Month: February 2026

အစ္စရေးသမ္မတ၏ သြစတြေးလျခရီးစဉ် ဆန္ဒပြမှုများကြားတွင် ပြီးဆုံး

PSM (NEWS) ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ အစ္စရေးသမ္မတ အိုင်ဇက် ဟာဇော့ဂ်၏ လေးရက်တာခရီးစဉ်နောက်ဆုံးနေ့ဖြစ်သော ကြာသပတေးနေ့တွင် မဲလ်ဘုန်းမြို့၌ လူပေါင်း ၁၀,၀၀၀ ခန့် စုဝေးကာ အပြင်းအထန် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူများသည် ဂါဇာစစ်ပွဲအတွင်း လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲကာ သမ္မတကို ဖမ်းဆီးရန် တောင်းဆိုခဲ့ကြပြီး မြို့လယ်လမ်းမများကို ပိတ်ဆို့ခဲ့ကြသည်။ ရဲတပ်ဖွဲ့သည်အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အထူးအာဏာသုံးကာ…

မင်နီဆိုတာပြည်နယ်ရှိ လူဝင်မှုကြီးကြပ်ရေး အထူးနှိမ်နင်းရေးစီမံချက်ကို အဆုံးသတ်ရန် ဖက်ဒရယ်အာဏာပိုင်များ ဆုံးဖြတ်

PSM (NEWS)ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုတာ ပြည်နယ်အတွင်း လူအများအပြား ဖမ်းဆီးထိန်းသိမ်းခံရမှုများ၊ ကန့်ကွက်ဆန္ဒပြမှုများနှင့် လူသေဆုံးမှုဖြစ်စဉ်များ ဖြစ်ပွားစေခဲ့သည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အထူးနှိမ်နင်းရေးစီမံချက်ကို အဆုံးသတ်တော့မည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ နယ်စပ်ရေးရာအရာရှိချုပ် တွမ် ဟိုးမန်း က ကြာသပတေးနေ့တွင် တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလက စတင်ခဲ့သော “Operation Metro Surge” အမည်ရ…

ဂါဇာပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာဘီလီယံချီ အသုံးပြုမည့် စီမံကိန်းနှင့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ အစည်းအဝေးကို သမ္မတ ဒေါ်နယ် ထရန့် ကြေညာမည်

PSM (NEWS)ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ ဂါဇာဒေသ ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ အသုံးပြုမည့် စီမံကိန်းနှင့် ကုလသမဂ္ဂ (UN) က အသိအမှတ်ပြုထားသည့် တည်ငြိမ်ရေးတပ်ဖွဲ့များ စေလွှတ်မည့် အသေးစိတ်အစီအစဉ်ကို သမ္မတ ဒေါ်နယ် ထရန့် က လာမည့်အပတ်တွင် ကျင်းပမည့် ၎င်း၏ ပထမဆုံး ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace) အစည်းအဝေးတွင် ထုတ်ဖော်ကြေညာမည်ဖြစ်ကြောင်း…

ကျောင်းဆရာ၊ ဆရာမများ၏ ပုံရိပ်များကို ဉာဏ်ရည်တုသုံး ပုံဖျက်ခြင်း များ ပျံ့နှံ့မှုကြောင့် ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှု စတင်

PSM(NEWS)ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆ ဗြိတိန်နိုင်ငံ၊နော်ဖော့ခ် ရှိ ကျောင်းတစ်ခုမှ ဝန်ထမ်းများ၏ ဓာတ်ပုံများကို အသုံးပြု၍ ညစ်ညမ်းဝက်ဘ်ဆိုက်တစ်ခုတွင်အတုပြုလုပ်တင်ထားသည့် Deepfake ပုံရိပ်များနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်သည်။ အော်လ်ဒါမန် ပီးလ် အထက်တန်းကျောင်း မှ ဝန်ထမ်းများ၏လူမှုကွန်ရက်ပေါ်ရှိရုပ်ပုံအစစ်အမှန်များကိုယူဆောင်ကာဉာဏ်ရည်တု နည်းပညာဖြင့် ပုံဖျက်ထားသော“အကောင့်တု”များစွာကိုတွေ့ရှိခဲ့ရခြင်းဖြစ်သည်။ အဆိုပါ လိင်ပိုင်းဆိုင်ရာပုံဖျက်ထားသည့်ပုံရိပ်များသည်အွန်လိုင်းတွင်ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့ပြီးကျောင်းသားများပင် မြင်တွေ့ခဲ့ရသည်ဟု သိရသည်။ အထက်ပါဖြစ်ရပ်နှင့် ပတ်သက်၍အဆိုပါကျောင်းအပါအဝင်ကျောင်းပေါင်းများစွာကို စုပေါင်းစီမံခန့်ခွဲနေသည့်…

မြောက်ဥက္ကလာပ ရွှေပေါက်ကံရဲစခန်းကို YA နှင့် ရန်ကုန်တိုင်း(ပကဖ) ပူးပေါင်းအဖွဲ့ မိုင်းဖြင့် တိုက်ခိုက်

PSM(News)ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်ကော်မရှင်လက်အောက်ခံ ရွှေပေါက်ကံနယ်မြေရဲစခန်းကို ရန်ကုန်မြို့ရှိတော်လှန်ရေးတပ်ဖွဲ့များက မိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ရွှေပေါက်ကံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ယမန်နေ့ ဖေဖော်ဝါရီ ၁၁ ရက် ည ၁၁ နာရီ ၄၃ မိနစ်ဝန်းကျင်က စခန်းအပြင်သို့ ထွက်လာစဉ် ရဲစခန်းအရှေ့တည့်တည့်၌ ရှေ့ထွက်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Yangon Army (YA)…

ဥရောပသမဂ္ဂကို စီးပွားရေးအင်အားကြီးနိုင်ငံအဖြစ် မြှင့်တင်ရန် စျေးကွက်ပြုပြင်ပြောင်းလဲမှုနှင့် လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ရန် ဥရောပကော်မရှင်ဥက္ကဋ္ဌ တိုက်တွန်း

PSM(NEWS)ဖေဖော်ဝါရီ၁၂၊ ၂၀၂၆ ဥရောပသမဂ္ဂ (EU) အနေဖြင့် ကမ္ဘာ့စီးပွားရေးစင်မြင့်ထက်တွင် အမှန်တကယ်အင်အားကြီးသည့် အစုအဖွဲ့အဖြစ် ရပ်တည်လိုပါက စျေးကွက်အတွင်းရှိ အတားအဆီးများကို ဖြိုဖျက်ရန်လိုအပ်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်က ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်းပြောကြားလိုက်သည်။ ဥရောပကုမ္ပဏီများ၏ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် အရင်းအနှီးစျေးကွက်နှင့်စည်းမျဉ်းစည်းကမ်းများကို ပိုမိုရိုးရှင်းအောင် ပြုလုပ်ရမည်ဟု သူမက ဆိုသည်။ လက်ရှိဥရောပ၏ ဘဏ္ဍာရေးစနစ်သည် အလွန်အမင်းကွဲပြားနေပြီး အဖွဲ့ဝင် ၂၇ နိုင်ငံတွင်…

ကနေဒါနိုင်ငံ၊ ဗြိတိသျှ ကိုလံဘီယာရှိ စာသင်ကျောင်းနှင့် နေအိမ်တစ်လုံးတွင် ပစ်ခတ်မှုဖြစ်ပွား၊ သေနတ်သမားအပါအဝင် ၁၀ ဦး သေဆုံး

PSM(NEWS)ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆ ကနေဒါနိုင်ငံ၊ ဗြိတိသျှ ကိုလံဘီယာ ပြည်နယ်ရှိ စာသင်ကျောင်းတစ်ခုအတွင်းသေနတ်ဖြင့်ပစ်ခတ်မှုကြောင့်လူ၇ဦးသေဆုံးခဲ့ပြီး၊အနီးနားရှိနေအိမ်တစ်လုံးတွင်လည်း နောက်ထပ် လူ ၂ဦး၏ရုပ်အလောင်းများကို ထပ်မံတွေ့ရှိခဲ့ကြောင်း ကနေဒါအာဏာပိုင်များက အင်္ဂါနေ့တွင်အတည်ပြုပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့ကသေနတ်သမားဟုယူဆရသည့်အမျိုးသမီးတစ်ဦးသည်လည်းအခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ပြီဖြစ်ရာ ယခုဖြစ်စဉ်အတွင်း စုစုပေါင်း သေဆုံးသူ ၁၀ ဦးအထိ ရှိလာခဲ့သည်။ တော်ဝင်ကနေဒါမြင်းစီးရဲတပ်ဖွဲ့ (RCMP) ၏ ထုတ်ပြန်ချက်အရ ပစ်ခတ်မှုသည် ဒေသစံတော်ချိန် အင်္ဂါနေ့ နံနက်ပိုင်းတွင်…