PSM(NEWS)
ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆

ဗြိတိန်နိုင်ငံ၊နော်ဖော့ခ် ရှိ ကျောင်းတစ်ခုမှ ဝန်ထမ်းများ၏ ဓာတ်ပုံများကို အသုံးပြု၍ ညစ်ညမ်းဝက်ဘ်ဆိုက်တစ်ခုတွင်အတုပြုလုပ်တင်ထားသည့် Deepfake ပုံရိပ်များနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးမှုများ စတင်နေပြီဖြစ်သည်။

အော်လ်ဒါမန် ပီးလ် အထက်တန်းကျောင်း မှ ဝန်ထမ်းများ၏လူမှုကွန်ရက်ပေါ်ရှိရုပ်ပုံအစစ်အမှန်များကိုယူဆောင်ကာဉာဏ်ရည်တု နည်းပညာဖြင့် ပုံဖျက်ထားသော“အကောင့်တု”များစွာကိုတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

အဆိုပါ လိင်ပိုင်းဆိုင်ရာပုံဖျက်ထားသည့်ပုံရိပ်များသည်အွန်လိုင်းတွင်ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့ပြီးကျောင်းသားများပင် မြင်တွေ့ခဲ့ရသည်ဟု သိရသည်။

အထက်ပါဖြစ်ရပ်နှင့် ပတ်သက်၍အဆိုပါကျောင်းအပါအဝင်ကျောင်းပေါင်းများစွာကို စုပေါင်းစီမံခန့်ခွဲနေသည့် Wensum Trustပညာရေးအဖွဲ့အစည်း ၏ အမှုဆောင်အရာရှိချုပ် ဒန်နီရယ် သရိုးဝါ က မိဘများထံစာပေးပို့ခဲ့သည် ပေးပို့သောစာတွင် “အွန်လိုင်းမှတစ်ဆင့် နှောင့်ယှက်စော်ကားမှုများကိုလုံးဝသည်းခံမည်မဟုတ်ကြောင်း” နှင့် အဆိုပါ အကြောင်းအရာများကို ထပ်ဆင့်မျှဝေခြင်းမပြုကြရန် တောင်းဆိုထားသည်။

လက်ရှိတွင် နော်ဖော့ခ် ရဲတပ်ဖွဲ့သည်ဤဖြစ်ရပ်ကို ၂၀၀၃ခုနှစ်ဆက်သွယ်ရေးအက်ဥပဒေအရဖြစ်နိုင်ခြေရှိသော ပြစ်မှုတစ်ခုအဖြစ် သတ်မှတ်ကာစုံစမ်းစစ်ဆေးနေပြီ ဖြစ်သည်။

ကိုးကား The Independent

ဉာဏ်ရည်တုသုံး_ပုံဖျက်ခြင်း

ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှု

ကျောင်းဆရာဆရာမပုံရိပ်

ဆက်သွယ်ရေးအက်ဥပဒေ

PSM_News

u

By Htet Ko