PSM (News) ဩဂုတ် ၂၂ ၊ ၂၀၂၆ ထိုင်းနိုင်ငံအနေဖြင့် Starlink ဆက်သွယ်ရေးဂြိုဟ်တု ဝန်ဆောင်မှုအတွက် တံခါးဖွင့်ထားဆဲဖြစ်သော်လည်း ၎င်းတို့၏ ဥပဒေများကို လိုက်နာရမည်ဖြစ်ပြီး ထိုင်းနိုင်ငံသား အများစုပိုင်ဆိုင်သည့် ဖွဲ့စည်းပုံဖြင့်သာ လုပ်ငန်းလည်ပတ်ရမည်ဖြစ်သည်။ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူ့အဖွဲ့အစည်း ဝန်ကြီး ကိုင်ချာနော့ ချစ်ချော့ က ဩဂုတ်လ ၂၁ ရက်နေ့တွင် အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍အလေးပေးပြောကြားခဲ့သည်။ ထို့အပြင် Starlink အား နိုင်ငံခြားသား ရာနှုန်းပြည့် ပိုင်ဆိုင်မှုဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုပါက ထိုင်းနိုင်ငံ၏ ကြိုးမဲ့နှင့် ဂြိုဟ်တုဆက်သွယ်ရေး လုပ်ငန်းများအနေဖြင့် ယှဉ်ပြိုင်ရန် ခက်ခဲစေမည့်အပြင် အချက်အလက်လုံခြုံရေးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကိုပါ မြင့်တက်စေနိုင်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ သို့သော် နည်းပညာလွှဲပြောင်းပေးမှုများ ပြုလုပ်ခြင်းနှင့် ထိုင်းလုပ်ငန်းရှင် မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ဝင်ရောက်လုပ်ကိုင်မှုကို လက်ခံနိုင်ဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။ Starlinkနှင့် အမျိုးသားတယ်လီကွန်း (National Telecom – NT) တို့ကို တိုက်ရိုက်နှိုင်းယှဉ်ပြောဆိုမှုများကို ၎င်းက ပယ်ချခဲ့ပြီး ထိုင်းနိုင်ငံ၏ ကိုယ်ပိုင်ဂြိုဟ်တုဆက်သွယ်ရေး အခြေခံအဆောက်အအုံမှာ ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးများနှင့် ယှဉ်ပြိုင်ရန်မဟုတ်ဘဲ နိုင်ငံတော်၏ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် အရေးပေါ်အရန်အဖြစ် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ ကိုးကား – The Nation Thailand Post navigation ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားပြီး သောင်ရင်းမြစ် ရေကျော်တက်လာ ဝန်ကြီးချုပ် ဆာနဲ တာကာအီချီ အစိုးရလက်ထက် ပထမဆုံးအကြိမ် သေဒဏ်ပေး ကွပ်မျက်