PSM(NEWS)ဖေဖော်ဝါရီ၁၂၊ ၂၀၂၆ ဥရောပသမဂ္ဂ (EU) အနေဖြင့် ကမ္ဘာ့စီးပွားရေးစင်မြင့်ထက်တွင် အမှန်တကယ်အင်အားကြီးသည့် အစုအဖွဲ့အဖြစ် ရပ်တည်လိုပါက စျေးကွက်အတွင်းရှိ အတားအဆီးများကို ဖြိုဖျက်ရန်လိုအပ်ကြောင်း ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်က ဗုဒ္ဓဟူးနေ့တွင် တိုက်တွန်းပြောကြားလိုက်သည်။ ဥရောပကုမ္ပဏီများ၏ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် အရင်းအနှီးစျေးကွက်နှင့်စည်းမျဉ်းစည်းကမ်းများကို ပိုမိုရိုးရှင်းအောင် ပြုလုပ်ရမည်ဟု သူမက ဆိုသည်။ လက်ရှိဥရောပ၏ ဘဏ္ဍာရေးစနစ်သည် အလွန်အမင်းကွဲပြားနေပြီး အဖွဲ့ဝင် ၂၇ နိုင်ငံတွင် မတူညီသော စနစ်များရှိနေခြင်းကြောင့် ကုမ္ပဏီများအတွက် အရင်းအနှီးရှာဖွေရန် ခက်ခဲနေကြောင်း အာဆူလာ ဗွန်ဒါလီယန်က ထောက်ပြခဲ့သည်။ ထို့ကြောင့် အမေရိကန်ကဲ့သို့ တစ်ခုတည်းသော ဘဏ္ဍာရေးဗဟိုချက်နှင့် ခိုင်မာသော အရင်းအနှီးစျေးကွက်တစ်ခု ပေါ်ပေါက်လာစေရန် ယခုနှစ်အတွင်း အကောင်အထည်ဖော်ကြရန် သူမက တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မဟာဗျူဟာမြောက် ကဏ္ဍများတွင် နိုင်ငံခြားပြိုင်ဘက်များထက် ဥရောပကုမ္ပဏီများကို ဦးစားပေးသည့်စနစ် ကို ကျင့်သုံးရန်နှင့် အိန္ဒိယ၊ ထိုင်း၊ ဖိလစ်ပိုင် အစရှိသည့် နိုင်ငံများနှင့်လည်း ကုန်သွယ်ရေး သဘောတူညီချက်များ တိုးမြှင့်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။ ဤပြုပြင်ပြောင်းလဲမှုများကို အဖွဲ့ဝင်နိုင်ငံအားလုံး သဘောမတူနိုင်ပါက ပူးပေါင်းဆောင်ရွက်လိုသော နိုင်ငံများဖြင့်သာ ဦးစွာစတင်သွားမည်ဟုလည်း သူမက အသိပေးခဲ့သည်။ ကိုးကား DW PSM_News ဥရောပသမဂ္ဂ ဥရောပကော်မရှင်ဥက္ကဋ္ဌ တိုက်တွန်း လုပ်ထုံးလုပ်နည်း_ဖြေလျှော့ စျေးကွက်ပြုပြင်ပြောင်းလဲမှု Post navigation ကနေဒါနိုင်ငံ၊ ဗြိတိသျှ ကိုလံဘီယာရှိ စာသင်ကျောင်းနှင့် နေအိမ်တစ်လုံးတွင် ပစ်ခတ်မှုဖြစ်ပွား၊ သေနတ်သမားအပါအဝင် ၁၀ ဦး သေဆုံး ကျောင်းဆရာ၊ ဆရာမများ၏ ပုံရိပ်များကို ဉာဏ်ရည်တုသုံး ပုံဖျက်ခြင်း များ ပျံ့နှံ့မှုကြောင့် ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှု စတင်