Category: daily-news

စစ်ခေါင်းဆောင်က ပြည်ထဲရေးဝန်ကြီးနေရာတွင် စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အစားထိုး၍ ဝန်ကြီး ၄ ဦးအထိ လဲလှယ်ထား

PSM(News) ဇန်နဝါရီ ၂၈ ရက် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏ အုပ်ချုပ်ရေးယန္တရား အတွက် အဓိကကျသည့် ပြည်ထဲရေးဝန်ကြီးဌာနကို စိတ်တိုင်းကျခြင်းမရှိဘဲ လေးဦးမြောက် ဝန်ကြီး အဖြစ် ထပ်မံလဲလှယ်ခဲ့သည်။ စစ်ခေါင်းဆောင်သည် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို ရာထူးမှ ဖယ်ရှားကာ ၎င်း၏ နေရာတွင် စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ်ကို အစားထိုး ခန့်အပ်လိုက်ကြောင်း…

ဆားလင်းကြီးမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်များ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

PSM(News) ဇန်နဝါရီ ၂၇၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်တွင် အင်အား ၁၀၀ ကျော်ဖြင့် အထိုင်ချတပ်စွဲထားသည့် စစ်ကော် မရှင်တပ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ လေး ဦး သေဆုံးခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။ စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပသည့် ဇန်နဝါရီ ၂၅…

စစ်ခေါင်းဆောင်မန္တလေးသို့ လျှို့ဝှက်လာရောက်မည်ဟု သတင်းထွက်ပေါ်နေချိန် နန်းတွင်းတွင် ရှော့တိုက်ဒုံး ၅ လုံး ပစ်ခတ်ခံရပြီး တိုင်းမှူးအိမ် ထိမှန်ဟုဆို

PSM(News) ဇန်နဝါရီ ၂၇၊ ၂၀၂၆ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးသို့ လျှို့ဝှက်လာရောက်ကာ ယတြာချေ ရန်ရှိသည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် ယနေ့ ဇန်နဝါရီ ၂၇ ရက် နံနက်အစောပိုင်းက မန္တလေးနန်းတွင်း (လပခ) အတွင်းသို့ ရှော့တိုက်ဒုံး ငါး လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။ ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်…

ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကို အမှတ်-၈၀၀၂ တပ်ရင်းအဖြစ် MOD က ပြောင်းလဲဖွဲ့စည်း

PSM(News) ဇန်နဝါရီ ၂၇၊ ၂၀၂၆ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) သည် ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF) ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၈၀၀၂) တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ယနေ့ ဇန်နဝါရီလ ၂၇ ရက်တွင် အတည်ပြု ထုတ်ပြန်သည်။ ယခင်က ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဒေါနတပ်ရင်း၏ “ဒေါန စစ်ကြောင်း -၃”…

NLD အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကွယ်လွန် (ဇန်နဝါရီ ၂၆ ၊ ၂၀၂၆)

NLD အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကွယ်လွန် PSM (News) ဇန်နဝါရီ ၂၆ ၊ ၂၀၂၆ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဒေါက်တာမြင့်ထွေးသည် ယနေ့ ဇန်နဝါရီလ ၂၆ ရက်၊ ညနေ ၅ နာရီ ၄၃ မိနစ်က ထိုင်းနိုင်ငံ၊…

စလင်းမြို့နယ်ရှိ စစ်ကော်မရှင်တပ်စခန်းများ တိုက်ခိုက်ခံရပြီး သေဆုံးသူများပြား၊ ထောက်ပို့ယာဉ်တန်း ၅ စီးအား ဖြတ်တောက်သိမ်းဆည်းရမိ

စလင်းမြို့နယ်ရှိ စစ်ကော်မရှင်တပ်စခန်းများ တိုက်ခိုက်ခံရပြီး သေဆုံးသူများပြား၊ ထောက်ပို့ယာဉ်တန်း ၅ စီးအား ဖြတ်တောက်သိမ်းဆည်းရမိ PSM(News) ဇန်နဝါရီ ၂၆၊ ၂၀၂၆ မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ စစ်ကော်မရှင်၏ အထိုင်စခန်းများကို ဗမာ့တပ်တော် (Bamar Army – BA) နှင့် မဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ အထိနာပြီး သေဆုံးသူ အများအပြားရှိကြောင်း သိရသည်။ စလင်းမြို့နယ်၊…

အထက်မင်းလှတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များအား USBA က ကြားဖြတ်တိုက်ခိုက်၊ ၄ ဦးသေဆုံး

အထက်မင်းလှတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များအား USBA က ကြားဖြတ်တိုက်ခိုက်၊ ၄ ဦးသေဆုံး PSM(News) ဇန်နဝါရီ ၂၆၊ ၂၀၂၆ မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများကို ဗမာ ပြည်ကာကွယ်ရေးတပ် (USBA) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ လေး ဦး သေဆုံးသွားကြောင်း သိရသည်။ အထက်မင်းလှမြို့နယ် တောင်ဘက်ခြမ်းရှိ စစ္စနို့ကျေးရွာအတွင်း လူထုစည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်…