ်ပိန်းကို ဖေဖော်ဝါရီ ၂ ရက်မှ ၂၄ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ကျပ်သိန်း ၅,၀၀၀ ပြည့်မီရန် ရည်မှန်းထားသော်လည်း Open Donation အဖြစ် မိမိတို့ စိတ်တိုင်းကျ ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

မင်းမော်ကွန်း၏ ‘The Rubbish’ ဇာတ်ကားကို ကြည့်ရှုလိုသူများအနေဖြင့် 24FM Website သို့ ဝင်ရောက်၍ မိမိတို့၏ Email ဖြင့် Account များ ကြိုတင်ဖွင့်လှစ်ထားရမည် ဖြစ်သည်။

မင်းမော်ကွန်း

TheRubbish

24FM

တော်လှန်ရေးရန်ပုံငွေ

ခြေလက်အင်္ဂါအစားထိုး

PSM_News

By Htet Ko