Category: international news

နျူကလီးယားမူဝါဒ ပြောင်းလဲရန် အလားအလာမရှိကြောင်း အီရန်ပြောဆို၊ ဟော်မုဇ်ရေလက်ကြားအတွက် မူဘောင်အသစ် လိုအပ်မည်ဟုဆို

PSM(NEWS) မတ် ၁၉၊ ၂၀၂၆ အီရန်နိုင်ငံ၏ နျူကလီးယားလက်နက် ထုတ်လုပ်မှုအပေါ် ဆန့်ကျင်သည့် ရပ်တည်ချက်သည် သိသိသာသာ ပြောင်းလဲသွားဖွယ်မရှိကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက ပြောကြားလိုက်သည်။ သို့သော်လည်း အီရန်၏ အမြင့်ဆုံး ခေါင်းဆောင်သစ်အနေဖြင့် ဤကိစ္စရပ်အပေါ် ၎င်း၏သဘောထားကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်း ၎င်းက သတိပေးပြောဆိုခဲ့သည်။ အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲအတွင်း…

အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ရေနံရရှိမှု မြှင့်တင်ရန် ထရမ့်အစိုးရ ကြိုးပမ်း၊ ဗင်နီဇွဲလားအပေါ် ချမှတ်ထားသော ရေနံပိတ်ဆို့မှုအချို့ကို အမေရိကန် ဖြေလျှော့ပေး

PSM(NEWS) မတ် ၁၉၊ ၂၀၂၆ အီရန်စစ်ပွဲအတွင်း ကမ္ဘာ့ရေနံရရှိမှု အခြေအနေကို မြှင့်တင်ရန်အတွက် ထရမ့်အစိုးရက ကြိုးပမ်းနေစဉ်၊ ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီနှင့် စီးပွားရေးလုပ်ဆောင်ခွင့်ကို အကန့်အသတ်အချို့ဖြင့် ခွင့်ပြုပေးရန် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ဆုံးဖြတ်လိုက်သည်။ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သော လုပ်ပိုင်ခွင့်အာဏာအရ ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံကုမ္ပဏီ (PDVSA) အနေဖြင့် ၎င်းတို့၏ ရေနံများကို အမေရိကန်…

ဥရောပသမဂ္ဂ ဥက္ကဋ္ဌ ဖွန်ဒါလီယန် သြစတြေးလျသို့ သွားရောက်မည်ဖြစ်ပြီး ကုန်သွယ်ရေး သဘောတူညီချက် အပြီးသတ်နိုင်ဖွယ်ရှိ

PSM(NEWS) မတ် ၁၉၊ ၂၀၂၆ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဖွန်ဒါလီယန် သည် လာမည့်အပတ်တွင် သြစတြေးလျနိုင်ငံသို့ သွားရောက်ကာ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘာနီးစ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး၊ နှစ်ဖက်အကြား လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် (FTA) အတွက် ညှိနှိုင်းမှုများကို အပြီးသတ်နိုင်ဖွယ်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ဥရောပသမဂ္ဂ (EU)…

ဟော်မုဇ်ရေလက်ကြားအတွင်း ရေနံတင်သင်္ဘောများ ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေး အီရတ်နှင့် အီရန်တို့ ဆွေးနွေးလျက်ရှိ

PSM(NEWS) မတ် ၁၈၊ ၂၀၂၆ ဟော်မုဇ် ရေလက်ကြားအတွင်း အီရတ်ရေနံတင် သင်္ဘောအချို့ ဖြတ်သန်းခွင့်ရရှိရန် အီရတ်အစိုးရသည် အီရန်နိုင်ငံနှင့် ဆွေးနွေးလျက်ရှိကြောင်း အီရတ်ရေနံဝန်ကြီး ဟာယန်အဗ္ဗဒူဂါနီက ပြောကြား‌‌သည်ဟု နိုင်ငံပိုင်သတင်းဌာနက အင်္ဂါနေ့တွင်ဖော်ပြခဲ့သည်။ အီရတ်နိုင်ငံပိုင် ရေပိုင်နက်အတွင်း ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရမှုများ ဖြစ်ပွားပြီးနောက် ရေနံစိမ်းတင်ပို့မှု အနှောင့်အယှက် ဖြစ်နေခြင်းကို လျှော့ချနိုင်ရန် အီရတ်အစိုးရက ကြိုးပမ်းနေခြင်းဖြစ်သည်။ ထို့အပြင် ကာဒစ္စတန်ဒေသကို…

အီရန်၏ ရေနံထုတ်လုပ်မှုနှင့် တင်ပို့မှုများ အနှောင့်အယှက်မရှိ ဆက်လက် လည်ပတ်နေကြောင်းတာဝန်ရှိသူ ပြောကြား

PSM(NEWS) မတ် ၁၈၊ ၂၀၂၆ အီရန်နိုင်ငံ၏ ရေနံထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှု လုပ်ငန်းစဉ်များသည် အနှောင့်အယှက် တစ်စုံတစ်ရာမရှိဘဲ ဆက်လက် လည်ပတ်နေကြောင်း ပါလီမန်စွမ်းအင်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ထို့အပြင် ခါ့ဂ်ကျွန်း ပေါ်ရှိနေ့စဉ်လူမှုဘဝများသည်လည်းပုံမှန်အတိုင်းပင်ရှိနေကြောင်း ၎င်းကဆိုသည်။ ရေနံတင်ပို့သည့် နိုင်ငံများအဖွဲ့ (OPEC) အဖွဲ့ဝင် အီရန်နိုင်ငံ၏ ပင်လယ်ရေကြောင်းရေနံတင်ပို့မှု ၉၀ ရာခိုင်နှုန်းခန့်ကို ကိုင်တွယ်ပေးနေသည့်…

အီရန်ခေါင်းဆောင်ပိုင်းကို အထိနာစေသည့် တိုက်ခိုက်မှုတွင် ထိပ်တန်းအရာရှိကြီးနှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း အစ္စရေးပြောကြား

PSM(NEWS) မတ် ၁၈၊ ၂၀၂၆ အီရန်နိုင်ငံ၏ ခေါင်းဆောင်ပိုင်းကို အကြီးအကျယ် ထိုးနှက်လိုက်သည့်အနေဖြင့် ညတွင်းချင်း ဗုံးကြဲတိုက်ခိုက်မှုအတွင်း အီရန်ထိပ်တန်း လုံခြုံရေးအရာရှိကြီးနှစ်ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း အစ္စရေးက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ အီရန်ဘက်ကမူ အဆိုပါ သေဆုံးမှုများကို ချက်ချင်းအတည်ပြုခြင်း မရှိသေးဘဲ အိမ်နီးချင်း ပင်လယ်ကွေ့ အာရပ်နိုင်ငံများနှင့် အစ္စရေးနိုင်ငံတို့ထံသို့ ဒုံးကျည်များနှင့် ဒရုန်းများဖြင့် အရှိန်အဟုန်မြှင့် တုံ့ပြန်တိုက်ခိုက်ခဲ့ရာ စစ်မီးမှာ…

ကျူးဘားအရေးနှင့်ပတ်သက်၍ မိမိအလိုရှိရာ လုပ်ဆောင်နိုင်သည်ဟု ထရမ့်ပြောကြား

PSM(NEWS) မတ် ၁၇ ၊၂၀၂၆ အမေရိကန်သမ္မတသည် ကွန်မြူနစ်အုပ်ချုပ်သည့် ကျူးဘားကျွန်းနိုင်ငံအပေါ် ပြင်းထန်သော စကားလုံးများဖြင့် ဖိအားပေးမှုများ တိုးမြှင့်လာသည်။ တစ်ဖက်တွင်လည်း အမေရိကန်နှင့် ကျူးဘားတို့အကြား အငြင်းပွားမှုများကို ဖြေရှင်းရန် ဆွေးနွေးပွဲများ စတင်နေသည်။ အမေရိကန်၏ ရေနံပိတ်ဆို့မှုဒဏ်ကြောင့် ကျူးဘား၏ လျှပ်စစ်ဓာတ်အားပေးစနစ်တစ်ခုလုံး ပြိုလဲသွားခဲ့သည်။ ကျူးဘားသမ္မတ ရာထူးမှဆင်းပေးရန် အမေရိကန်က ပြောကြားထားကြောင်း New York Times…

မက္ကဆီကိုစီးတီးတွင် ကမ္ဘာ့အကြီးဆုံး ဘောလုံးသင်တန်းအတွက်ဂင်းနစ်စံချိန်သစ်တင်

PSM(NEWS) မတ် ၁၇ ၊ ၂၀၂၆ လာမည့်ဇွန်လတွင် ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၏ ဖွင့်ပွဲစဉ်ကို လက်ခံကျင်းပရန် ပြင်ဆင်နေသည့် မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီးမြို့၏ ဇိုကာလိုရင်ပြင်တွင် တနင်္ဂနွေနေ့က လူပေါင်း ၉,၅၀၀ တက်ရောက်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ဘောလုံးသင်တန်းအဖြစ် ဂင်းနစ်စံချိန်သစ် တင်နိုင်ခဲ့သည်။ မြို့တော်၏ အဓိကရင်ပြင်သည် လူအများအပြား ဘောလုံးလေ့ကျင့်ခန်းများ ပြုလုပ်နိုင်သည့် ပြင်ပလေ့ကျင့်ရေးကွင်းကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီး…

ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ – ဟော်မတ်ဇ်ရေလက်ကြားအား ပြန်လည်ဖွင့်လှစ်ရေးအတွက် မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်နေ

PSM(NEWS) မတ် ၁၇၊ ၂၀၂၆ အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်စွာသွားလာခွင့်ကို ပြန်လည်ရရှိစေရန်နှင့် ဟော်မတ်ဇ်ရေလက်ကြားအား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဗြိတိန်နိုင်ငံသည် ၎င်း၏ မဟာမိတ်များနှင့်အတူ စုပေါင်းအစီအစဉ်တစ်ခု ရေးဆွဲဆောင်ရွက်နေကြောင်း၊ သို့သော်လည်း ၎င်းမှာ လွယ်ကူသည့်ကိစ္စရပ်မဟုတ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာက တနင်္လာနေ့တွင် ပြောကြားလိုက်သည်။ “နောက်ဆုံးတွင်၊ ရေနံဈေးကွက် တည်ငြိမ်မှုရှိစေဖို့အတွက် ဟော်မတ်ဇ်ရေလက်ကြားကို ကျွန်‌တော်တို့ ပြန်ဖွင့်ရပါမယ်။ ဒါဟာ ရိုးရှင်းတဲ့…

အီရန်၏ ခေါင်းဆောင်သစ် လူမြင်ကွင်းသို့ ထွက်မလာခြင်းမှာ အစိုးရအတွက် ‘အရှက်ရစရာ ဖြစ်လာနေပြီ’ ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ပြောကြား

PSM(NEWS) မတ် ၁၇၊ ၂၀၂၆ အီရန်နိုင်ငံ၏ ခေါင်းဆောင်သစ် မိုဂျ်တာဘာ ခါမေနီ သည် ၎င်း၏ဖခင်ဖြစ်သူ ကွယ်လွန်သွားသည့် အာယာတိုလာ အလီ ခါမေနီ ၏နေရာကို ဆက်ခံပြီးနောက်ပိုင်း လူမြင်ကွင်းတွင်ဖြစ်စေ၊ ဗီဒီယိုမှတစ်ဆင့်ဖြစ်စေ တစ်ကြိမ်တစ်ခါမျှ ပေါ်လာခြင်းမရှိသေးသည်မှာ အီရန်အစိုးရအတွက် အရှက်ရစရာ ဖြစ်လာနေပြီဟုအစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန် ဆာ က ပြောကြားလိုက်သည်။ ဆာသည် “The Faulkner…