Month: February 2026

စစ်ခေါင်းဆောင်အား ဘွဲ့ပေးခြင်းသည် ကျောင်းသူကျောင်းသားတို့၏ သွေးများ စွန်းပေနေသောလက်ကို ဂုဏ်ပြုခြင်းဖြစ်ဟု ရန်ကုန်တက္ကသိုလ် အင်အားစုများ ရှုတ်ချ

PSM(News) ဖေဖော်ဝါရီ ၆၊ ၂၀၂၆ စစ်ကော်မရှင်ဥက္ကဋ္ဌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးအပ်ခဲ့ခြင်းသည် စစ်အုပ်စုကို မျက်နှာချိုသွေးကာ “ဘွဲ့ကတ်ပြား ရောင်းစားခြင်း” သာဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် အခြေစိုက် အင်အားစုများက ပြင်းထန်စွာ ရှုတ်ချလိုက်သည်။ ရန်ကုန်တက္ကသိုလ် ကြားကာလတက္ကသိုလ်ကောင်စီ၊ ဆရာ၊ ဆရာမများအသင်းနှင့် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ဖေဖော်ဝါရီ…

တိုင်းပြည်ပျက်နေချိန်တွင် ရန်ကုန်တက္ကသိုလ်က စစ်ခေါင်းဆောင်ကို စီမံခန့်ခွဲမှုပါရဂူဘွဲ့ အပ်နှင်းခြင်းသည် တက္ကသိုလ်၏ သမိုင်းနှင့်ဂုဏ်သိက္ခာကိုချနင်းခြင်းဖြစ်

မောင်မောင်ကဲ/PSM (News) ဖေဖော်ဝါရီ ၆၊ ၂၀၂၆ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းအာဏာသိမ်းထားသည့် ကာလတွင် နိုင်ငံရေးနှင့် စီးပွားရေး စိန်ခေါ်မှုများကို စနစ်တကျ စီမံခန့်ခွဲနိုင်ခဲ့သည်ဟု ဆိုကာ ရန်ကုန် တက္ကသိုလ်မှပေးသော “ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့” ကို ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ရယူခဲ့သည်။ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်သည့်…

ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး အမေရိကန်နှင့် ရုရှားတို့ အဆင့်မြင့်စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုများ ပြန်လည်စတင်ရန် သဘောတူ

PSM(NEWS) ဖေဖော်ဝါရီ ၆၊ ၂၀၂၆ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းနေသည့် သမ္မတ ဒေါ်နယ်ထရမ့် တက်လာပြီးနောက်ပိုင်း အမေရိကန်နှင့် ရုရှားနိုင်ငံတို့အကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာသည့် လက္ခဏာတစ်ရပ်အနေဖြင့် နှစ်နိုင်ငံအကြား လေးနှစ်ကျော်ကြာ ရပ်တန့်နေသည့် အဆင့်မြင့်စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုများကို ပြန်လည်စတင်ရန် ကြာသပတေးနေ့တွင် သဘောတူညီခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်သည် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ၏ မြို့တော်တွင် ပြုလုပ်သည့်…

တရုတ်စစ်ဘက်အဆင့်မြင့်အရာရှိကြီးအားစုံစမ်းစစ်ဆေးပြီးနောက် ကာကွယ်ရေးကဏ္ဍမှ အမတ် ၃ ဦးကို ရာထူးမှဖယ်ရှား

PSM(NEWS)ဖေဖော်ဝါရီ ၆၊ ၂၀၂၆ တရုတ်နိုင်ငံ၏ ဒုတိယအာဏာအရှိဆုံး စစ်ဘက်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ကျန်းယူရှ ကို အကျင့်ပျက်ခြစားမှုဖြင့် စုံစမ်းစစ်ဆေးနေစဉ်အတွင်း ကာကွယ်ရေးနှင့် နျူကလီးယားကဏ္ဍမှ ထိပ်သီးဥပဒေပြုအမတ် ၃ ဦးကို ရာထူးမှ ထပ်မံဖယ်ရှားလိုက်ကြောင်း သိရသည်။ ရာထူးမှဖယ်ရှားခံရသူများတွင် စစ်ဘက်သုံးလေယာဉ်ထုတ်လုပ်ရေး (AVIC) အကြီးအကဲဟောင်း ကျိုးရှင်းမင်၊ နျူကလီးယားသုတေသနပညာရှင် လျူချန်းလီနှင့် နျူကလီးယားစွမ်းအင်လုပ်ငန်း (CNNC) အင်ဂျင်နီယာချုပ် လော့ချီတို့…

တန့်ဆည်ရှိ ဘုန်းကြီးကျောင်းကို တံတားဦးမှတက်လာသည့် တိုက်ခိုက်ရေးလေယာဉ်များဖြင့် ဗုံးကြဲ၊ ကိုရင်ငယ်တစ်ပါးအပါအဝင် ၆ ဦး သေဆုံး

PSM(News) ဇန်နဝါရီ ၅၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မြောက်ပိုင်းရှိ သစ္စေးကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က ယနေ့ ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင်တစ်ပါးအပါအဝင် အရပ်သား ခြောက် ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စစ်ကော်မရှင်၏ မန္တလေး၊ တံတားဦးလေတပ်စခန်းမှ တက်လာသည့် A-5 အမျိုးအစား…

သောင်ရင်းသုခုမ တော်လှန်ရေးအနုပညာအဖွဲ့က တူရိယာများဝယ်ယူနိုင်ရန်အတွက် “War Than Negative Peace” T-Shirt များ ရောင်းချ

PSM(News)ဖေဖော်ဝါရီ ၅၊ ၂၀၂၆ တော်လှန်ရေးအနုပညာအဖွဲ့ဖြစ်သည့် သောင်ရင်းသုခုမအဖွဲ့မှ အနုပညာဆက်လက်ဖန်တီးနိုင်ရန် အတွက် “War Than Negative Peace”အမည်ဖြင့် “T-Shirt” အင်္ကျီများ ရောင်းချနေကြောင်း သိရသည်။ သောင်ရင်းသုခုမအဖွဲ့သည် တည်ထောင်ခဲ့သည်မှာ ၂ နှစ်ကျော်ရှိပြီဖြစ်ပြီး ဂီတဖြင့် တော်လှန်ရေးတွင် ပါဝင်နေကြသည့် အနုပညာရှင်များအတွက် လိုအပ်သည့် တူရိယာပစ္စည်းများ ဝယ်ယူနိုင်ရန် ယခုကဲ့သို့ ရန်ပုံငွေရှာဖွေခြင်း ဖြစ်သည်။ “ဒါဟာ…

မြန်မာအပါအဝင် စစ်အာဏာရှင်နိုင်ငံ ၅ နိုင်ငံက Eurasian Consultative Process စတင်ရန် သဘောတူ

PSM (News)ဖေဖော်ဝါရီ ၅၊ ၂၀၂၆ ဘီလာရုစ် ပြည်ပရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဘီလာရုစ်၊ အီရန်၊ မြောက်ကိုရီးယား၊ မြန်မာနိုင်ငံနှင့် ရုရှား တို့ပါဝင်သည့် နိုင်ငံ ၅ နိုင်ငံသည် ကွဲပြားမှုနှင့် အင်အားစနစ်များအပေါ် အခြေခံသော ဥရောပ–အာရှ ပဋိညာဉ်စာတမ်း (Eurasian Charter of Diversity and Multipolarity) ကို ထပ်မံအတည်ပြုခဲ့ကြောင်း သိရသည်။…