Category: international news

ဖိလစ်ပိုင် ဘုရားရှိခိုးအဖွဲ့၊ Lent အတွက် ဒစ်ဂျစ်တယ် မီဒီယာ ဖြတ်တောက်ခြင်း (Digital Media Fasting) ခေါ်ဆို

PSM(NEWS) ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆ ဖိလစ်ပိုင်ကက်သလစ်ဘုရားရှိခိုးအဖွဲ့ (CBCP) သည် ဆုတောင်းစိတ်သန့်စင်ခြင်း ( Lent ) ကာလ အတွင်း ဖုန်း၊ ဆိုရှယ်မီဒီယာနှင့် အွန်လိုင်း ဗီဒီယို/ဂိမ်းများကို စနစ်တကျ ဖြတ်တောက်ပြီး ဆုတောင်းခြင်းနှင့် စိတ်သန့်စင်ခြင်း ပြုလုပ်ရန် ခေါ်ဆိုထားသည်။ Lent ကာလသည် ဖေဖော်ဝါရီ ၁၈ ရက်က စတင်ပြီး ရက်…

ဖိလစ်ပိုင်နိုင်ငံ၏ ရေပိုင်နက်အတွင်း မဟာမိတ် ရေတပ်များ ပူးတွဲလေ့ကျင့်မှု ပြီးဆုံး

PSM(NEWS) ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆ ဖိလစ်ပိုင်၊ အမေရိကန် နှင့် ဩစတြေးလျနိုင်ငံ တို့၏ ပူးတွဲရေတပ်နှင့် လေတပ်များသည် ဖိလစ်ပိုင်နိုင်ငံ၏ ရေပိုင်နက်သီးသန့်စီးပွားရေးဇုံ (Exclusive Economic Zone – EEZ) အတွင်း နှစ်ရက်ကြာ ကျင်းပခဲ့သော ၃ နိုင်ငံ ဘက်စုံပူးတွဲရေကြောင်းလေ့ကျင့်မှုကို ဖေဖော်ဝါရီ ၁၆ ရက်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။…

အီးယူ၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအသစ်ကို အဖွဲ့အစည်းပေါင်း ၇၀ နီးပါး ပြင်းထန်စွာ ဝေဖန်

PSM(NEWS) ဖေဖော်ဝါရီ၁၇၊ ၂၀၂၆ ဥရောပသမဂ္ဂ (EU) က လက်ရှိ စဉ်းစားသုံးသပ်နေသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကျင့်သုံးခဲ့သည့် မူဝါဒများနှင့် ဆင်တူနေကြောင်း စွပ်စွဲကာ အဆိုပါ မူဝါဒကို စွန့်လွှတ်ရန် အဖွဲ့အစည်းပေါင်း ၇၀ နီးပါးက ဖေဖော်ဝါရီ ၁၆ ရက်တွင် တောင်းဆိုလိုက်ကြသည်။ “ဒီခြိမ်းခြောက်မှုဟာ တကယ့်ကို လက်တွေ့ကျပြီး အရေးတကြီး…

ရုရှား-ယူကရိန်းစစ်ပွဲတွင် ကျဆုံးခဲ့သည့် မြောက်ကိုရီးယားစစ်သည်မိသားစုများအတွက် နေအိမ်ရာသစ်တစ်ခုကို ကင်ဂျုံအွန် ဖွင့်လှစ်ပေး

PSM (NEWS) ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆ ရုရှားတပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ရင်း ကျဆုံးခဲ့သည့် မြောက်ကိုရီးယားစစ်သည်များ၏ မိသားစုများအတွက် ပြုံယမ်းမြို့တွင် လူနေအိမ်ရာသစ်တစ်ခု တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရက တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ၎င်းသည် ကျဆုံးစစ်သည်များကို ဂုဏ်ပြုရန် ခေါင်းဆောင် ကင်ဂျုံအွန် ၏ နောက်ဆုံးကြိုးပမ်းမှုတစ်ရပ်လည်း ဖြစ်သည်။ နိုင်ငံပိုင်မီဒီယာမှ ထုတ်ပြန်သော ဓာတ်ပုံများတွင် ကင်ဂျုံအွန်သည် “ဆယ်ပြယ်လမ်း” (Saeppyol…

ဗြိတိန်ဝန်ကြီးချုပ်က ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မှုကို “ပိုမိုမြန်ဆန်စွာ” လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြား

PSM(NEWS) ဖေဖော်ဝါရီ ၁၇၊၂၀၂၆ ဗြိတိန်အစိုးရအနေဖြင့် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရေးလုပ်ငန်းစဉ်ကို “ပိုမိုမြန်ဆန်စွာ” ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ကီယာ စတာမာ က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ နိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၃ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် အသုံးပြုမည့် အစီအစဉ်အား သတ်မှတ်ရက်ထက် ရှေ့ပြေးလုပ်ဆောင်ရန် အစိုးရက စဉ်းစားနေသည်ဆိုသည့် မီဒီယာများ၏ ဖော်ပြချက်နှင့်…

တိုင်ဝမ်လွှတ်တော်က ကာကွယ်ရေးအသုံးစရိတ် ပြန်လည်သုံးသပ်မှုကို တရုတ်နှစ်သစ်ကူးအပြီးတွင် ဦးစားပေးဆောင်ရွက်မည်

PSM(NEWS) ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆ တိုင်ဝမ်လွှတ်တော်သည် တရုတ်နှစ်သစ်ကူး အားလပ်ရက်အပြီး လုပ်ငန်းများ ပြန်လည်စတင်ချိန်တွင် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံတန်ဖိုးရှိ အထူးကာကွယ်ရေးအသုံးစရိတ်ကို ဦးစားပေးသုံးသပ်သွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ အဆိုပါ ကာကွယ်ရေးအသုံးစရိတ် အတည်ပြုရန် ကြန့်ကြာနေမှုအပေါ် အမေရိကန်လွှတ်တော်အမတ်များက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။ တိုင်ဝမ်သမ္မတ လိုင်ချင်းတယ် က ၎င်းတို့၏နယ်မြေအဖြစ်…

နျူကလီးယား အသေးစားဓါတ်ပေါင်းဖို နည်းပညာ အဆင်ပြေချောမွေ့မှုရှိကြောင်း သက်သေပြရန် အမေရိကန်က ပထမဆုံးအကြိမ် လေကြောင်းမှ သယ်ယူပို့ဆောင်မှု ပြုလုပ်

PSM(NEWS) ဖေဖော်ဝါရီ ၁၆၊၂၀၂၆ အမေရိကန် စွမ်းအင်ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့သည်နျူကလီးယား ဓါတ်ပေါင်းဖိုအ‌ေသးစားတစ်ခုကိုကာလီဖိုးနီးယားပြည်နယ်မှယူတားပြည်နယ်သို့ကုန်တင်လေယာဉ်ဖြင့်တနင်္ဂနွေနေ့ကပထမဆုံးအကြိမ်သယ်ယူပို့ဆောင်ခဲ့ကြသည်။၎င်းမှာစစ်ဘက်နှင့်အရပ်ဘက်ကဏ္ဍများတွင်နျူကလီးယားစွမ်းအင်ကိုလျင်မြန်စွာအသုံးချနိုင်သည့်အလားအလာရှိကြောင်းသရုပ်ပြသခြင်းဖြစ်သည်။ အဆိုပါဝန်ကြီးဌာနနှစ်ခုသည်ကာလီဖိုးနီးယားအခြေစိုက် Valar Atomics ကုမ္ပဏီနှင့် ပူးပေါင်းကာ ကုမ္ပဏီ၏ “Ward”အသေးစားဓါတ်ပေါင်းဖိုတစ်ခုကိုနျူကလီးယားလောင်စာ မပါရှိဘဲC17ကုန်တင်လေယာဉ်ဖြင့်ယူတားပြည်နယ်ရှိHillလေတပ်စခန်းသို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ စွမ်းအင်ဝန်ကြီးခရစ်စရိုက်နှင့်လက်နက်ခဲယမ်း ဝယ်ယူရေးနှင့်ထောက်ပံ့ရေးဆိုင်ရာကာကွယ်ရေးဒုဝန်ကြီး”မိုက်ကယ်ဒပ်ဖေးတို့ကိုယ်တိုင်အဆိုပါလေယာဉ်ပေါ်တွင်လိုက်ပါခဲ့ကြပြီး၊ယခုဖြစ်ရပ်သည်အမေရိကန်နျူကလီးယားစွမ်းအင်နှင့်စစ်ဘက်ဆိုင်ရာထောက်ပံ့ပို့ဆောင်ရေးကဏ္ဍအတွက်အောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်ကြောင်းချီးကျူးပြောဆိုခဲ့ကြသည်။ “ဒီစမ်းသပ်မှုဟာလိုအပ်တဲ့အချိန်၊လိုအပ်တဲ့နေရာမှာနျူကလီးယားစွမ်းအင်ကို အသုံးချနိုင်ဖို့ ပိုမိုနီးစပ်လာစေပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ စစ်သည်တွေ တိုက်ပွဲမှာ အနိုင်ရဖို့အတွက်လိုအပ်တဲ့လက်နက်ကိရိယာတွေကိုထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ဒပ်ဖေးကပြောကြားခဲ့သည်။ သမ္မတဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့သည်အမေရိကန်၏စွမ်းအင်ထုတ်လုပ်မှုကိုမြှင့်တင်ရန်အတွက် နျူကလီးယား…

ထိုင်ဝမ်၏ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်သွားမည်ဟု သမ္မတ လိုင်ချင်းတယ် တရုတ်နှစ်သစ်ကူးသဝဏ်လွှာတွင် ကတိပြု

PSM(NEWS) ဖေဖော်ဝါရီ ၁၆၊ ၂၀၂၆ ထိုင်ဝမ်ကျွန်း၏ လုံခြုံရေးကို ကာကွယ်ရန်အတွက် လာမည့်နှစ်အတွင်း ကာကွယ်ရေဆိုင်ရာ ကြိုးပမ်းမှုများကို ပိုမိုအားကောင်းအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က တနင်္ဂနွေနေ့တွင် ထုတ်ပြန်သည့် တရုတ်နှစ်သစ်ကူး သဝဏ်လွှာတွင် ပြောကြားခဲ့သည်။ သမ္မတလိုင်ချင်းတယ်သည်တရုတ်နိုင်ငံ၏ခြိမ်းခြောက်မှုကိုတုံ့ပြန်ရန်အတွက်ကာကွယ်ရေးအသုံးစရိတ်အဖြစ်ဒေါ်လာ၄၀ဘီလီယံထပ်မံသုံးစွဲရန်အဆိုပြုထားသည်။ သို့သော်လွှတ်တော်တွင်အများစုအနိုင်ရထားသည့် အတိုက်အခံပါတီများက ယင်းအဆိုပြုချက်ကို ပြန်လည်သုံးသပ်ရန်ငြင်းဆန်ထားပြီး ကုန်ကျစရိတ်သက်သာသည့် ကိုယ်ပိုင်အစီအစဉ်များကိုသာ ရှေ့တန်းတင်နေသည်။ ထိုင်ဝမ်အလယ်ပိုင်းတောင်တန်းရှိအရေးကြီးသောရေဒါစခန်းတစ်ခုတွင်ရိုက်ကူးထားသည့်မိန့်ခွန်း၌ နိုင်ငံကိုအချိန်ပြည့်ကာကွယ်ပေးနေသည့်လက်နက်ကိုင်တပ်ဖွဲ့ဝင်များကိုသမ္မတကကျေးဇူးတင်စကား ပြောကြားခဲ့သည်။…

ဟယ်ရီ ကိန်း ၏ သွင်းဂိုး ၅၀၀ ပြည့်မှတ်တိုင်နှင့်အတူ ဘိုင်ယန်မြူးနစ် ဂိုးပြတ်အနိုင်ရကာ ဇယားထိပ်တွင် ဆက်လက်ဦးဆောင်

PSM(NEWS) ဖေဖော်ဝါရီ ၁၆၊ ၂၀၂၆ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟယ်ရီ ကိန်းသည် စနေနေ့က ကစားခဲ့သည့် ဝါဒါဘရီမင် (Werder Bremen)နှင့်ပွဲတွင် ၎င်း၏ ကစားသမားဘဝ သွင်းဂိုး ၅၀၀ ပြည့်မှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ် (Bayern Munich) အသင်းကလည်း ၃-၀ ဂိုးဖြင့် အနိုင်ရကာ ဘွန်ဒက်စ်လီဂါ (Bundesliga) ဇယားထိပ်တွင် အမှတ်ဖြတ် ဦးဆောင်ထားနိုင်ခဲ့သည်။…

အမေရိကန်က ပိတ်ဆို့မှုများ ရုပ်သိမ်းရေး ဆွေးနွေးမည်ဆိုပါက နျူကလီးယားသဘောတူညီချက်အတွက် လိုက်လျောမှုများ ပြုလုပ်ရန် အီရန်အဆင်သင့်ဖြစ်ဟုဆို

PSM(NEWS) ဖေဖော်ဝါရီ ၁၅၊ ၂၀၂၆ အကယ်၍ အမေရိကန်ပြည်ထောင်စု အနေဖြင့်စီးပွားရေးပိတ်ဆို့မှုများရုပ်သိမ်းပေးရေးကိစ္စကိုဆွေးနွေးရန်ဆန္ဒရှိပါကနျူကလီးယားဘောတူညီချက်ရရှိရန်လိုက်လျောမှုများကိုစဉ်းစားသွားရန် အသင့်ရှိကြောင်း အီရန်နိုင်ငံခြားရေးဒုတိယဝန်ကြီး မဂျစ် တာ့ခ်-ရာဗန်ချီကဘီဘီစီနှင့်အင်တာဗျူးတွင်ပြောကြားခဲ့သည်။ တနင်္ဂနွေနေ့ကထုတ်ပြန်ခဲ့သည့်အဆိုပါအင်တာဗျူးတွင်၎င်းကဝါရှင်တန်ဒီစီအနေဖြင့် ပိတ်ဆို့မှုများအား ပြန်လည်သုံးသပ်မည်ဆိုပါကနှစ်ဦးနှစ်ဖက်သဘောတူညီမှုရရှိရန်အတွက်အပေးအယူလုပ်ရန်အီရန်ဘက်က ပြင်ဆင်ထားကြောင်းအလေးပေးပြောဆိုခဲ့ခြင်း ဖြစ်သည်။ ကိုးကား Reuters #နျူကလီးယားသဘောတူညီချက် #အီရန် #စီးပွားရေးပိတ်ဆို့မှု #ရုပ်သိမ်း #သဘောတူညီမှု #PSM_News