Month: January 2026

တယောဖိုးစံ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် “The Sound Of 36” တေးအယ်လ်ဘမ်ဖြန့်ချိ

PSM(News) ဇန်နဝါရီ ၃၀၊ ၂၀၂၆ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သည့် ဂီတပညာရှင် တယောဖိုးစံ၏ ၃၆ နှစ်ပြည့် မွေးနေ့အထိမ်း အမှတ်အဖြစ် “The Sound Of 36” တေးအယ်လ်ဘမ်ကို ဖြန့်ချိနေကြောင်းသိရသည်။ အဆိုပါအယ်လ်ဘမ်ကို တယောဖိုးစံ၏မွေးနေ့ ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ရက်နေ့က စတင်ဖြန့်ချိခဲ့ ခြင်းဖြစ်ပြီး တယောသီးသန့်တီးခတ်ထားခြင်းမဟုတ်ဘဲ ကိုယ်တိုင် သီချင်းသီဆိုဖျော်ဖြေထားကြောင်း တယောဖိုးစံ က…

မင်းဘူးရှိ မုန်တောင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် ရဲများထွက်ပြေးသွား၍ စခန်းသိမ်းပြီး မီးရှို့

PSM(News) ဇန်နဝါရီ ၃၀၊ ၂၀၂၆ မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မုန်တောင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကော်မရှင် လက်အောက်ခံ ရဲများထွက်ပြေးသွား၍ စခန်းသိမ်းပြီး မီးရှို့ရှင်းလင်းခဲ့ကြောင်း မင်းဘူးခရိုင်၊ အမှတ် (၆) တပ်ရင်းက ထုတ်ပြန် သည်။ မင်းဘူးခရိုင်၊ အမှတ် (၆) တပ်ရင်းသည် ပြီးခဲ့သည် ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက မင်းဘူး(စကု)မြို့နယ်၊ အနောက်ပိုင်းရှိ…

အာဆီယံက မြန်မာ့ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ထုတ်ဖော်ပြောကြား

PSM (NEWS) ဇန်နာဝါရီ ၃၀၊ ၂၀၂၆ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများကို အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) က အသိအမှတ်မပြုကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ကြာသပတေးနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ စစ်ကော်မရှင်၏ ကျောထောက်နောက်ခံဖြင့် ပါတီတစ်ခုက အနိုင်ရရှိခဲ့သည်ဟု ကြေညာထားသည့် ယင်းရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်မပြုကြောင်း ထုတ်ပြန်ခြင်းသည် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ တရားဝင်အသိအမှတ်ပြုမှု…

ကျပ်သိန်းတစ်သိန်းခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို NUG မီးရှို့ဖျက်ဆီး၊ တော်လှန်ရေးရန်ပုံငွေအတွက် မူးယစ်ဆေးဝါးနှင့် လုံးဝအလုပ်မလုပ်ဟု ဆို

PSM(News) ဇန်နဝါရီ ၃၀၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စိုးမိုးနယ်မြေအတွင်း ဖမ်းဆီးရမိသည့် ကာလတန်ဖိုး ကျပ်သိန်းပေါင်း တစ်သိန်းခန့်ရှိသော မူးယစ်ဆေးဝါးများကို အများပြည်သူများနှင့်တော်လှန်ရေး အဖွဲ့အစည်းများရှေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ဇန်နဝါရီ ၂၅ ရက်က ပြုလုပ်သည့် အဆိုပါ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲသို့ ပြည်ထောင်စုဝန်ကြီး ချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ တက်ရောက်ခဲ့ကြသည်။ တော်လှန်ရေးအင်အားစုများ၏…

အုတ်တွင်း-ပေါက်ခေါင်း လမ်းပိုင်းတွင် စစ်ကော်မရှင်စစ်ကြောင်းကို PDF ပူးပေါင်းတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၅၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

PSM(News) ဇန်နဝါရီ ၃၀၊ ၂၀၂၆ ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်အကြားရှိ လမ်းပိုင်းတွင် နယ်မြေရှင်းလင်းရန် စစ် ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်း များစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အုတ်တွင်း-ပေါက်ခေါင်းလမ်းပိုင်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ ရက်နေ့မှစတင်ကာ…

မာဂိတ်မြို့သည် ‘မိမိအတွက် နိဗ္ဗာန်ဘုံ’ ဟု မက်ဒေါနား ချီးကျူး

PSM(NEWS) ဇန်နာဝါရီ ၃၀၊ ၂၀၂၆ အင်္ဂလန် ပင်လယ်ကမ်းခြေမြို့သေးလေး မာဂိတ် သည် သဲသောင်ပြင်များ၊ နာမည်ကျော်ဈေးများနှင့် ဖန်တီးမှုအနုပညာကဏ္ဍကြောင့် ဗိသုကာလုပ်ငန်းလုပ်ကိုင်သူများနှင့် ခရီးသွားများကို ဆွဲဆောင်နေဆဲဖြစ်သည်။ ယခုအခါ ကမ္ဘာကျော် အဆိုတော် မက်ဒေါနား ကိုယ်တိုင် လာရောက်လည်ပတ်ခြင်းကြောင့် မြို့လေးသည် ပိုမိုထင်ရှားလာခဲ့သည်။ ဖော်လိုဝါ ၂၀ သန်းရှိသည့် မက်ဒေါနား၏ အင်စတာဂရမ်(Instagram) အကောင့်တွင် နောက်ဆုံး အနုပညာပွဲတော်သို့…

အခွန်မှတ်တမ်းများ ပေါက်ကြားမှုကြောင့် IRS ကို သမ္မတဟောင်း ထရန့် ဒေါ်လာ ၁၀ ဘီလီယံဖြင့် တရားစွဲ

PSM (NEWS)ဇန်နဝါရီ ၃၀၊ ၂၀၂၆ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့် သည် ၎င်းနှင့် မိသားစုဝင်များ၊ ထရန့်စီးပွားရေးအဖွဲ့အစည်း၏ လျှို့ဝှက်အခွန်မှတ်တမ်းများကို မီဒီယာများသို့ ပေါက်ကြားစေခဲ့သည် ဟု စွပ်စွဲကာ အမေရိကန် ပြည်တွင်းအခွန်ဝန်ဆောင်မှုဌာန (IRS) နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ဖြင့် တရားစွဲဆိုလိုက်သည်။ မိုင်ယာမီရှိ ဖက်ဒရယ်တရားရုံးတွင် ကြာသပတေးနေ့က တင်သွင်းခဲ့သည့်…

ဂမ်ဘီယာ–မြန်မာ လူမျိုးတုန်းသတ်ဖြတ်မှု အမှုအကြောင်းအရာဆိုင်ရာ လူထုကြားနာမှုများ ICJ တွင် ပြီးဆုံး

PSM (NEWS) ဇန်နဝါရီ ၃၀၊ ၂၀၂၆ မြန်မာနိုင်ငံအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကို တားဆီးကာကွယ်ရေးနှင့် အပြစ်ပေးရေး ဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက် ကို ချိုးဖောက်ခဲ့ကြောင်း စွဲဆိုထားသည့် ဂမ်ဘီယာ–မြန်မာ အမှု နှင့် ပတ်သက်သော အကြောင်းအရာဆိုင်ရာ လူထုကြားနာမှုများ ကို နယ်သာလန်နိုင်ငံ ဟေးဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် ယနေ့ အပြီးသတ်ခဲ့ကြောင်း…

မြန်မာ့ဒီမိုကရေစီအရေး ၅ နှစ်ပြည့် အထိမ်းအမှတ် “The Coup Years” ဓာတ်ပုံပြပွဲ ဘန်ကောက်တွင် ကျင်းပ

PSM (NEWS) ဇန်နာဝါရီ ၃၀၊ ၂၀၂၆ ဘန်ကောက်မြို့ရှိ ဘန်ကောက် အနုပညာနှင့် ယဉ်ကျေးမှုဗဟိုဌာန (BACC) တွင် မြန်မာပြည်သူများ၏ ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းအားထုတ်မှုများ ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “The Coup Years” ဓာတ်ပုံပြပွဲကို ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ပြသလျက်ရှိသည်။ အဆိုပါ ပြပွဲတွင် မြန်မာဓာတ်ပုံဆရာ ၄ ဦး…