PSM(News) ဇန်နဝါရီ ၅၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မြောက်ပိုင်းရှိ သစ္စေးကုန်းကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်က ယနေ့ ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင်တစ်ပါးအပါအဝင် အရပ်သား ခြောက် ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ စစ်ကော်မရှင်၏ မန္တလေး၊ တံတားဦးလေတပ်စခန်းမှ တက်လာသည့် A-5 အမျိုးအစား တိုက်ခိုက်ရေးလေယာဉ် နှစ်စင်းဖြင့် ဗုံးကြဲချခဲ့ခြင်းဖြစ်ပြီး ကျေးရွာအတွင်း၌ မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးလည်း ကျန်ရှိနေကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယခုတိုက်ခိုက်မှုသည် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ဘေးရှောင်များ ခိုလှုံနေသည့် ဘုန်းကြီးကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗုံးဒဏ်ကြောင့် အချို့မှာ အလောင်းပင် ရှာမရတော့သည့်အထိ ရုပ်ပျက်ဆင်းပျက် သေဆုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ ဓာတ်ပုံ-CJ #တန့်ဆည် #တံတားဦးလေတပ် #A5တိုက်ခိုက်ရေးလေယာဉ် #လေကြောင်းတိုက်ခိုက်မှု #စစ်ကိုင်း #PSM_News Post navigation သောင်ရင်းသုခုမ တော်လှန်ရေးအနုပညာအဖွဲ့က တူရိယာများဝယ်ယူနိုင်ရန်အတွက် “War Than Negative Peace” T-Shirt များ ရောင်းချ တိုင်းပြည်ပျက်နေချိန်တွင် ရန်ကုန်တက္ကသိုလ်က စစ်ခေါင်းဆောင်ကို စီမံခန့်ခွဲမှုပါရဂူဘွဲ့ အပ်နှင်းခြင်းသည် တက္ကသိုလ်၏ သမိုင်းနှင့်ဂုဏ်သိက္ခာကိုချနင်းခြင်းဖြစ်