PSM (News)

ဩဂုတ် ၂၀၊ ၂၀၂၆

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်း၏ ရေရှည်လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများသည် ရုရှားနိုင်ငံအား ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေကြောင်း ယခုရက်ပိုင်းအတွင်း ရှားရှားပါးပါး ဝန်ခံပြောကြားလိုက်သည်။ သို့သော် ဤတိုက်ခိုက်မှုများကြောင့် ကြီးမားသည့် ကပ်ဆိုးဒဏ်ကိုမူ မဖြစ်ပေါ်စေခဲ့ကြောင်း ၎င်းက စီးပွားရေးဆိုင်ရာ ဝန်ကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ အစည်းအဝေးတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ယူကရိန်းတိုက်ခိုက်မှုများကြောင့် ရုရှားနိုင်ငံ၏ စွမ်းအင်နှင့် အရေးပါသော အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ ရှိနေပြီး မော်စကိုမြို့တော်ရှိ လောင်စာဆီဆိုင်များတွင်လည်း ရှားပါးမှုများ ကြုံတွေ့နေရကြောင်း သိရသည်။ ထို့အပြင် ရုရှားနိုင်ငံသားများသည် ဘဏ်များအတွင်းမှ ငွေကြေးများကို ထုတ်ယူမှုများ မြင့်တက်လာနေပြီး၊ နိုင်ငံ၏ စီးပွားရေးနှင့် ငွေကြေးစနစ်အပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။

အခြားတစ်ဖက်တွင်လည်း ယူကရိန်းပါလီမန်က ယာယီတာဝန်ထမ်းဆောင်နေသူအား ကာကွယ်ရေးဝန်ကြီးသစ်အဖြစ် တရားဝင် အတည်ပြုခန့်အပ်လိုက်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

ကိုးကား- The Independent

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *