PSM (NEWS)

ဇန်နာဝါရီ ၃၀၊ ၂၀၂၆

ဘန်ကောက်မြို့ရှိ ဘန်ကောက် အနုပညာနှင့် ယဉ်ကျေးမှုဗဟိုဌာန (BACC) တွင် မြန်မာပြည်သူများ၏ ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းအားထုတ်မှုများ ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် “The Coup Years” ဓာတ်ပုံပြပွဲကို ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ပြသလျက်ရှိသည်။

အဆိုပါ ပြပွဲတွင် မြန်မာဓာတ်ပုံဆရာ ၄ ဦး က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သည့် အဖြစ်အပျက်များကို အဆင့်ဆင့် မှတ်တမ်းတင် ရိုက်ကူးထားသော ဓာတ်ပုံများကို ပြသထားသည်။

အင်္ဂါနေ့က BACC တွင် ပြုလုပ်ခဲ့သည့် ပြပွဲဖွင့်ပွဲသို့ ဓာတ်ပုံဆရာများအနက် အသက် ၂၆ နှစ်အရွယ် ကိုစစ်မင်းနိုင် တစ်ဦးသာ ကိုယ်တိုင်တက်ရောက်နိုင်ခဲ့ပြီး၊ ၎င်းသည် မြန်မာစစ်ကော်မရှင်၏ ဖမ်းဆီးထိန်းသိမ်းမှုကို ၂ နှစ်ကြာ ခံခဲ့ရသူ ဖြစ်ကြောင်း သိရသည်။

SEA-Junction က ကြီးမှူးကျင်းပသည့် အဆိုပါ ဓာတ်ပုံပြပွဲကို BACC ၏ ၅ ထပ် တွင် ပြသထားပြီး၊ စိတ်နှလုံးကို လှုပ်ခတ်စေမည့် ဓာတ်ပုံများသာမက ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး၊ လူမှုရေး အခြေအနေများကို ရှင်းလင်းဖော်ပြထားသည့် စာသားများကိုလည်း တွေ့မြင်နိုင်သည်။

ကိုးကား – Khaosod

#မြန်မာ့ဒီမိုကရေစီအရေး

#၅_နှစ်ပြည့်_အထိမ်းအမှတ်

#The_Coup_Years

#ဓာတ်ပုံပြပွဲ

#ဘန်ကောက်_ကျင်းပ

#စစ်အာဏာရှင်စနစ်

#𝐏𝐒𝐌_𝐍𝐞𝐰𝐬

By Htet Ko