PSM (NEWS) ဖေဖော်ဝါရီ ၁၃၊ ၂၀၂၆ အစ္စရေးသမ္မတ အိုင်ဇက် ဟာဇော့ဂ်၏ လေးရက်တာခရီးစဉ်နောက်ဆုံးနေ့ဖြစ်သော ကြာသပတေးနေ့တွင် မဲလ်ဘုန်းမြို့၌ လူပေါင်း ၁၀,၀၀၀ ခန့် စုဝေးကာ အပြင်းအထန် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူများသည် ဂါဇာစစ်ပွဲအတွင်း လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲကာ သမ္မတကို ဖမ်းဆီးရန် တောင်းဆိုခဲ့ကြပြီး မြို့လယ်လမ်းမများကို ပိတ်ဆို့ခဲ့ကြသည်။ ရဲတပ်ဖွဲ့သည်အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အထူးအာဏာသုံးကာ ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ရသည်။ သမ္မတ ဟာဇော့ဂ်ကမူ ၎င်းအပေါ် စွပ်စွဲချက်များကို ငြင်းဆိုလိုက်ပြီး ဆန္ဒပြသူများအနေဖြင့် အီရန်သံရုံးရှေ့တွင်သာ သွားရောက်ဆန္ဒပြသင့်ကြောင်း တုံ့ပြန်ခဲ့သည်။ ယခုခရီးစဉ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလက ဘွန်ဒိုင်းကမ်းခြေ ပစ်ခတ်မှုတွင် သေဆုံးခဲ့ရသည့်ဂျူးဘာသာဝင်များအတွက် အားပေးနှစ်သိမ့်ရန် လာရောက်ခြင်းဖြစ်သည်။ သို့သော်လည်း သြစတြေးလျရှိ ဂျူးလူ့အဖွဲ့အစည်းအတွင်း၌ပင် သမ္မတ၏ ခရီးစဉ်အပေါ် လက်ခံသူနှင့်ကန့်ကွက်သူဟူ၍ သဘောထားကွဲလွဲမှုများ ရှိခဲ့သည်။ ကိုးကား The Independent #အစ္စရေးသမ္မတ #သြစတြေးလျခရီးစဉ် #ဆန္ဒပြမှု #PSM_News Post navigation မင်နီဆိုတာပြည်နယ်ရှိ လူဝင်မှုကြီးကြပ်ရေး အထူးနှိမ်နင်းရေးစီမံချက်ကို အဆုံးသတ်ရန် ဖက်ဒရယ်အာဏာပိုင်များ ဆုံးဖြတ် မြူးနစ်လုံခြုံရေးညီလာခံတွင် ဒိန်းမတ်နှင့် ဂရင်းလန် ခေါင်းဆောင်များ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုနှင့် တွေ့ဆုံမည်