Category: international news

မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုအပြီး အမေရိကန်နှင့် တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြီးဆုံး

PSM (News) ဩဂုတ် ၂၂ ၊၂၀၂၆ အမေရိကန်နှင့် တောင်ကိုရီးယား စစ်တပ်တို့သည် “Ulchi Freedom Shield” နှစ်စဉ် စစ်ရေးလေ့ကျင့်မှုကို မူလသတ်မှတ်ထားသည့်ရက်ထက် ခြောက်ရက်စောကာ သောကြာနေ့တွင် အပြီးသတ် ရပ်စဲလိုက်ကြောင်း ကြေညာခဲ့သည်။ ယင်းသို့ ဆောင်ရွက်ခြင်းမှာ မြောက်ကိုရီးယားဘက်သို့ ချစ်ကြည်ရေးပြသသည့် အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်သော်လည်း မြောက်ကိုရီးယားကမူ ဤအချက်သည် ဆွေးနွေးပွဲများသို့ ပြန်လည်လာရောက်ရန် မလုံလောက်သေးကြောင်း…

ဟွန်ဒိုင်းမော်တော်ကားကုမ္ပဏီသမဂ္ဂဆယ်စုနှစ်တစ်ခုအတွင်းပထမဆုံးအကြိမ်အလုပ်သမားများအလုံးစုံသပိတ်မှောက်

PSM (News) သြဂုတ် ၂၂၊ ၂၀၂၆ လုပ်ခလစာ တိုးမြှင့်ရေး ဆွေးနွေးပွဲများ အဟန့်အတားဖြစ်ခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံ၏ ဟွန်ဒိုင်းမော်တော်ကား (Hyundai Motor) ကုမ္ပဏီ သမဂ္ဂသည် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် သြဂုတ်လ ၂၁ ရက် (သောကြာနေ့) က အလုပ်သမားများ အလုံးစုံသပိတ်မှောက်မှုကို စတင်ပြုလုပ်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။ အဆိုပါ သပိတ်မှောက်မှုတွင် ဟွန်ဒိုင်းမော်တော်ကား…

ဝန်ကြီးချုပ် ဆာနဲ တာကာအီချီ အစိုးရလက်ထက် ပထမဆုံးအကြိမ် သေဒဏ်ပေး ကွပ်မျက်

PSM (News) ဩဂုတ် ၂၂ ၊၂၀၂၆ ဂျပန်ဝန်ကြီးချုပ် ဆာနဲ တာကာအီချီ၏ အစိုးရလက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် သေဒဏ်ပေး ကွပ်မျက်မှုကို သောကြာနေ့ (သြဂုတ်လ ၂၁ ရက်) နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၂၀၀၉ ခုနှစ်အတွင်း လူစည်ကားရာ ပါချင်ကို (pachinko) ကာစီနိုအလောင်းအစားဆိုင်ကို မီးရှို့ခဲ့မှုကြောင့် လူ ၅ ဦး သေဆုံးကာ…

ထိုင်းနိုင်ငံ၏ ဂြိုဟ်တုဆက်သွယ်ရေးမူဝါဒနှင့် Starlink အရေး

PSM (News) ဩဂုတ် ၂၂ ၊ ၂၀၂၆ ထိုင်းနိုင်ငံအနေဖြင့် Starlink ဆက်သွယ်ရေးဂြိုဟ်တု ဝန်ဆောင်မှုအတွက် တံခါးဖွင့်ထားဆဲဖြစ်သော်လည်း ၎င်းတို့၏ ဥပဒေများကို လိုက်နာရမည်ဖြစ်ပြီး ထိုင်းနိုင်ငံသား အများစုပိုင်ဆိုင်သည့် ဖွဲ့စည်းပုံဖြင့်သာ လုပ်ငန်းလည်ပတ်ရမည်ဖြစ်သည်။ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူ့အဖွဲ့အစည်း ဝန်ကြီး ကိုင်ချာနော့ ချစ်ချော့ က ဩဂုတ်လ ၂၁ ရက်နေ့တွင် အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍အလေးပေးပြောကြားခဲ့သည်။ ထို့အပြင်…

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး သောင်ရင်းမြစ် ရေကျော်တက်လာ

PSM (News) ဩဂုတ် ၂၁၊ ၂၀၂၆ မဲဆောက်မြို့၌ တစ်ညလုံး မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ဩဂုတ်လ ၂၁ ရက်နေ့တွင် မြို့၏ အဓိက စီးပွားရေးဇုန်များအတွင်းသို့ ရေများဝင်ရောက်ခဲ့ကာ ဒေသခံများနှင့် ကုန်သည်များမှာ ပစ္စည်းများကို ကုန်းမြင့်သို့ အလောတကြီး ရွှေ့ပြောင်းခဲ့ကြရသည်။ မဲဆောက်မြို့အတွင်း ရပ်ကွက်အချို့ ရေလွှမ်းမိုးခဲ့ပြီး မဲဆောက်ကုန်စိမ်းဈေးတွင် ရေအနက် ၃၀ စင်တီမီတာနှင့် မြေနိမ့်ပိုင်း…

ဗြိတိန်နိုင်ငံ၏ ယူကရိန်းအပေါ် ထောက်ပံ့မှုများကြောင့် ရုရှားက တုံ့ပြန်ရန် ခြိမ်းခြောက်လာပြီး အန္တရာယ်ရှိသော တိုက်ခိုက်မှုများ ဖြစ်လာနိုင်ဟု သတိပေး

PSM (News) ဩဂုတ် ၂၁၊ ၂၀၂၆ ယူကရိန်းစစ်ပွဲတွင် ဗြိတိန်နိုင်ငံ၏ အခန်းကဏ္ဍနှင့် လက်နက်ထောက်ပံ့မှုများကြောင့် ရုရှားသမ္မတ ဗလာဒီမာပူတင် အစိုးရက ဗြိတိန်နိုင်ငံအပေါ် ပြင်းထန်သော တုံ့ပြန်မှုများနှင့် ခြိမ်းခြောက်မှုများကို ထပ်မံပြုလုပ်လာခဲ့ကြောင်း နိုင်ငံရေးသုံးသပ်သူ အိုဝင် မက်သျူးစ်က The Independent သတင်းဌာနတွင် ရေးသားဖော်ပြလိုက်သည်။ ယူကရိန်းတပ်ဖွဲ့များက ရုရှားနယ်နိမိတ်အတွင်းပိုင်းအထိ တိုက်ခိုက်မှုများတွင် ဗြိတိန်နိုင်ငံထုတ် ဒရုန်းများကို အသုံးပြုခဲ့ခြင်းအပေါ်…

ထိုင်းနှင့် ထိုင်ဝမ် အာဏာပိုင်များ ပူးပေါင်း၍ နိုင်ငံဖြတ်ကျော် ငွေကြေးလိမ်လည်မှုကွန်ရက်ကို ဖြိုခွင်း

PSM (News) ဩဂုတ် ၂၁၊၂၀၂၆ ထိုင်းနှင့် ထိုင်ဝမ် အာဏာပိုင်များသည် တိုင်ဝမ်မာဖီးယားဂိုဏ်းက လုပ်ကိုင်နေသည်ဟု ယူဆရသော နိုင်ငံဖြတ်ကျော် Call Center ငွေကြေးလိမ်လည်မှု ကွန်ရက်တစ်ခုကိုဩဂုတ်လ ၁၉ရက်နေ့က ရက်နေ့ပူးပေါင်း ဖြိုခွင်းခဲ့သည်။ အဆိုပါ နှိမ်နင်းမှုအတွင်း ငွေကြေးထောက်ပံ့သူများနှင့် ခရီးသွားလုပ်ငန်းပိုင်ရှင် တစ်ဦးအပါအဝင် ထိုင်ဝမ်နိုင်ငံသား သံသယရှိသူ ၂၀ ကျော်ကို ကမ္ဘောဒီးယားနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည်။ ယင်းကွန်ရက်သည်…

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသော ကရင်ရွာသား ၂၆ ဦးကို မြန်မာနိုင်ငံသို့ ပြန်မပို့ရန် HRW တိုက်တွန်း

PSM (News) ဩဂုတ် ၂၁၊ ၂၀၂၆ ထိုင်းနိုင်ငံ၊ဖက်ချ်ပူရီခရိုင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ကရင်ကျေးရွာသား ၂၆ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းမပြုရန် ထိုင်းအာဏာပိုင်များကို လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch – HRW) က တိုက်တွန်းလိုက်သည်။ ဩဂုတ်လ ၁၀ ရက်နေ့က အာဏာပိုင်များနှင့် စစ်တပ်တို့သည် ကန်းကြချန် အမျိုးသားဥယျာဉ် (Kaeng Krachan…

ထိုင်းနိုင်ငံ၊မဲဟုန်ဆောင်ခရိုင်တွင် ရွှံ့မြေပြိုကျမှုကြောင့် နေအိမ်တစ်လုံး ပျက်စီးပြီး လူ ၅ ဦး ဒဏ်ရာရ

PSM (News) ဩဂုတ် ၂၁၊ ၂၀၂၆ ထိုင်းနိုင်ငံ၊မဲဟုန်ဆောင်ခရိုင်၊ ဆိုမိုးခရိုင်ခွဲတွင် ရက်ဆက်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြီးခဲ့သည့် ကြာသပတေးနေ့ က ရုတ်တရက် ရေကြီးရေလျှံခြင်းနှင့် မြေပြိုကျမှုများ ဖြစ်ပွားခဲ့သည်။ ဒေသခံပြည်သူများအား ကူညီကယ်ဆယ်ရန် ထိုင်းစစ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ခြောက်ဦးကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့်အတူ စေလွှတ်ခဲ့ကြောင်း သိရသည်။ ကယ်ဆယ်ရေးအဖွဲ့သည် မဲကတွမ်မြို့နယ်ခွဲ အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အမြန်ဆုံး…

ယူကရိန်း၏ တိုက်ခိုက်မှုများကြောင့် နိုင်ငံအတွင်း ထိခိုက်နစ်နာမှုများ ရှိနေကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဝန်ခံ

PSM (News) ဩဂုတ် ၂၀၊ ၂၀၂၆ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်း၏ ရေရှည်လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများသည် ရုရှားနိုင်ငံအား ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေကြောင်း ယခုရက်ပိုင်းအတွင်း ရှားရှားပါးပါး ဝန်ခံပြောကြားလိုက်သည်။ သို့သော် ဤတိုက်ခိုက်မှုများကြောင့် ကြီးမားသည့် ကပ်ဆိုးဒဏ်ကိုမူ မဖြစ်ပေါ်စေခဲ့ကြောင်း ၎င်းက စီးပွားရေးဆိုင်ရာ ဝန်ကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ အစည်းအဝေးတွင် ထည့်သွင်းပြောဆိုခဲ့သည်။ ယူကရိန်းတိုက်ခိုက်မှုများကြောင့် ရုရှားနိုင်ငံ၏…