PSM(NEWS)ဖေဖော်ဝါရီ ၆၊ ၂၀၂၆ တရုတ်နိုင်ငံ၏ ဒုတိယအာဏာအရှိဆုံး စစ်ဘက်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ကျန်းယူရှ ကို အကျင့်ပျက်ခြစားမှုဖြင့် စုံစမ်းစစ်ဆေးနေစဉ်အတွင်း ကာကွယ်ရေးနှင့် နျူကလီးယားကဏ္ဍမှ ထိပ်သီးဥပဒေပြုအမတ် ၃ ဦးကို ရာထူးမှ ထပ်မံဖယ်ရှားလိုက်ကြောင်း သိရသည်။ ရာထူးမှဖယ်ရှားခံရသူများတွင် စစ်ဘက်သုံးလေယာဉ်ထုတ်လုပ်ရေး (AVIC) အကြီးအကဲဟောင်း ကျိုးရှင်းမင်၊ နျူကလီးယားသုတေသနပညာရှင် လျူချန်းလီနှင့် နျူကလီးယားစွမ်းအင်လုပ်ငန်း (CNNC) အင်ဂျင်နီယာချုပ် လော့ချီတို့ ပါဝင်သည်။ အဆိုပါလုပ်ရပ်သည် စစ်တပ်အတွင်းရှိ အကျင့်ပျက်ခြစားမှုများကို သုတ်သင်ရှင်းလင်းပြီး စစ်တပ်ခေတ်မီရေးကို အကောင်အထည်ဖော်ရန် သမ္မတရှီကျင့်ဖျင်၏ ကြိုးပမ်းချက်ဖြစ်သော်လည်း၊ အမေရိကန်နှင့် တည်ဆောက်ထားသော စစ်ဘက်ဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်းများကို အခက်အခဲဖြစ်စေနိုင်သည်ဟု သုံးသပ်ရသည်။ ယခုဖယ်ရှားမှုများသည် လာမည့်မတ်လတွင် ကျင်းပမည့် တရုတ်နိုင်ငံတော်အဆင့် အစည်းအဝေးများမတိုင်မီ ပေါ်ပေါက်လာခြင်းဖြစ်ပြီး စစ်ဘက်ဝယ်ယူရေးနှင့် စက်မှုကဏ္ဍများတွင် စုံစမ်းစစ်ဆေးမှုများ ပိုမိုပြင်းထန်လာနေကြောင်း ပြသနေသည်။ ကိုးကားReuters #အကျင့်ပျက်ခြစားမှု#တရုတ်#နျူကလီးယားသုတေသနပညာရှင်#ဥပဒေပြုအမတ်#ရာထူးမှဖယ်ရှား#𝐏𝐒𝐌_𝐍𝐞𝐰𝐬 See less Post navigation အမေရိကန်နှင့်ချုပ်ဆိုထားသောနျူကလီးယားစာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်‘တာဝန်ယူမှုရှိရှိ’ဆက်လက်ဆောင်ရွက်သွားမည်ဟုရုရှားကတိပြု ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး အမေရိကန်နှင့် ရုရှားတို့ အဆင့်မြင့်စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုများ ပြန်လည်စတင်ရန် သဘောတူ