PSM(NEWS) မတ် ၂၁ ၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် သည် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးတွင် ပါဝင်ကူညီရန် ပျက်ကွက်နေသည့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) မဟာမိတ်နိုင်ငံများအား “သူရဲဘောကြောင်သူများ”ဟု သမုတ်ကာ သောကြာနေ့တွင် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။ သမ္မတ ထရန့်သည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သော Truth Socialတွင်“အမေရိကန်ပြည်ထောင်စု မပါဝင်ပါက NATO သည် စက္ကူကျားသာ ဖြစ်သည်” ဟု ရေးသားခဲ့သည်။ နေတိုးအဖွဲ့ဝင်နိုင်ငံများသည် မြင့်မားလှသော ရေနံဈေးနှုန်းများအတွက် ညည်းညူနေကြသော်လည်း ရေလမ်းကြောင်း ပြန်လည် ဖွင့်လှစ်ရေးကဲ့သို့သော အန္တရာယ်နည်းပါးသည့် စစ်ရေးလှုပ်ရှားမှုတွင်မူ ကူညီရန် ငြင်းဆန်နေကြသည်ဟု ၎င်းက ဆိုသည်။ အမေရိကန်အစိုးရ အရာရှိများ၏ အဆိုအရ သမ္မတ ထရန့်သည် အီရန်နိုင်ငံ၏ ရေနံစိမ်းတင်ပို့မှု ၉၀ ရာခိုင်နှုန်းကို လုပ်ဆောင်ပေးနေသည့် ခါ့ဂ်ကျွန်း ကို သိမ်းပိုက်ရန် သို့မဟုတ် ပိတ်ဆို့ရန်အထိ စီစဉ်နေကြောင်း သိရသည်။ ထို့ပြင် အီရန်နိုင်ငံ၌ အင်တာနက်ဖြတ်တောက်ထားမှုမှာ ၂၁ ရက်မြောက်အထိ ရှိလာနေပြီး တရုတ်နိုင်ငံကလည်း ယခုစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေး ထိခိုက်နိုင်သည်ဟု သတိပေးကာ တိုက်ခိုက်မှုများ ရပ်တန့်ရန် တောင်းဆိုထားသည်။ ကိုးကား The Independent #ဟော်မုဇ်ရေလက်ကြား #ဒေါ်နယ်ထရန့်ဝေဖန် #နေတိုးမဟာမိတ် #ကမ္ဘာ့စီးပွားရေး_ထိခိုက် #အီရန် #အင်တာနက်ဖြတ်တောက် #PSM_News Post navigation ဂျပန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် သမ္မတ ထရမ့်က ပုလဲဆိပ်ကမ်း တိုက်ခိုက်မှုနှင့် အီရန်အရေးကို နှိုင်းယှဉ်ပြောကြား ဂျပန်နိုင်ငံတွင် အမေရိကန်ရေနံများ သိုလှောင်ထားရှိရန် စီစဉ်နေကြောင်း ဝန်ကြီးချုပ်ပြောကြား