PSM(News) ဇန်နဝါရီ ၂၇၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်တွင် အင်အား ၁၀၀ ကျော်ဖြင့် အထိုင်ချတပ်စွဲထားသည့် စစ်ကော် မရှင်တပ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ လေး ဦး သေဆုံးခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။ စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပသည့် ဇန်နဝါရီ ၂၅ ရက် နေ့တွင် တော်လှန် ရေးပူးပေါင်းအဖွဲ့များက အဆိုပါစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များအပြင် ဒရုန်း (Drone) များဖြင့်ပါ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် တစ် ဦးမှာ နေရာတွင်ပင် မျက်မြင်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများထဲမှ သုံး ဦး ထပ်မံသေဆုံးခဲ့သဖြင့် စုစုပေါင်း လေး ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းစစ်ဆင်ရေးကို ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ (လက်ရုံးတပ်)၊ Royal Tiger Force ပြောက်ကျားတပ်ဖွဲ့၊ ဆားလင်းကြီးမြို့နယ် ပလဖ၊ C.D.F (ချင်းတွင်းကာကွယ်ရေးအဖွဲ့)၊ မျိုးဆက်သစ်လူငယ် S.P.D.F၊ Solo အောင်ကြီး၊ SRA၊ ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ BED ငညို ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် အခြားမဟာမိတ်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုအပြီးတွင် တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက်မရှိဘဲ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ပူးပေါင်းအဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ ဓာတ်ပုံ – Royal Tiger Force #PSM_News #ဆားလင်းကြီး #စစ်ကိုင်း #RoyalTigerForce #PDF #ပူးပေါင်းစစ်ဆင်ရေး Post navigation စစ်ခေါင်းဆောင်မန္တလေးသို့ လျှို့ဝှက်လာရောက်မည်ဟု သတင်းထွက်ပေါ်နေချိန် နန်းတွင်းတွင် ရှော့တိုက်ဒုံး ၅ လုံး ပစ်ခတ်ခံရပြီး တိုင်းမှူးအိမ် ထိမှန်ဟုဆို 𝐏𝐒𝐌 𝐍𝐞𝐰𝐬 – ရုပ်သံသတင်းအစီအစဉ်(27.1.2026)