စစ်ခေါင်းဆောင်က ပြည်ထဲရေးဝန်ကြီးနေရာတွင် စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အစားထိုး၍ ဝန်ကြီး ၄ ဦးအထိ လဲလှယ်ထား

PSM(News) ဇန်နဝါရီ ၂၈ ရက် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏ အုပ်ချုပ်ရေးယန္တရား အတွက် အဓိကကျသည့် ပြည်ထဲရေးဝန်ကြီးဌာနကို စိတ်တိုင်းကျခြင်းမရှိဘဲ လေးဦးမြောက် ဝန်ကြီး အဖြစ် ထပ်မံလဲလှယ်ခဲ့သည်။ စစ်ခေါင်းဆောင်သည် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို ရာထူးမှ ဖယ်ရှားကာ ၎င်း၏ နေရာတွင် စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ်ကို အစားထိုး ခန့်အပ်လိုက်ကြောင်း…

အသက် ၁၅ နှစ်အောက် ကလေးငယ်များ လူမှုကွန်ရက်အသုံးပြုမှု ပိတ်ပင်ရန် ပြင်သစ်အမျိုးသားလွှတ်တော် အတည်ပြု

PSM(News)ဇန်နဝါရီ ၂၈၊ ၂၀၂၆ အွန်လိုင်းပေါ်တွင် အနိုင်ကျင့်ခံရမှုများနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများအပေါ် စိုးရိမ်မှုများ မြင့်တက်လာခြင်းကြောင့် ပြင်သစ်အမျိုးသားလွှတ်တော်သည် အသက် ၁၅ နှစ်အောက် ကလေးငယ်များ လူမှုကွန်ရက် အသုံးပြုခြင်းကို ပိတ်ပင်သည့် ဥပဒေကြမ်းတစ်ခုအား တနင်္လာနေ့တွင် အတည်ပြုလိုက်သည်။ အဆိုပါ ဥပဒေကြမ်းကို လွှတ်တော်အမတ် ၁၃၀ က ထောက်ခံပြီး ၂၁ ဦးက ကန့်ကွက်ကာ အတည်ပြုခဲ့ခြင်း…

မင်နီဆိုတာ တရားသူကြီးက ICE အရာရှိချုပ်အား ရုံးတော်သို့ကိုယ်တိုင်လာရောက်ရှင်းလင်းရန် ဆင့်ခေါ်

PSM(NEWS)ဇန်နဝါရီ ၂၈၊ ၂၀၂၆ မင်နီဆိုတာပြည်နယ် ဖက်ဒရယ်တရားသူကြီးချုပ် ပက်ထရစ် ရှီးလ်ဇ်က ချုပ်နှောင်ခံထားရသည့် ရွှေ့ပြောင်းနေထိုင်သူများအတွက် ကြားနာပွဲများ ကျင်းပပေးရန် တရားရုံးအမိန့်ကို လိုက်နာရန် ပျက်ကွက်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အရာရှိချုပ်တော့ဒ် လိုင်ယွန်အား လာမည့်သောကြာနေ့တွင် ရုံးတော်သို့ ကိုယ်တိုင်လာရောက်ရန် အမိန့်ထုတ်လိုက်သည်။ ICE အနေဖြင့် တရားရုံး၏ ညွှန်ကြားချက်များကို ထပ်တလဲလဲ ချိုးဖောက်နေသောကြောင့် အဆိုပါအရာရှိချုပ်အား တရားရုံးမထေမဲ့မြင်ပြုမှုဖြင့် အရေးယူခြင်း…

အမေရိကန်၏ ထိန်းချုပ်မှုအောက်တွင် ရောင်းချမည့် ဗင်နီဇွဲလားရေနံများကို ဝယ်ယူရန် PetroChina တုံ့ဆိုင်းနေ

PSM(NEWS)ဇန်နာဝါရီ ၂၈၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စု၏ စီမံခန့်ခွဲမှုအောက်တွင် ရောင်းချနေသည့် ဗင်နီဇွဲလားရေနံများကို ဝယ်ယူရန် PetroChina ကုမ္ပဏီက လက်ရှိတွင် ရှောင်လွှဲနေကြောင်း လုပ်ငန်းတွင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ အဆိုပါလုပ်ရပ်သည် ကမ္ဘာ့အကြီးဆုံး ရေနံတင်သွင်းသည့် နိုင်ငံဖြစ်သော တရုတ်နိုင်ငံအနေဖြင့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများကို စိုးရိမ်နေဆဲဖြစ်ကြောင်း ပြသနေသည်။ ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံကုမ္ပဏီ PDVSA သည်…

ဆားလင်းကြီးမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်များ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

PSM(News) ဇန်နဝါရီ ၂၇၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်တွင် အင်အား ၁၀၀ ကျော်ဖြင့် အထိုင်ချတပ်စွဲထားသည့် စစ်ကော် မရှင်တပ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ လေး ဦး သေဆုံးခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။ စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပသည့် ဇန်နဝါရီ ၂၅…

စစ်ခေါင်းဆောင်မန္တလေးသို့ လျှို့ဝှက်လာရောက်မည်ဟု သတင်းထွက်ပေါ်နေချိန် နန်းတွင်းတွင် ရှော့တိုက်ဒုံး ၅ လုံး ပစ်ခတ်ခံရပြီး တိုင်းမှူးအိမ် ထိမှန်ဟုဆို

PSM(News) ဇန်နဝါရီ ၂၇၊ ၂၀၂၆ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးသို့ လျှို့ဝှက်လာရောက်ကာ ယတြာချေ ရန်ရှိသည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် ယနေ့ ဇန်နဝါရီ ၂၇ ရက် နံနက်အစောပိုင်းက မန္တလေးနန်းတွင်း (လပခ) အတွင်းသို့ ရှော့တိုက်ဒုံး ငါး လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။ ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်…

ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကို အမှတ်-၈၀၀၂ တပ်ရင်းအဖြစ် MOD က ပြောင်းလဲဖွဲ့စည်း

PSM(News) ဇန်နဝါရီ ၂၇၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) သည် ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF) ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၈၀၀၂) တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ယနေ့ ဇန်နဝါရီလ ၂၇ ရက်တွင် အတည်ပြု ထုတ်ပြန်သည်။ ယခင်က ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဒေါနတပ်ရင်း၏ “ဒေါန စစ်ကြောင်း -၃”…