PSM(News)
ဖေဖော်ဝါရီ ၅၊ ၂၀၂၆

တော်လှန်ရေးအနုပညာအဖွဲ့ဖြစ်သည့် သောင်ရင်းသုခုမအဖွဲ့မှ အနုပညာဆက်လက်ဖန်တီးနိုင်ရန် အတွက် “War Than Negative Peace”အမည်ဖြင့် “T-Shirt” အင်္ကျီများ ရောင်းချနေကြောင်း သိရသည်။

သောင်ရင်းသုခုမအဖွဲ့သည် တည်ထောင်ခဲ့သည်မှာ ၂ နှစ်ကျော်ရှိပြီဖြစ်ပြီး ဂီတဖြင့် တော်လှန်ရေးတွင် ပါဝင်နေကြသည့် အနုပညာရှင်များအတွက် လိုအပ်သည့် တူရိယာပစ္စည်းများ ဝယ်ယူနိုင်ရန် ယခုကဲ့သို့ ရန်ပုံငွေရှာဖွေခြင်း ဖြစ်သည်။

“ဒါဟာ အင်္ကျီတစ်ထည်ဆိုတာထက် သောင်ရင်းသုခုမရဲ့ နှလုံးသားလို့ ပြောလို့ရပါတယ်။ တော်လှန် ရေး တိုက်ပွဲဝင်နေတဲ့ မြေပြင်က ရဲဘော်တွေအတွက် စိတ်ဓာတ်ခွန်အားပေးဖို့ ဂီတနဲ့ အနုပညာ လိုအပ်ပါတယ်။

ထို့အတူ ကျွန်တော်တို့ ဂီတနဲ့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေအတွက်လည်း တူရိယာ လက်နက်တွေ လိုအပ်ပါတယ်။ ကျွန်တော်တို့ကို ချစ်ခင်အားပေးတဲ့အနေနဲ့ ဒီ T-Shirt လေးတွေ ဝယ်ယူရင်း အနုပညာလက်နက်တွေ ဖြည့်တင်းပေးကြဖို့ တောင်းဆိုချင်ပါတယ်” ဟု သောင်ရင်းသုခုမ အဖွဲ့က ဆိုသည်။

အဆိုပါ “War Than Negative Peace” အင်္ကျီတစ်ထည်လျှင် ထိုင်းဘတ်ငွေ ၃၉၉ ဘတ်ဖြင့် ရောင်းချ ပေးနေခြင်းဖြစ်ပြီး၊ သောင်ရင်းသုခုမအဖွဲ့၏ Facebook Page Messenger မှတစ်ဆင့် ဆက်သွယ် ဝယ်ယူနိုင်ကြောင်း သိရသည်။

သောင်ရင်းသုခုမ

တော်လှန်ရေးဂီတ

အနုပညာလက်နက်

WarThanNegativePeace

TShirtCampaign

PSM_News

By Htet Ko