PSM(News)

ဇန်နဝါရီ ၂၇၊ ၂၀၂၆

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) သည် ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF) ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၈၀၀၂) တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ယနေ့ ဇန်နဝါရီလ ၂၇ ရက်တွင် အတည်ပြု ထုတ်ပြန်သည်။

ယခင်က ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဒေါနတပ်ရင်း၏ “ဒေါန စစ်ကြောင်း -၃” အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် KBDF သည် ယခုအခါ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ် အမိန့်အရ အမှတ် (၈၀၀၂) တပ်ရင်း KBDF အဖြစ် တရားဝင် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြောင်းလဲဖွဲ့စည်းမှုကို တပ်ရင်းမှူး ရဲဘော်အောင်ပန်းက အတည်ပြု လက်မှတ်ရေးထိုး ထုတ်ပြန် ထားပြီး KBDF သည် MOD၏ စနစ်တကျ ကွပ်ကဲမှုအောက်တွင် ပိုမိုခိုင်မာစွာ တည်ရှိလာမည် ဖြစ်သည်။ KBDF သည် တနင်္သာရီတိုင်းအတွင်း စစ်ဆင်ရေးလုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ဆောင် နေသည့် တပ်ဖွဲ့တစ်ခု ဖြစ်ပါသည်။

#PSM_News

#KBDF

#တပ်ရင်း၈၀၀၂

#MOD

#ကံပေါက်

#တနင်္သာရီ

By Htet Ko

You missed