Latest Post

ဆော်ဒီရေနံပိုက်လိုင်း ပိတ်ဆို့မှုကြောင့် ကမ္ဘာ့ရေနံထောက်ပံ့မှု ၄ ရာခိုင်နှုန်း ဆုံးရှုံးနိုင်ခြေရှိ ပိုလန်နယ်စပ်အနီး ရုရှားဒရုန်းတိုက်ခိုက်မှုကြောင့် ခရီးသည်တင်ရထား ထိမှန်ပျက်စီးပြီး ပူတင်သည် NATO၏ တံခါးကို ခေါက်နေပြီဟု ယူကရိန်း သတိပေး တရုတ်နိုင်ငံ၏ FAST ရေဒီယို တယ်လီစကုပ်ဖြင့် ကြယ်နှင့် ဂလက်ဆီများ ဖြစ်တည်မှုကို ဖော်ထုတ်နိုင်မည့် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့များကို စံချိန်တင် စာရင်းပြုစုနိုင်ခဲ့ ဂျဗားပင်လယ်ပြင်တွင် ခရီးသည်တင်သင်္ဘော အဆက်အသွယ်ပြတ်တောက်ပြီး လူ ၁၄၀ ပျောက်ဆုံးနေ မြန်မာနိုင်ငံ အထက်ပိုင်း မုတ်သုံလေ စတင်ဆုတ်ခွာမည်၊ စက်တင်ဘာ ၁၅ ရက်မှစ၍ တောင်ပိုင်းတွင် မိုးပြန်အားကောင်းနိုင်သဖြင့် ရေကြီး၊ မြေပြိုအန္တရာယ် သတိပြုရန်လို

အီရန်အနေဖြင့် “အသိတရားအမြန်ရရှိရန်” နှင့် နျူကလီးယားသဘောတူညီချက်ကို လက်ခံရန် သမ္မတ ဒေါ်နယ် ထရမ့် သတိပေး

PSM(NEWS) ဧပြီ ၃၀၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အစိုးရအနေဖြင့် “အသိတရားအမြန်ရရှိရန်” နှင့် ဝါရှင်တန်၏ တင်းကျပ်သော နျူကလီးယားထိန်းချုပ်မှုဆိုင်ရာ တောင်းဆိုချက်များကို လိုက်လျောရန် ဗုဒ္ဓဟူးနေ့တွင် သတိပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကြောင့် အီရန်၏ စီးပွားရေးမှာ ပိုမိုကျပ်တည်းလာလျက်ရှိသည်။ ပင်တဂွန်စစ်ဌာနချုပ် အကြီးအကဲ ပိထ် ဟက်ဆက်သ်သည် ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် လွှတ်တော်၌ သက်သေထွက်ဆိုရန်ရှိသော်လည်း၊ ဟော်မုဇ်ရေလက်ကြားပြန်လည်ဖွင့်လှစ်ရေးအတွက်…

စစ်ဘက်ဆိုင်ရာဝန်ကြီးပိထ်ဟက်ဆက်သ်ကအိုဘားမားလက်ထက်အီရန်နျူကလီးယားသဘောတူညီချက်ကို ဝေဖန်ရှုတ်ချ

PSM(NEWS) ဧပြီ ၃၀၊၂၀၂၆ အမေရိကန် စစ်ဘက်ဆိုင်ရာဝန်ကြီး ပိထ် ဟက်ဆက်သ်က အိုဘားမားအစိုးရလက်ထက်တွင် ချုပ်ဆိုခဲ့သည့် အီရန်နျူကလီးယားသဘောတူညီချက်ကို “အလွန်ဆိုးရွားသော သဘောတူညီချက်” ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ ယင်းသဘောတူညီချက်သည် ဒေသတွင်းအကြမ်းဖက်မှုများနှင့် ကြားခံစစ်ပွဲများကို တိုက်ရိုက်ငွေကြေးထောက်ပံ့ပေးရာရောက်ခဲ့သည်ဟု ဆိုသည်။ ၎င်းက “ဒီသဘောတူညီချက်ဟာ အီရန်ကို ငွေသားအလုံးအရင်း ကြိုတင်ပေးလိုက်တာပါ။ အဲဒီငွေတွေဟာ ဒေသတွင်းမှာရှိတဲ့ သူတို့ရဲ့ ကြားခံအဖွဲ့အစည်းတွေဖြစ်တဲ့ ဟားမတ်စ်နဲ့…

အီရန်ရေနံအပေါ် အမေရိကန်၏ ဖိအားပေးမှု မြင့်တက်လာပြီး တရုတ်နိုင်ငံ Hengli ကုမ္ပဏီကို ပိတ်ဆို့အရေးယူ

PSM(NEWS) ဧပြီ ၃၀၊၂၀၂၆ အမေရိကန် ဘဏ္ဍာရေးဌာနသည် တရုတ်နိုင်ငံ၏ ဟန်လီ ရေနံဓာတု (ဒါလျန်) သန့်စင်စက်ရုံ (Hengli Petrochemical (Dalian) Refinery) အား အီရန်နိုင်ငံထံမှ ဒေါ်လာဘီလီယံနှင့်ချီသော ရေနံများ ဝယ်ယူနေသည်ဟု စွပ်စွဲကာ ပြီးခဲ့သည့် သောကြာနေ့က ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။ ၎င်းသည် တီဟီရန်၏ ရေနံဝင်ငွေကို ဖြတ်တောက်ရန် ဝါရှင်တန်က ကြိုးပမ်းနေသည့်…

မာလီနိုင်ငံအတွင်း လုံခြုံရေးအခြေအနေ ဆိုးရွားလာသောကြောင့် နိုင်ငံသားများ အမြန်ဆုံးထွက်ခွာကြရန် ပြင်သစ်တိုက်တွန်း

PSM(NEWS) ဧပြီ ၃၀၊၂၀၂၆ မာလီနိုင်ငံ၏ မြို့တော် ဘာမာကို အပါအဝင် နေရာအနှံ့အပြားတွင် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ပူးပေါင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် မာလီရောက် ပြင်သစ်နိုင်ငံသားများ အနေဖြင့် နိုင်ငံအတွင်းမှ “အမြန်ဆုံး ထွက်ခွာကြရန်” ပြင်သစ်အစိုးရက တိုက်တွန်းနှိုးဆော်လိုက်သည်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ခရီးသွားလာမှုဆိုင်ရာ နောက်ဆုံးထုတ်ပြန်ချက်တွင် မာလီနိုင်ငံ၏ လုံခြုံရေးအခြေအနေမှာ များစွာမတည်မငြိမ် ဖြစ်နေကြောင်း ဖော်ပြထားသည်။ ထွက်ခွာရန် ပြင်ဆင်နေစဉ်အတွင်း…

ပခုက္ကူ တပ်မ ၁၀၁ လက်အောက်ခံ တပ်သား ၅ ဦး ကား ၁စီးအပါအဝင် လက်နက်များနှင့် တကွ အလင်းဝင်

PSM(News) ဧပြီ ၂၉၊၂၀၂၆ မကွေးတိုင်း၊ ပခုက္ကူမြို့နယ် တပ်မ (၁၀၁) လက်အောက်ခံ တပ်ဖွဲ့ဝင် ငါးဦးသည် လက်နက်များနှင့်တကွ အ လင်းဝင်ရောက်လာခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ်(၈)တပ်ရင်းက သတင်းထုတ်ပြန်သည်။ ပခုက္ကူမြို့၊ တပ်မ(၁၀၁) လက်အောက်ခံ တပ်သား ငါးဦးသည် ပြီးခဲ့သည့် ဧပြီ ၁၄ရက်နေ့က Crown ကားတစ်စီး ၊ MA-1 တစ်လက် ၊…

ရေးမြို့ရှိ စကခ-၁၉ ပင်မ လက်နက်တိုက်ကို ဝင်ရောက် ဖောက်ခွဲရာ လက်နက်ငယ် ၂၀၀ ခန့် ပျက်စီးပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

PSM(News) ဧပြီ ၂၉၊ ၂၀၂၆ မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉) အတွင်းရှိ ပင်မလက်နက်ခဲယမ်းတိုက်ကို တော်လှန်ရေးအင်အားစုများက ထိုးဖောက်ဝင်ရောက်ကာ ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ လက်နက်မျိုးစုံ ၂၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း တနင်္သာရီတိုင်းစစ်ဌာန ပြန်ကြားရေးက ထုတ်ပြန်ထားသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၃) လက်အောက်ခံ…

ဖြူးတွင် အာဏာလုစစ်အုပ်စုက ပေါ်တာဆွဲရန် ရမ်းသန်းပစ်ခတ်မှုကြောင့် ရေချိုးနေသည့် ၇ နှစ်အရွယ် မိန်းကလေးငယ် ကျည်ထိမှန်သေဆုံး၊ ရဲစခန်းက အမှုဖွင့်ရန် ငြင်းဆန်

PSM(News) ဧပြီ ၂၉၊ ၂၀၂၆ ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် အာဏာလုစစ်အုပ်စုက ပေါ်တာဆွဲရန် လူငယ်များကို လိုက်လံပစ်ခတ်စဉ် ရေချိုးနေသည့် အသက် (၇) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ရသည့်အပြင် ရဲစခန်းကလည်း အမှုဖွင့်ပေးရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ဧပြီ ၂၈ ရက် နံနက်ပိုင်းက ဖြူးမြို့၊ ဖြူးချောင်းတံတားအဆင်း ဝဲဒေါင့်အလယ်ရွာ၌ စစ်အုပ်စုက…

မြဝတီမြို့အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ လက်နက်ကိုင်ဆောင်မှုကို စစ်အုပ်စုက ကန့်သတ်ချက် ၈ ချက်ဖြင့် တင်းကျပ်

PSM(News) ဧပြီ ၂၉၊ ၂၀၂၆ ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေချိန်တွင် မြဝတီမြို့အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ လက်နက်ကိုင်ဆောင် သွားလာခြင်းအပေါ် စစ်အုပ်စုက ကန့်သတ်ချုပ်ချယ် မှုများ စတင်ပြုလုပ်လာကြောင်း သိရသည်။ ကရင်ပြည်နယ်ရှိ မြဝတီမြို့စောင့်တပ် ခလရ-၂၇၅ တပ်ရင်း၌ ပြီးခဲ့သည့် ဧပြီ ၂၃ ရက်က စစ်အုပ်စုနှင့် လက်နက်ကိုင်အဖွဲ့အစည်းအချို့ တွေ့ဆုံခဲ့ပြီး အချက် (၈)…

You missed