Category: international news

အိန္ဒိယတွင် နီပါးဗိုင်းရပ်စ် ပြန့်ပွားနိုင်ခြေ နည်းပါးကြောင်း WHO ဆို

PSM (NEWS) ဇန်နဝါရီ ၃၁၊ ၂၀၂၆ အိန္ဒိယနိုင်ငံတွင် အသက်အန္တရာယ်ရှိနိုင်သည့် နီပါးဗိုင်းရပ်စ် ကူးစက်မှု အမှုနှစ်ခုကို တွေ့ရှိထားသော်လည်း အခြားဒေသများသို့ ဆက်လက်ပြန့်ပွားနိုင်ခြေ နည်းပါးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သောကြာနေ့တွင် ပြောကြားခဲ့သည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ခရီးသွားလာမှု သို့မဟုတ် ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များ ချမှတ်ရန် မလိုအပ်ကြောင်းလည်း WHO က အကြံပြုထားသည်။ အာရှနိုင်ငံအချို့တွင်…

တရုတ်လေတပ်၏ အရှိန်အဟုန်ဖြင့် တိုးတက်လာသော စွမ်းဆောင်ရည်များက အမေရိကန်နှင့် အနောက်အုပ်စုကို ခြိမ်းခြောက်နေ

PSM (NEWS) ဇန်နာဝါရီ ၃၀၊ ၂၀၂၆ တရုတ်လေတပ်၏ လျင်မြန်စွာ တိုးတက်လာသော စစ်ရေးစွမ်းဆောင်ရည်များသည် အမေရိကန်နှင့် အနောက်နိုင်ငံများအတွက် အဓိကစိန်ခေါ်မှုတစ်ရပ်အဖြစ် ပြောင်းလဲလာပြီး အင်ဒို–ပစိဖိတ်ဒေသ၏ စစ်ရေးအခြေအနေကို “အခြေခံအဆင့်မှ ပြောင်းလဲစေနိုင်သော စိန်ခေါ်မှု” အဖြစ် ရင်ဆိုင်လာရကြောင်း အစီရင်ခံစာသစ်တစ်ခုက ထောက်ပြထားသည်။ ယခင်က အမေရိကန်လေတပ်သည် တရုတ်ထက် ဝေဟင်စွမ်းအားအရ အလွန်သာလွန်နေဆဲဖြစ်ပြီး ထိုင်ဝမ်နှင့်ပတ်သက်သည့် မည်သည့်ပဋိပက္ခမဆို ဝေဟင်တိုက်ပွဲများကို…

မာဂိတ်မြို့သည် ‘မိမိအတွက် နိဗ္ဗာန်ဘုံ’ ဟု မက်ဒေါနား ချီးကျူး

PSM(NEWS) ဇန်နာဝါရီ ၃၀၊ ၂၀၂၆ အင်္ဂလန် ပင်လယ်ကမ်းခြေမြို့သေးလေး မာဂိတ် သည် သဲသောင်ပြင်များ၊ နာမည်ကျော်ဈေးများနှင့် ဖန်တီးမှုအနုပညာကဏ္ဍကြောင့် ဗိသုကာလုပ်ငန်းလုပ်ကိုင်သူများနှင့် ခရီးသွားများကို ဆွဲဆောင်နေဆဲဖြစ်သည်။ ယခုအခါ ကမ္ဘာကျော် အဆိုတော် မက်ဒေါနား ကိုယ်တိုင် လာရောက်လည်ပတ်ခြင်းကြောင့် မြို့လေးသည် ပိုမိုထင်ရှားလာခဲ့သည်။ ဖော်လိုဝါ ၂၀ သန်းရှိသည့် မက်ဒေါနား၏ အင်စတာဂရမ်(Instagram) အကောင့်တွင် နောက်ဆုံး အနုပညာပွဲတော်သို့…

အခွန်မှတ်တမ်းများ ပေါက်ကြားမှုကြောင့် IRS ကို သမ္မတဟောင်း ထရန့် ဒေါ်လာ ၁၀ ဘီလီယံဖြင့် တရားစွဲ

PSM (NEWS)ဇန်နဝါရီ ၃၀၊ ၂၀၂၆ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရန့် သည် ၎င်းနှင့် မိသားစုဝင်များ၊ ထရန့်စီးပွားရေးအဖွဲ့အစည်း၏ လျှို့ဝှက်အခွန်မှတ်တမ်းများကို မီဒီယာများသို့ ပေါက်ကြားစေခဲ့သည် ဟု စွပ်စွဲကာ အမေရိကန် ပြည်တွင်းအခွန်ဝန်ဆောင်မှုဌာန (IRS) နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနကို အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ဖြင့် တရားစွဲဆိုလိုက်သည်။ မိုင်ယာမီရှိ ဖက်ဒရယ်တရားရုံးတွင် ကြာသပတေးနေ့က တင်သွင်းခဲ့သည့်…

ဗီယက်နမ်–ဥရောပသမဂ္ဂ ဆက်ဆံရေး “ဘက်စုံဗျူဟာမြောက် မိတ်ဖက်အဆင့်” သို့ တိုးမြှင့်

PSM (NEWS) ဇန်နဝါရီ ၂၉၊ ၂၀၂၆ ဗီယက်နမ်နှင့် ဥရောပသမဂ္ဂ (EU) တို့သည် နှစ်ဖက်ဆက်ဆံရေးကို ဗီယက်နမ်၏ အမြင့်ဆုံးသံတမန်ရေးရာအဆင့်ဖြစ်သည့် “ဘက်စုံဗျူဟာမြောက် မိတ်ဖက်အဆင့်” သို့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် တရားဝင် တိုးမြှင့်လိုက်ကြသည်။ အမေရိကန်၏ သွင်းကုန်ခွန် ဖိအားများကြောင့် ကမ္ဘာ့ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် မတည်ငြိမ်မှုများ ကြုံတွေ့နေရသည့် အချိန်ကာလအတွင်း ယခုကဲ့သို့ ဆက်ဆံရေးအဆင့်မြှင့်တင်ခဲ့ခြင်း…

မင်နီယာပိုလစ် ဆန္ဒပြတေးသီချင်းကို ဘရုစ် စပရင်းစတင်း ထုတ်ဝေ၊ ‘ICE များ အခုထွက်သွား’ ဟု သီဆို

PSM(NEWS) ဇန်နဝါရီလ ၂၉ ၊၂၀၂၆ အမေရိကန်တေးသံရှင် ဘရုစ် စပရင်းစတင်း သည် သမ္မတ ဒေါ်နယ်ထရမ့်၏ ပြင်းထန်သော လူဝင်မှုကြီးကြပ်ရေး စီးနင်းဖမ်းဆီးမှုများအတွင်း သေဆုံးခဲ့ရသည့် မင်နီယာပိုလစ်မြို့ခံ နှစ်ဦးဖြစ်သော အဲလက်စ် ပရက်တီ နှင့် ရေနေး ဂွတ်ဒ် တို့ကို ဂုဏ်ပြုသည့် ဆန္ဒပြတေးသီချင်းတစ်ပုဒ်ကို ဗုဒ္ဓဟူးနေ့တွင် ထုတ်ဝေလိုက်သည်။ ၎င်းက အဆိုပါစီးနင်းမှုများကို မြို့အပေါ် ကျရောက်လာသည့်…

စိန်ခေါ်မှုများပြည့်နှက်နေသည့်ကာလအတွင်း ဗြိတိန်အနေဖြင့် တရုတ်နိုင်ငံနှင့် ပိုမိုနက်ရှိုင်းသော ဆက်ဆံရေးထူထောင်ရန် ဗြိတိန်ဝန်ကြီးချုပ် တိုက်တွန်း

PSM(NEWS) ဇန်နာဝါရီ ၂၉၊ ၂၀၂၆ ကမ္ဘာကြီးအတွက် “စိန်ခေါ်မှုများပြည့်နှက်နေသောကာလ” အတွင်း ဗြိတိန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ပိုမိုနက်ရှိုင်းသော ဆက်ဆံရေးရှိရန် လိုအပ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ကြာသပတေးနေ့တွင် တိုက်တွန်းပြောကြားလိုက်သည်။ ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် အခြားသောကိစ္စရပ်များတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဗြိတိန်ခေါင်းဆောင်က တရုတ်သမ္မတ ရှီကျင့်ဖျင်အား ပြောကြားခဲ့သည်။ “ဗြိတိန်နဲ့ တရုတ်နိုင်ငံအကြား ရေရှည်တည်တံ့ပြီး ခိုင်မာကျယ်ပြန့်တဲ့…

အိမ်နီးချင်းနိုင်ငံများတွင် နီပါးဗိုင်းရပ်စ် ကူးစက်မှုရှိနေ၍ ခရီးသွားလာမှု သတိပြုရန်လိုအပ်၊ လင်းနို့ ကိုက်ရာပါသော သစ်သီး နှင့် ထန်းရည်ကို သောက်သုံးခြင်းမပြုရန် WHO သတိပေး

PSM(News) ဇန်နဝါရီ ၂၉ ၊ ၂၀၂၆ အိမ်နီးချင်း အိန္ဒိယနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် သေဆုံးမှုနှုန်း မြင့်မားသည့် နီပါးဗိုင်းရပ်စ် (Nipah Virus) ကူးစက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် မြန်မာနိုင်ငံအတွင်း ရောဂါ စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း စစ်ကော်မရှင်လက်အောက်ခံ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။ မြန်မာနိုင်ငံတွင် ယနေ့အချိန်အထိ နီပါးဗိုင်းရပ်စ် ကူးစက်မှု မတွေ့ရှိရသေးသော်လည်း…

အီရန်သို့ အမေရိကန်ရေတပ်အုပ်စုကြီး စေလွှတ်နေကြောင်း သမ္မတထရန့် ပြောကြား၊ နျူကလီးယားသဘောတူညီချက်အတွက် ဆွေးနွေးရန် သတိပေး

PSM(NEWS) ဇန်နဝါရီ ၂၉၊ ၂၀၂၆ အမေရိကန်ရေတပ်၏ အင်အားကြီးမားသော သင်္ဘောအုပ်စုကြီး (Armada) သည် အီရန်နိုင်ငံဘက်သို့ ဦးတည်ခုတ်မောင်းနေပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်ပြီး၊ အီရန်အနေဖြင့် နျူကလီးယားသဘောတူညီချက်အသစ်အတွက် ဆွေးနွေးပွဲစားပွဲဝိုင်းသို့ မလာပါက ယခင်ထက် ပိုမိုပြင်းထန်သော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရမည်ဟု သတိပေးလိုက်သည်။ သမ္မတထရန့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် “အင်အားကြီးမားတဲ့…

အမေရိကန်၏ဗဟိုချက် သည်ဥရောပမဟုတ်တော့ဘဲ အခြေခံကျသည့် ပြောင်းလဲမှုဖြစ်ပေါ်နေဟု EU နိုင်ငံခြားရေးအကြီးအကဲ သတိပေး

PSM(News) ဇန်နဝါရီ ၂၉၊ ၂၀၂၆ အမေရိကန်၏ အဓိကဗဟိုချက်မှာ ဥရောပမဟုတ်တော့ဘဲ အပြောင်းအလဲသည် ယာယီမဟုတ်ဘဲ အခြေခံကျသော ပြောင်းလဲမှု ဖြစ်ကြောင်း ဥရောပသမဂ္ဂ (EU) ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကာဂျာကလက်စ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အတ္တလန္တိတ်ဖြတ်ကျော် ဆက်ဆံရေးအပေါ် ကိုင်တွယ်ပုံအသစ်နှင့် ပတ်သက်၍ ဥရောပခေါင်းဆောင်များ လိုက်လျောညီထွေဖြစ်အောင် ကြိုးပမ်းနေရချိန်တွင် သူမက…

You missed