PSM(NEWS)
ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆

ကနေဒါနိုင်ငံ၊ ဗြိတိသျှ ကိုလံဘီယာ ပြည်နယ်ရှိ စာသင်ကျောင်းတစ်ခုအတွင်းသေနတ်ဖြင့်ပစ်ခတ်မှုကြောင့်လူ၇ဦးသေဆုံးခဲ့ပြီး၊အနီးနားရှိနေအိမ်တစ်လုံးတွင်လည်း နောက်ထပ် လူ ၂ဦး၏ရုပ်အလောင်းများကို ထပ်မံတွေ့ရှိခဲ့ကြောင်း ကနေဒါအာဏာပိုင်များက အင်္ဂါနေ့တွင်အတည်ပြုပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ကသေနတ်သမားဟုယူဆရသည့်အမျိုးသမီးတစ်ဦးသည်လည်းအခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ပြီဖြစ်ရာ ယခုဖြစ်စဉ်အတွင်း စုစုပေါင်း သေဆုံးသူ ၁၀ ဦးအထိ ရှိလာခဲ့သည်။

တော်ဝင်ကနေဒါမြင်းစီးရဲတပ်ဖွဲ့ (RCMP) ၏ ထုတ်ပြန်ချက်အရ ပစ်ခတ်မှုသည် ဒေသစံတော်ချိန် အင်္ဂါနေ့ နံနက်ပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များ အခင်းဖြစ်ပွားရာ ကျောင်းသို့ ရောက်ရှိလာချိန်တွင် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူအချို့ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

လက်ရှိအချိန်အထိ တိုက်ခိုက်မှုဖြစ်ပွားရသည့် အကြောင်းရင်းကိုရှင်းလင်းစွာမသိရသေးဘဲစုံစမ်းစစ်ဆေးမှုများကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နေကြောင်း အာဏာပိုင်များက ဆိုသည်။

ယခုဖြစ်စဉ်သည် ကနေဒါနိုင်ငံ၏ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များထဲမှ တစ်ခုအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

ကိုးကား Reuters

PSM_News

ကနေဒါ

အဆိုးရွားဆုံး

အစုလိုက်အပြုံလိုက်

သတ်ဖြတ်မှု

ပစ်ခတ်မှု

စာသင်ကျောင်း

By Htet Ko