PSM(NEWS)

ဇန်နာဝါရီ ၃၀၊ ၂၀၂၆

အင်္ဂလန် ပင်လယ်ကမ်းခြေမြို့သေးလေး မာဂိတ် သည် သဲသောင်ပြင်များ၊ နာမည်ကျော်ဈေးများနှင့် ဖန်တီးမှုအနုပညာကဏ္ဍကြောင့် ဗိသုကာလုပ်ငန်းလုပ်ကိုင်သူများနှင့် ခရီးသွားများကို ဆွဲဆောင်နေဆဲဖြစ်သည်။ ယခုအခါ ကမ္ဘာကျော် အဆိုတော် မက်ဒေါနား ကိုယ်တိုင် လာရောက်လည်ပတ်ခြင်းကြောင့် မြို့လေးသည် ပိုမိုထင်ရှားလာခဲ့သည်။

ဖော်လိုဝါ ၂၀ သန်းရှိသည့် မက်ဒေါနား၏ အင်စတာဂရမ်(Instagram) အကောင့်တွင် နောက်ဆုံး အနုပညာပွဲတော်သို့ သွားရောက်ခဲ့သည့် ပုံရိပ်များကို မျှဝေထားပြီး သုံးလအတွင်း ဒုတိယအကြိမ် မာဂိတ်မြို့သို့ လာရောက်ကြောင်း ဖော်ပြထားသည်။

တာနာဆု (Turner Prize) ရရှိထားသည့် အနုပညာရှင် ဒိန်း ထရေစီ အီမင်နှင့်အတူ ရိုက်ကူးထားသည့် ဓာတ်ပုံများကို မက်ဒေါနားက မျှဝေခဲ့ပြီး၊ သူမ၏ သူငယ်ချင်းဖြစ်သူက စီစဉ်ပေးထားသည့် အနုပညာရှင်နေထိုင်ရာ အစီအစဉ် (Residency programme) ကိုလည်း ချီးကျူးစကား ပြောကြားခဲ့သည်။

မက်ဒေါနားကလည်း မာဂိတ်မြို့အပေါ် ခံစားချက်ကို ဖော်ပြရာတွင်

“တစ်မြို့လုံးဟာ ဖန်တီးမှုစွမ်းအားတွေနဲ့ ပြည့်နေပါတယ်။ စာရေးဆရာတွေ၊ ဖျော်ဖြေရေးပညာရှင်တွေ၊ ဓာတ်ပုံဆရာတွေနဲ့ ပန်းချီဆရာတွေ အများကြီးပါ။ ဒီမြို့ဟာ ကျွန်မအတွက် နိဗ္ဗာန်ဘုံပါ။ အဲဒီကို ရောက်တိုင်း အိပ်မက်တစ်ခုထဲလို ခံစားရတယ်” ဟု ရေးသားခဲ့သည်။

လွန်ခဲ့သည့်နှစ်များအတွင်း မာဂိတ်သည် ဖန်တီးမှုအနုပညာ၊ ခေတ်မီဆိုင်ခန်းများနှင့် ခေတ်ပေါ်စားသောက်ဆိုင်များကြောင့် လူသိများလာပြီး ပင်လယ်ကမ်းခြေအနုပညာမြို့အဖြစ် အထင်ကရ ဖြစ်လာသည်။

ကိုးကား: The Independent

#မာဂိတ်

#ပင်လယ်ကမ်းခြေအနုပညာမြို့

#မက်ဒေါနား_ချီးကျူး

#မိမိအတွက်_နိဗ္ဗာန်ဘုံ

#တာနာဆု

#ဒိန်း_ထရေစီ_အီမင်

#𝐏𝐒𝐌_𝐍𝐞𝐰𝐬

By Htet Ko