international news မြောက်ကိုရီးယား၏ နျူကလီးယားစစ် ဟန့်တားရေး အစီအစဉ်သစ်များ ပါတီညီလာခံတွင် ချပြမည်ဟု ကင်မ်ဂျုံအန်း ပြောကြား January 29, 2026 Htet Ko PSM(NEWS) ဇန်နဝါရီ ၂၉၊ ၂၀၂၆ မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက် အင်အားတောင့်တင်းခိုင်မာစေရန် ဆောင်ရွက်မည့် နောက်ထပ်ခြေလှမ်းသစ်များကို မကြာမီကျင်းပတော့မည့် အာဏာရအလုပ်သမားပါတီ ညီလာခံတွင် ထုတ်ဖော်ပြသသွားမည်ဖြစ်ကြောင်း ခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြောကြားလိုက်သည်ဟု နိုင်ငံပိုင်သတင်းဌာန (KCNA) က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။ အင်္ဂါနေ့တွင် ပြုလုပ်ခဲ့သော ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို ကိုယ်တိုင်ကြီးကြပ်စဉ် ကင်မ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းက “နိုင်ငံရဲ့…
international news အသက် ၁၅ နှစ်အောက် ကလေးငယ်များ လူမှုကွန်ရက်အသုံးပြုမှု ပိတ်ပင်ရန် ပြင်သစ်အမျိုးသားလွှတ်တော် အတည်ပြု January 28, 2026 Htet Ko PSM(News)ဇန်နဝါရီ ၂၈၊ ၂၀၂၆ အွန်လိုင်းပေါ်တွင် အနိုင်ကျင့်ခံရမှုများနှင့် စိတ်ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများအပေါ် စိုးရိမ်မှုများ မြင့်တက်လာခြင်းကြောင့် ပြင်သစ်အမျိုးသားလွှတ်တော်သည် အသက် ၁၅ နှစ်အောက် ကလေးငယ်များ လူမှုကွန်ရက် အသုံးပြုခြင်းကို ပိတ်ပင်သည့် ဥပဒေကြမ်းတစ်ခုအား တနင်္လာနေ့တွင် အတည်ပြုလိုက်သည်။ အဆိုပါ ဥပဒေကြမ်းကို လွှတ်တော်အမတ် ၁၃၀ က ထောက်ခံပြီး ၂၁ ဦးက ကန့်ကွက်ကာ အတည်ပြုခဲ့ခြင်း…
international news မင်နီဆိုတာ တရားသူကြီးက ICE အရာရှိချုပ်အား ရုံးတော်သို့ကိုယ်တိုင်လာရောက်ရှင်းလင်းရန် ဆင့်ခေါ် January 28, 2026 Htet Ko PSM(NEWS)ဇန်နဝါရီ ၂၈၊ ၂၀၂၆ မင်နီဆိုတာပြည်နယ် ဖက်ဒရယ်တရားသူကြီးချုပ် ပက်ထရစ် ရှီးလ်ဇ်က ချုပ်နှောင်ခံထားရသည့် ရွှေ့ပြောင်းနေထိုင်သူများအတွက် ကြားနာပွဲများ ကျင်းပပေးရန် တရားရုံးအမိန့်ကို လိုက်နာရန် ပျက်ကွက်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အရာရှိချုပ်တော့ဒ် လိုင်ယွန်အား လာမည့်သောကြာနေ့တွင် ရုံးတော်သို့ ကိုယ်တိုင်လာရောက်ရန် အမိန့်ထုတ်လိုက်သည်။ ICE အနေဖြင့် တရားရုံး၏ ညွှန်ကြားချက်များကို ထပ်တလဲလဲ ချိုးဖောက်နေသောကြောင့် အဆိုပါအရာရှိချုပ်အား တရားရုံးမထေမဲ့မြင်ပြုမှုဖြင့် အရေးယူခြင်း…
international news အမေရိကန်၏ ထိန်းချုပ်မှုအောက်တွင် ရောင်းချမည့် ဗင်နီဇွဲလားရေနံများကို ဝယ်ယူရန် PetroChina တုံ့ဆိုင်းနေ January 28, 2026 Htet Ko PSM(NEWS)ဇန်နာဝါရီ ၂၈၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စု၏ စီမံခန့်ခွဲမှုအောက်တွင် ရောင်းချနေသည့် ဗင်နီဇွဲလားရေနံများကို ဝယ်ယူရန် PetroChina ကုမ္ပဏီက လက်ရှိတွင် ရှောင်လွှဲနေကြောင်း လုပ်ငန်းတွင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ အဆိုပါလုပ်ရပ်သည် ကမ္ဘာ့အကြီးဆုံး ရေနံတင်သွင်းသည့် နိုင်ငံဖြစ်သော တရုတ်နိုင်ငံအနေဖြင့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများကို စိုးရိမ်နေဆဲဖြစ်ကြောင်း ပြသနေသည်။ ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံကုမ္ပဏီ PDVSA သည်…
international news 𝐏𝐒𝐌 𝐍𝐞𝐰𝐬 – နိုင်ငံတကာသတင်းများ( ၂၇.၁. ၂၀၂၆ ) January 27, 2026 Htet Ko https://www.youtube.com/watch?v=ZYNiUEZb1pc
international news ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး ကို ICC ကြားနာမှုတွင် ပါဝင်နိုင်ကြောင်း အတည်ပြု January 27, 2026 Htet Ko PSM News ဇန်နဝါရီ ၂၇၊ ၂၀၂၆ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး သည် အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) ၏ ကြိုတင်တရားစွဲဆိုမှု (Pre-Trial Proceedings) တွင် ကိုယ်တိုင်ပါဝင်နိုင်ရန် လုံလောက်သော ကျန်းမာရေးအခြေအနေရှိနေကြောင်း ICC က ထုတ်ပြန်ကြေညာခဲ့သည်။ ICC ၏ ထုတ်ပြန်ချက်အရ ဒူတာတေး၏ ကျန်းမာရေးအခြေအနေကို ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများအပေါ် မူတည်၍…
international news အီရန်၏ လျှို့ဝှက်သင်္ဘောများဖြင့် မြန်မာစစ်ကော်မရှင်၏ လေကြောင်းစစ်ဆင်ရေးများအတွက် လောင်စာဆီ ထောက်ပံ့နေ January 27, 2026 Htet Ko PSM(NEWS) ဇန်နာဝါရီ ၂၇၊ ၂၀၂၆ အီရန်နိုင်ငံသည် မြန်မာစစ်တပ်ထံသို့ လေယာဉ်ဆီအမြောက်အမြားကို လျှို့ဝှက်တင်ပို့လျက်ရှိကြောင်း သိရသည်။ စစ်ကော်မရှင်က အရပ်သားပစ်မှတ်များအပေါ် လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေချိန်တွင် အီရန်သည် စစ်တပ်၏ အဓိက လေယာဉ်ဆီနှင့် ခဲယမ်းမီးကျောက် ထုတ်လုပ်ရာတွင် အသုံးပြုသည့်ယူရီးယား ကုန်ကြမ်း ထောက်ပံ့သူ ဖြစ်လာနေသည်။ အဆိုပါတင်ပို့မှုများသည် နှစ်နိုင်ငံလုံးအပေါ် ချမှတ်ထားသော အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများကို ချိုးဖောက်နေခြင်းလည်း ဖြစ်သည်။…
international news ရေနံဈေးနှုန်းများ မြင့်တက်လာသော်လည်း မတ်လတွင် ရေနံထုတ်လုပ်မှု ရပ်နားထားမှုကို OPEC+ ဆက်လက်ထိန်းသိမ်းထားဖွယ်ရှိ January 27, 2026 Htet Ko PSM(NEWS) ဇန်နဝါရီ ၂၇၊ ၂၀၂၆ ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်နေသော်လည်း အဓိကရေနံထုတ်လုပ်သည့်နိုင်ငံများအဖွဲ့ဖြစ်သော OPEC+ သည် လာမည့်မတ်လတွင် ရေနံထုတ်လုပ်မှု တိုးမြှင့်ခြင်းမပြုဘဲ လက်ရှိအတိုင်း ဆက်လက်ရပ်နားထားဖွယ်ရှိကြောင်း အဆိုပါအဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဈေးကွက်အတွင်း ဝယ်လိုအားနှင့် ရောင်းလိုအား ဟန်ချက်ညီစေရန်နှင့် ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းညှိရန်အတွက် ယခုကဲ့သို့ ဆုံးဖြတ်ဖွယ်ရှိခြင်း ဖြစ်သည်။ OPEC+ အဖွဲ့သည်…
international news ရုရှားသဘာဝဓာတ်ငွေ့ တင်သွင်းမှု ပိတ်ပင်ရန် EU အဖွဲ့ဝင်နိုင်ငံများ အတည်ပြု January 27, 2026 Htet Ko PSM(NEWS) ဇန်နဝါရီ ၂၇၊ ၂၀၂၆ ယူကရိန်းကို ရုရှားက အလုံးစုံကျူးကျော်ဝင်ရောက်ခဲ့ပြီးနောက် (၄) နှစ်နီးပါးအကြာတွင် ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများသည် ရုရှားထံမှ သဘာဝဓာတ်ငွေ့တင်သွင်းမှုကို ၂၀၂၇ ခုနှစ်နှောင်းပိုင်းတွင် အပြီးတိုင်ပိတ်ပင်ရန် တနင်္လာနေ့၌ အတည်ပြုလိုက်ပြီဖြစ်သည်။ ယင်းဆုံးဖြတ်ချက်ကြောင့် ရုရှားစွမ်းအင်အပေါ် ဖြတ်တောက်မည့် ၎င်းတို့၏ကတိကဝတ်မှာ ဥပဒေကြောင်းအရ အတည်ဖြစ်လာခဲ့သည်။ ဘရပ်ဆဲလ်မြို့၌ ကျင်းပသည့် ဝန်ကြီးများအဆင့် အစည်းအဝေးတွင် အဆိုပါဥပဒေကို…
international news ဖက်ဒရယ်အေးဂျင့်များ၏ ပစ်ခတ်မှုကြောင့် သူနာပြု အဲလက်စ် ပရက်တီ သေဆုံး၊ အမေရိကန်တစ်ဝန်း ICE ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အရှိန်အဟုန်ဖြင့် ပျံ့နှံ့ January 26, 2026 Htet Ko PSM (NEWS) ဇန်နဝါရီ ၂၆၊ ၂၀၂၆ မင်နီယာပိုလစ်မြို့တွင် နေထိုင်သည့် အသက် ၃၇ နှစ်အရွယ် သူနာပြု အဲလက်စ် ပရက်တီ သည် ဖက်ဒရယ်အေးဂျင့်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပြီးနောက်၊ အမေရိကန်တစ်ဝန်း လူထုဆန္ဒပြပွဲများ အကြီးအကျယ် ပေါ်ပေါက်လာခဲ့သည်။ စနေနေ့တွင် မင်နီယာပိုလစ်၊ နယူးယောက်၊ ဆန်ဖရန်စစ္စကို၊ ဘော့စတွန်နှင့် ပရိုဗီဒင့် အစရှိသည့် မြို့ကြီးများတွင် လူထောင်ချီ…