Month: February 2026

မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအပေါ် တိုက်ခိုက်မှုပေါင်း ၁,၈၀၀ ကျော်ရှိလာပြီး ၇၀ ရာခိုင်နှုန်းမှာ စစ်ကောင်စီ၏ လက်ချက်ဖြစ်ဟု ဆို

PSM (NEWS)ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းချိန်မှစ၍ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အပေါ် အကြမ်းဖက်တိုက်ခိုက်မှုနှင့် အဟန့်အတားပြုမှု အနည်းဆုံး ၁,၈၅၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း Insecurity Insight ၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ အဆိုပါ အစီရင်ခံစာကို ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ…

အမေရိကန်အောက်လွှတ်တော်ကမြန်မာစစ်ကော်မရှင်အပေါ်ဖိအားမြှင့်တင်မည့် BRAVE Burma Act ကို အတည်ပြု

PSM(NEWS)ဖေဖော်ဝါရီ၁၂၊၂၀၂၆ အမေရိကန်အောက်လွှတ်တော် သည် မြန်မာစစ်ကော်မရှင်အပေါ်စီးပွားရေးနှင့်သံတမန်ရေးအရ ဖိအားများ တိုးမြှင့်ရန် ရည်ရွယ်သည့်နှစ်ပါတီသဘောတူ ဥပဒေမူကြမ်းကို ဖေဖော်ဝါရီလ ၉ ရက် တနင်္လာနေ့တွင်အတည်ပြုလိုက်သည်။ BRAVE Burma Act (Bringing Real Accountability Via Enforcement in Burma Act – H.R. 3190) ဟု အမည်ပေးထားသည့် ဥပဒေမှာ ၂၀၂၂…

အိန္ဒိယ Air India လေယာဉ်ပျက်ကျမှု — အပိုဆောင်းလျော်ကြေးပေးသော်လည်း နောင်တွင် တရားမစွဲရန် ကန့်သတ်ချက်ထုတ်

PSM (NEWS) ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆ ပြီးခဲ့သည့်နှစ်အတွင်း အမ္မဒါဘတ်မြို့ တွင် ဖြစ်ပွားခဲ့သော Air India လေယာဉ်ပျက်ကျမှု သည် လူထုအကြား ဗြိတိန်နှင့် အိန္ဒိယနိုင်ငံများစွာတွင် စိုးရိမ်မှု ဖြစ်စေခဲ့သည်။ အဲအိန္ဒိယ လေကြောင်းလိုင်း Air India က သေဆုံးသူများ၏ မိသားစုများအား အပိုဆောင်းလျော်ကြေး 8,000 ပေါင် (ရူပီး 1…

၂၀၂၆ ခုနှစ်သည် မြန်မာ့တော်လှန်ရေး အောင်ပွဲခံမည့်နှစ် ဖြစ်လာနိုင်ဟု ဒေါက်တာဆာဆာ ပြောကြား

PSM(NEWS) ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆ စပိန်သတင်းဌာန ABC နှင့် ပြုလုပ်ခဲ့သော အင်တာဗျူးတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သော ဒေါက်တာဆာဆာက မြန်မာ့နွေဦးတော်လှန်ရေးသည် အဆုံးအဖြတ်ပေးမည့် အရေးကြီးသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် ၂၀၂၆ ခုနှစ်သည် စစ်အာဏာရှင်စနစ် နိဂုံးချုပ်၍ ပြည်သူများ အောင်ပွဲခံမည့်နှစ် ဖြစ်လာလိမ့်မည်ဟု ယုံကြည်ချက်အပြည့်ဖြင့် ပြောကြားခဲ့ပါသည်။ လက်ရှိတွင်…

NATO၏အာတိတ်စောင့်ကြည့်ရေးမစ်ရှင်တွင် ဗြိတိန်ကအဓိကအခန်းကဏ္ဍမှ ပါဝင်မည်ဟု ကာကွယ်ရေးဝန်ကြီး ပြောကြား

PSM(NEWS) ဖေဖော်ဝါရီ ၁၁၊၂၀၂၆ မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (NATO) ၏ အာတိတ်စောင့်ကြည့်ရေး မစ်ရှင်တွင်ဗြိတိန်လက်နက်ကိုင်တပ်ဖွဲ့များကအရေးပါသောအခန်းကဏ္ဍမှပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဗြိတိန်ကာကွယ်ရေးဝန်ကြီးဂျွန်ဟီးလေး က ဗုဒ္ဓဟူးနေ့ နော်ဝေးနိုင်ငံခရီးစဉ်အတွင်းပြောကြားမည်ဖြစ်သည်။ထို့ပြင်နော်ဝေးနိုင်ငံရှိဗြိတိန်တပ်ဖွဲ့ဝင်အရေအတွက်ကိုလာမည့်သုံးနှစ်အတွင်း ၂,၀၀၀ အထိ နှစ်ဆတိုးမြှင့်သွားမည်ဟုလည်းကတိပြုမည်ဖြစ်သည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကNATOအဖွဲ့ဝင် ဒိန်းမတ်နိုင်ငံ၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်သော ဂရင်းလန်းကျွန်းကို ဝယ်ယူလိုကြောင်းထပ်ခါတလဲလဲပြောဆိုခဲ့ပြီးနောက်၊ဂရင်းလန်းအပါအဝင် အာတိတ်ဒေသ၏လုံခြုံရေးကိုမြှင့်တင်ရန်ရည်ရွယ်၍ ယခုမစ်ရှင်ကို ဖော်ဆောင်ခြင်းဖြစ်သည်။ “ကာကွယ်ရေးကဏ္ဍမှာ လိုအပ်ချက်တွေ မြင့်တက်လာနေပါတယ်။ ရုရှားဟာအာတိတ်ဒေသနဲ့ မြောက်ဘက်စွန်းဒေသ လုံခြုံရေးအတွက်စစ်အေးတိုက်ပွဲနောက်ပိုင်း အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်လာနေပါတယ်” ဟု…

ကျူးဘားနိုင်ငံတွင် လေယာဉ်ဆီ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရစဉ် တရုတ်နိုင်ငံမှ ကူညီရန် အသင့်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

PSM(NEWS) ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆ ကာရစ်ဘီယံကျွန်းနိုင်ငံဖြစ်သော ကျူးဘားနိုင်ငံတွင် လေယာဉ်ဆီ ပြတ်လပ်မှု အကျပ်အတည်းကြောင့် နိုင်ငံတကာ လေကြောင်းလိုင်းများ ခရီးစဉ်ရပ်နားထားရသည့် အခြေအနေတွင် တရုတ်နိုင်ငံအနေဖြင့် မိမိတို့ တတ်နိုင်သမျှ အစွမ်းကုန် ကူညီထောက်ပံ့မှုများ ပေးအပ်သွားရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ ကျူးဘား၏ ရေရှည်မဟာမိတ်ဖြစ်သော ဗင်နီဇွဲလားနိုင်ငံမှ ရေနံတင်ပို့မှုများကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့မှုများ…

အိန္ဒိယ Air India လေယာဉ်ပျက်ကျမှု — အပိုဆောင်းလျော်ကြေးပေးသော်လည်း နောင်တွင် တရားမစွဲရန် ကန့်သတ်ချက်ထုတ်

PSM (NEWS) ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆ ပြီးခဲ့သည့်နှစ်အတွင်း အမ္မဒါဘတ်မြို့ တွင် ဖြစ်ပွားခဲ့သော Air India လေယာဉ်ပျက်ကျမှု သည် လူထုအကြား ဗြိတိန်နှင့် အိန္ဒိယနိုင်ငံများစွာတွင် စိုးရိမ်မှု ဖြစ်စေခဲ့သည်။ အဲအိန္ဒိယ လေကြောင်းလိုင်း Air India က သေဆုံးသူများ၏ မိသားစုများအား အပိုဆောင်းလျော်ကြေး 8,000 ပေါင် (ရူပီး 1…

မိုင် ၂,၃၀၀ လမ်းလျှောက်ကာ ငြိမ်းချမ်းရေးသတင်းစကားယူဆောင်လာခဲ့သည့် ရဟန်းတော် ၁၉ ပါး ဝါရှင်တန်ဒီစီသို့ အောင်မြင်စွာရောက်ရှိ

PSM (NEWS) ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆ တက္ကဆက်ပြည်နယ်မှ စတင်ခဲ့သည့် ၁၅ ပတ်ကြာ “ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်” ကို ဦဆောင်ခဲ့သည့် ထေရဝါဒ ဗုဒ္ဓဘာသာရဟန်းတော် ၁၉ ပါးသည် ဖေဖော်ဝါရီ ၁၀ ရက် (အင်္ဂါနေ့) တွင် ဝါရှင်တန်ဒီစီသို့ အောင်မြင်စွာ ရောက်ရှိခဲ့ကြသည်။ ရဟန်းတော်များသည် ဗာဂျီးနီးယားပြည်နယ်၊ အာလင်တန်မြို့ရှိ မေရီမောင့် တက္ကသိုလ်တွင် တနင်္လာနေ့ညက…

You missed