PSM(News) ဇူလိုင် ၇၊ ၂၀၂၆ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အသက် ၆၁ နှစ်အရွယ် တက္ကစီယာဉ်မောင်းတစ်ဦးသည် Expressway tollလမ်းဖြတ်သန်းခ ဘတ်၅၀အတွက် အငြင်းပွားရာမှ မြန်မာခရီးသည် ၅ ဦး၏ ပြင်းထန်စွာ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီးနောက် မျက်စိတစ်ဖက် အမြဲတမ်းကွယ်သွားခဲ့ရကြောင်း သိရသည်။ “စုပချိုင်း” ဟု အမည်ရသည့် အဆိုပါယာဉ်မောင်းမှာ ဖြစ်စဉ်ဖြစ်ပွားပြီး သုံးလနီးပါး ကြာမြင့်ခဲ့သော်လည်း ရဲတပ်ဖွဲ့အနေဖြင့် ပြစ်မှုကျူးလွန်သူများကို ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးသဖြင့် ဘန်ကောက်မြို့ရှိ “ဆိုင်းမိုင်တောင်ရော့” (Sai Mai Tong Rod) အကူအညီပေးရေးစင်တာမှတစ်ဆင့် တရားမျှတမှုရရှိရန် တောင်းဆိုခဲ့သည်။ ဖြစ်စဉ်မှာ ဧပြီလ ၁၂ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စုပချိုင်းသည် မြန်မာနိုင်ငံသား ၅ ဦး (အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး) အား မိုချစ်ဘတ်စ်ကားဂိတ်မှ ဆမွတ်ပရာကန်ခရိုင်၊ ဘန်ဖလီမြို့ရှိ ဟိုတယ်တစ်ခုသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ လမ်းခရီးတွင် ယာဉ်မောင်းက လမ်းဖြတ်သန်းခ ဘတ်၅၀ကို ကြိုတင်ပေးချေခဲ့သော်လည်း၊ ဟိုတယ်သို့ရောက်ရှိချိန်တွင် ခရီးသည်များက လမ်းဖြတ်ခကို ပေးချေရန် ငြင်းဆန်ကာ ဈေးနှုန်းပိုတောင်းသည်ဟု စွပ်စွဲခဲ့သည်။ ထိုသို့ ငြင်းခုံရာမှ ရှေ့ခန်းတွင်ထိုင်နေသည့် မြန်မာအမျိုးသားတစ်ဦးက ယာဉ်မောင်းအား ဓာတ်ပုံရိုက်ရန် ကြိုးပမ်းခဲ့ပြီး၊ ယာဉ်မောင်းက ကန့်ကွက်သည့်အခါ အချင်းများကာ ယာဉ်မောင်းအား အကြိမ်ကြိမ်ထိုးနှက်ခဲ့သဖြင့် သတိလစ်သွားခဲ့သည်။ ထို့နောက် ခရီးသည် ၅ ဦးလုံးမှာ အခကြေးငွေ ပေးချေခြင်းမရှိဘဲ ထွက်ပြေးသွားခဲ့သည်။ ယာဉ်မောင်းမှာ ဘန်ဖလီဆေးရုံတွင် သတိပြန်လည်ရရှိခဲ့ပြီး ဆရာဝန်များ၏ စစ်ဆေးချက်အရ မျက်လုံးအိမ်ရိုးကျိုးခြင်း၊ ဦးခေါင်းဒဏ်ရာနှင့် ဦးနှောက်အတွင်း သွေးယိုစိမ့်မှုများ ဖြစ်ပေါ်ခဲ့သည်။ နောက်ဆက်တွဲ ဆေးစစ်ချက်များအရ ၎င်း၏ ညာဘက်မျက်လုံးမှာ အမြဲတမ်းအမြင်အာရုံ ဆုံးရှုံးသွားခဲ့သည်။ လက်ရှိတွင် ၎င်းမှာ ခေါင်းကိုက်ခြင်းနှင့် မူးဝေခြင်းတို့ ခံစားနေရကာ ယာဉ်မောင်းအလုပ်ကို လုပ်ကိုင်နိုင်ခြင်းမရှိတော့ဘဲ မသန်စွမ်းသူအဖြစ် မှတ်ပုံတင်ထားရသည်။ ဘန်ကဲ့ရဲစခန်းသို့ တိုင်ကြားထားသော်လည်း ရဲတပ်ဖွဲ့မှာ ပြစ်မှုကျူးလွန်သူများ၏ အမည်နှင့် ပတ်စပို့နံပါတ်များကိုသာ ရရှိထားပြီး ၎င်းတို့၏ နေရပ်လိပ်စာနှင့် ဆက်သွယ်ရန် အချက်အလက်များကို ရှာဖွေနိုင်ခြင်းမရှိသေးပေ။ “ဆိုင်းမိုင်တောင်ရော့” တည်ထောင်သူ အီကာပေါ့ပ် လူအန်းပရာဆတ် က ဟိုတယ်ရှိ CCTV မှတ်တမ်းများကို အသုံးပြု၍ ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံး ဖော်ထုတ်ပေးရန် ရဲတပ်ဖွဲ့အား တိုက်တွန်းထားသည်။ ကိုးကား-Khaosod Post navigation ၂၀၂၆ ခုနှစ် လေးလအတွင်း ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ဝင်ရောက် ရေကြည်မြို့နယ် ပွိင့် ၂၂၇ ကာကင်းစခန်းများမှ ထွက်ပြေးသည့် စစ်အုပ်စု တပ်ဖွဲ့ဝင်များကို AA က လိုက်လံချေမှုန်းနေပြီး လေကြောင်းဖြင့်ပြန်လည် တုံ့ပြန်နေသော်လည်း အထိနာ