PSM(News)ဖေဖော်ဝါရီ ၅၊ ၂၀၂၆ ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ကျရောက်သည့် (၆၅) နှစ်မြောက် ကချင်တော်လှန်ရေးနေ့သို့ ညီနောင် မဟာမိတ် သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပြီး ကချင်ပြည်သူတို့၏ မျှော်လင့်ချက်များ အမြန်ဆုံးပြည့်ဝပါစေကြောင်း ဆုတောင်းစကား ဆိုခဲ့ကြသည်။ အဆိုပါ သဝဏ်လွှာတွင် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် အမျိုးသားရေးဆိုင်ရာ နစ်နာ ချက်များအတွက် လက်နက်ကိုင်တော်လှန်ရေးနည်းလမ်းဖြင့် တိုက်ပွဲဝင်လာခဲ့ကြသည်မှာ နှစ်ပေါင်း များစွာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် တော်လှန်ရေးကာလ ၆၅ နှစ်အတွင်း အသက်၊ သွေး၊ ချွေး ပေးဆပ်စွန့်လွှတ်ခဲ့ကြသည့် ကချင့် အာဇာနည်များနှင့် သူရဲကောင်းများကိုလည်း အလေးအနက် ဦးညွှတ်ဂုဏ်ပြုထားသည်။ “မိမိတို့ ဘဝတူ တော်လှန်ရေးအဖွဲ့အစည်းများထဲမှ ကချင်တော်လှန်ရေးသည် အမြန်ဆုံး အောင်မြင်နိုင်ပါ စေကြောင်းနှင့် KIO/KIA က မျှော်မှန်းထားသည့် ရည်မှန်းချက်များ၊ ကချင်ပြည်သူတစ်ရပ်လုံး တောင့်တနေသည့် မျှော်လင့်ချက်များ အမြန်ဆုံးပြည့်ဝပါစေကြောင်း” ညီနောင်မဟာမိတ် သုံးဖွဲ့က ဆုတောင်းထားသည်။ လက်ရှိတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ကချင်ပြည်နယ်လွတ်မြောက်ရေး အတွက်သာမက မြန်မာပြည်အထက်ပိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် နွေဦးတော်လှန်ရေး အင်အားစု များနှင့်အတူ စစ်ကော်မရှင်တပ်များကို ထိရောက်စွာ တိုက်ခိုက်နေသည့် အဖွဲ့အစည်းဖြစ်သည်။ ထို့အတူ ညီနောင်မဟာမိတ် သုံးဖွဲ့သည်လည်း KIA နှင့်အတူ စစ်ရေး၊ နိုင်ငံရေးအရ မဟာမိတ်အဖြစ် ခိုင်မာစွာ ရပ်တည်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည်။ ဓာတ်ပုံ-လူမှုကွန်ရက် ကချင်တော်လှန်ရေးနေ့ KIA ညီနောင်မဟာမိတ် PSM_News Post navigation မြန်မာပြည်အလယ်ပိုင်းတွင် တစ်ရက်တည်း ငလျင် ၃ ကြိမ်ဆက်တိုက်လှုပ်ခတ်၊ ပြည်သူများ သတိပြုနေထိုင်ကြရန် NUG တိုက်တွန်း ကာချုပ်ရာထူး စွန့်လွှတ်ရမည်ကို ကြောက်နေ၍ သမ္မတအထက်၌ အာဏာချုပ်ကိုင်မည့် ‘ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ’ ဥပဒေကို စစ်ခေါင်းဆောင် ပြဋ္ဌာန်း