daily-news နတ်မောက်တွင် စစ်ကော်မရှင်စစ်ကြောင်း အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံရပြီး တိုက်ခိုက်ရေး ဒရုန်းတစ်စင်း PLA ပစ်ချ April 9, 2026 Htet Ko PSM(News) ဧပြီ ၉၊ ၂၀၂၆ မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ဖွဲ့များကို ၈ ရက်တာအတွင်း အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိသည့်အပြင် တိုက်ခိုက်ရေးဒရုန်းတစ်စင်းကိုပါ ပစ်ချသိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့လွတ်မြောက် ရေး တပ်မတော် (PLA) က ထုတ်ပြန်သည်။ PLA သည် ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့က ရမည်းသင်းမြို့နယ်၊…
daily-news KNU ဖားအံခရိုင်အကျဉ်းထောင်မှ မိသားစုများ ပြန်လည်ပေါင်းစည်းနိုင်ရန်ရည်ရွယ်၍ နှစ်သစ်ကူး သင်္ကြန်အမီ အကျဉ်းသား ၃၈ ဦးကို လွတ်ငြိမ်းခွင့်ပြု April 9, 2026 Htet Ko PSM(News) ဧပြီ ၉ ၊ ၂၀၂၆ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၇) ထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၃၈ ဦးကို မြန်မာ့ရိုးရာ နှစ်သစ်ကူး သင်္ကြန်ကာလအတွင်း မိသားစုများနှင့် ပြန်လည်ပေါင်းစည်းနိုင်ရန်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပြု လိုက်ကြောင်း သိရသည်။ အဆိုပါ လွတ်ငြိမ်းခွင့်ပေးခြင်း အခမ်းအနားကို ပြီးခဲ့သည့် ဧပြီလ…
daily-news MTC/MDF က လူငယ် ၁၀၀ ကျော်ကို ဘောလုံးပွဲအတွင်း လက်နက်ဖြင့် ဖမ်းဆီးပြီးနောက် အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရန် ထုတ်ပြန် April 8, 2026 Htet Ko PSM(News) ဧပြီ ၈ ၊ ၂၀၂၆ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ မရာဒေသတွင် ဘောလုံးပွဲကြည့်နေသည့် လူငယ် ၁၀၀ ကျော်ကို လက်နက်ဖြင့် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပွားခဲ့ပြီးနောက်၊ မရာနယ်မြေအတွင်းရှိ အရွယ်ရောက်ပြီးသူ မရာလူမျိုးတိုင်း စစ်မှုထမ်းရမည်ဟု မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/ မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ့ (MTC/MDF) က ယနေ့ ဧပြီ ၈ ရက်တွင် ထုတ်ပြန်သည်။…
daily-news စစ်အုပ်စုက မြေပြင်တွင် မတ်လ တစ်လတည်း၌ပင် အမျိုးသမီး ၉၀ နီးပါးကို သတ်ဖြတ်ခဲ့ April 8, 2026 Htet Ko PSM(News) ဧပြီ ၈ ၊ ၂၀၂၆ အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့ကိုယ်ကို အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုခံရရေးအတွက် လွှတ်တော်ခေါ်ယူခြင်းနှင့် သမ္မတရွေးချယ်ခြင်းများ ဟန်ပြလုပ်ဆောင်နေသော်လည်း လက်တွေ့မြေပြင် တွင်မူ ပြီးခဲ့သည့် မတ်လတစ်လတည်း၌ပင် အမျိုးသမီး ၈၈ ဦးကို သတ်ဖြတ်ခဲ့ကြောင်း မြန်မာ့ အမျိုးသမီးသမဂ္ဂ (BWU) ထံမှ သိရသည်။ စစ်အုပ်စုသည် နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့်…
daily-news တောင်ဥက္ကလာတွင် လူငယ်များကို ဖမ်းဆီးကာ ငွေညှစ်ခြင်းနှင့် စစ်တပ်သို့ ရောင်းစားခြင်းများ ပြုလုပ်နေ April 8, 2026 Htet Ko PSM(News) ဧပြီ ၈၊ ၂၀၂၆ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များက လမ်းသွားလမ်းလာ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးပြီး မိသားစုထံမှ ငွေညှစ်ခြင်းနှင့် စစ်တပ်သို့ ပြန်လည် ရောင်းစားခြင်းများ ပြုလုပ်နေကြောင်း Rangoon Scout Network နှင့် ဒေသခံများထံမှ သိရသည်။ တောင်ဥက္ကလာပမြို့နယ်၊ ၅ ရပ်ကွက်၊ ဗြဟ္မာစိုရ်လမ်းပေါ်၌ ကွမ်းယာထွက်ဝယ်သည့် လူငယ်တစ်ဦးကို ယမန်နေ့…
daily-news ရေဖြူတွင် စစ်ကော်မရှင်ကာကင်းစခန်း ၂ ခုကို သိမ်းပိုက်ရှင်းလင်း၊ အရာရှိများအပါအဝင် ၅ ဦးထက် မနည်း သေဆုံး April 8, 2026 Htet Ko PSM(News) ဧပြီ ၈၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင်၏ ကာကင်းစခန်း နှစ် ခုကို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းရန်လာသည့် စစ်ကြောင်းကိုပါ ထပ်မံတိုက်ခိုက်ခဲ့ရာ အရာရှိများအပါအဝင် ငါး ဦးထက်မနည်း သေဆုံးကြောင်း လောင်းလုံးသံမဏိ လိပ်ပြာတပ်ဖွဲ့ (LLSBF) က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်တွင်…
daily-news ဘုတ်ပြင်းရှိ စစ်ကော်မရှင်အထိုင်စခန်းများ တိုက်ခိုက်ခံရပြီး အရာရှိအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံး April 7, 2026 Htet Ko PSM(News) ဧပြီ ၇၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်အတွင်း အခြေစိုက်တပ်စွဲထားသော စစ်ကော်မရှင်တပ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ အရာရှိတစ်ဦးအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံမှ သိရသည်။ အင်အား ၂၀၀ ခန့်ရှိသော စစ်ကော်မရှင်စစ်ကြောင်းသည် လေညာ-ရတနာပုံလမ်းပိုင်းရှိ အမှတ် (၈) မိုင်အနီးသို့ ပြီးခဲ့သည့် မတ်လ…
daily-news အင်းတော်သိမ်းပိုက်ခြင်း ၁ နှစ်ပြည့်တွင် စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလာနိုင်သဖြင့် ထပ်မံ တိမ်းရှောင်ရမည်ကို စစ်ဘေးရှောင်များ စိုးရိမ်နေ April 7, 2026 Htet Ko PSM(News) ဧပြီ ၇ ၊ ၂၀၂၆ တော်လှန်ရေးတပ်ဖွဲ့များ အင်းတော်မြို့ကို သိမ်းပိုက်ခဲ့သည့် ၁ နှစ်ပြည့်မြောက်သည့် ယနေ့ ဧပြီ ၇ ရက် တွင် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ထီးချိုင့်နှင့် ဗန်းမောက်မြို့တို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်ကော်မရှင်တပ်များ အင်းတော်မြို့နယ်အထိ စစ်ကြောင်းထိုးလာနိုင်ခြင်းကြောင့် ဒေသတွင်း ခိုလှုံနေသည့် စစ်ဘေးရှောင်များနှင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေကြောင်း သိရသည်။ ထီးချိုင့်၊ ဗန်းမောက်၊…
daily-news ရေးတောင်ပိုင်းတွင် စစ်ကော်မရှင်တပ်ကို ညီနောင်တပ်ဖွဲ့များ ပြောက်ကျားစစ်ဆင်၊ စစ်ဗိုလ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံး April 7, 2026 Htet Ko PSM(News) ဧပြီ ၇၊ ၂၀၂၆ မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းတွင် အခြေစိုက်လှုပ်ရှားနေသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များက ရန်သူစစ်ကော်မရှင်တပ်၏ တိုက်ကင်းနှင့်ကာကင်းစခန်းများကို နှစ်ရက်ဆက်တိုက် ပြောက်ကျားစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် ရန်သူ သုံး ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ရေးမြို့နယ်တောင်ပိုင်း၊ ရင်းဒိန်ကျေးရွာနှင့် ရင်းရယ်ကျေးရွာအကြား၌ တိုက်ကင်းလှည့်နေသော ရန်သူစစ်ကော်မရှင်တပ်ကို ပြီးခဲ့သည့် ဧပြီလ ၃ ရက်၊ နံနက်…
daily-news ကန့်ဘလူရှိ အရေးပါသော သဖန်းဆိပ်ဆည်နှင့် အင်တိုင်းရွာတပ်စခန်းကို စစ်ကော်မရှင်တပ်က အင်အားသုံးထိုးစစ်ဆင်ပြီး ပြန်လည်ထိန်းချုပ် April 7, 2026 Htet Ko PSM (News) ဧပြီ ၇ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်းရှိ စစ်ရေးအရ အရေးပါသော သဖန်းဆိပ်ဆည်နှင့် အင်တိုင်း ရွာတို့ကို အကြမ်းဖက် စစ်ကော်မရှင် တပ်က ယမန်နေ့ ဧပြီ ၆ ညပိုင်းတွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ကာ ပြန်လည်သိမ်းပိုက်သွားကြောင်း သိရသည်။ အဆိုပါ အင်တိုင်းရွာတပ်စခန်းသည် သဖန်းဆိပ်ဆည်နှင့် တစ်မိုင်ခန့်သာ ကွာဝေးပြီး ပြီးခဲ့သည့်…