Author: Htet Ko

မြောက်ကိုရီးယား၏ နျူကလီးယားစစ် ဟန့်တားရေး အစီအစဉ်သစ်များ ပါတီညီလာခံတွင် ချပြမည်ဟု ကင်မ်ဂျုံအန်း ပြောကြား

PSM(NEWS) ဇန်နဝါရီ ၂၉၊ ၂၀၂၆ မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလက်နက် အင်အားတောင့်တင်းခိုင်မာစေရန် ဆောင်ရွက်မည့် နောက်ထပ်ခြေလှမ်းသစ်များကို မကြာမီကျင်းပတော့မည့် အာဏာရအလုပ်သမားပါတီ ညီလာခံတွင် ထုတ်ဖော်ပြသသွားမည်ဖြစ်ကြောင်း ခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြောကြားလိုက်သည်ဟု နိုင်ငံပိုင်သတင်းဌာန (KCNA) က ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။ အင်္ဂါနေ့တွင် ပြုလုပ်ခဲ့သော ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို ကိုယ်တိုင်ကြီးကြပ်စဉ် ကင်မ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းက “နိုင်ငံရဲ့…

စစ်အုပ်စု၏ စီးပွားရေးနှင့် ဝါဒဖြန့်ချိရေး အကောင့်ပေါင်း ၂၇၀ ကို Facebook ပေါ်မှ ဖယ်ရှား

PSM(News) ဇန်နဝါရီ ၂၉ ၊ ၂၀၂၆ မြန်မာစစ်တပ်၏ စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်နေသော လူမှုကွန်ရက်စာမျက်နှာများ၊ အုပ်စု (Groups) များနှင့် ပရိုဖိုင်အကောင့်ပေါင်း ၂၇၀ ခုကို Facebook ၏ မိခင်ကုမ္ပဏီ Meta က ဖယ်ရှား ပိတ်ပင်လိုက်ကြောင်း သိရသည်။ အဆိုပါ လုပ်ဆောင်ချက်သည် ၂၀၂၁ ခုနှစ်တွင် စတင်ချမှတ်ခဲ့သည့် စစ်တပ်ထိန်းချုပ် စီးပွားရေး…

စစ်ကော်မရှင်ကျင်းပသည့် ရွေးကောက်ပွဲရလဒ်ကို အရှေ့တောင်အာရှ လွှတ်တော်အမတ်များက တရားမဝင်ကြောင်း ပယ်ချ

PSM News ဇန်နဝါရီ ၂၈၊ ၂၀၂၆ မြန်မာစစ်ကော်မရှင်က ဦးစီးကျင်းပပြီး ၎င်းတို့၏ ကျောထောက်နောက်ခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အနိုင်ရရှိကြောင်း ကြေညာခဲ့သည့် ရွေးကောက်ပွဲကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး၊ ယင်းရွေးကောက်ပွဲမှာ လုံးဝတရားမဝင်ကြောင်း ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ၂၀၂၆ ခုနှစ်…

စစ်ကော်မရှင်၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ဟန့်တားရန်အတွက် KNLA အထူးတပ်ဖွဲ့က ဒရုန်းဖြင့် ဆက်တိုက်တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦးအပါအဝင် ထိခိုက်သေဆုံးမှုများရှိ

PSM(News) ဇန်နဝါရီ ၂၈၊ ၂၀၂၆ စစ်ကော်မရှင်က အတုအယောင်ရွေးကောက်ပွဲများကို ဟန့်တားရန်နှင့် ၎င်းတို့၏တပ်များကို အကြောက် တရားဖြစ်စေရန် ရည်ရွယ်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄) အထူးတပ်ဖွဲ့က ပုလောမြို့နယ်အတွင်း ဒရုန်းဖြင့် ဆက်တိုက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ KNLA တပ်မဟာ (၄) အထူးတပ်ဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာလလယ်မှစတင်၍ ဇန်နဝါရီလအတွင်း ပုလောမြို့နယ်ရှိ စစ်ကော်မရှင်တပ်စခန်းများနှင့် ဂိတ်စခန်းများကို…

Big Bag အဖွဲ့၏ တေးစီးရီးအသစ် “B-SIDE” ဖေဖော်ဝါရီတွင် ထွက်ရှိမည်၊ “သူရဲကောင်းမလိုဘူး” သီချင်းကို ကြိုတင်နားဆင်နိုင်

PSM(News) ဇန်နဝါရီ ၂၈ ရက် မြန်မာ့ဂီတလောကတွင် ပရိသတ်အခိုင်အမာရရှိထားသည့် Big Bag အဖွဲ့၏ တေးစီးရီးအသစ် “B-SIDE” ကို လာမည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ထွက်ရှိတော့မည်ဖြစ်ကြောင်း အဆိုတော် ကျားပေါက်က လူမှုကွန်ရက်မှတစ်ဆင့် အသိပေးလိုက်သည်။ အဆိုပါ Album သစ်တွင် တေးသီချင်း စုစုပေါင်း ၁၃ ပုဒ် ပါဝင်မည်ဖြစ်ပြီး၊ လက်ရှိတွင်…

မင်းကွန်းတွင် စစ်ကော်မရှင် စစ်ကြောင်းကို PDF မဟာမိတ်အဖွဲ့များ ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၁၀ ဦးခန့် သေဆုံး၍ စစ်ကြောင်းလန်ပြီး ဆုတ်ခွာ

PSM(News) ဇန်နဝါရီ ၂၈၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင် တပ်နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များက အသင့် စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။ တော်လှန်ရေးအင်အားစုများသည် ဇန်နဝါရီ ၂၅ ရက် နံနက် ၈ နာရီခန့်က စစ်ကိုင်းအခြေစိုက်…

စစ်ခေါင်းဆောင်က ပြည်ထဲရေးဝန်ကြီးနေရာတွင် စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အစားထိုး၍ ဝန်ကြီး ၄ ဦးအထိ လဲလှယ်ထား

PSM(News) ဇန်နဝါရီ ၂၈ ရက် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏ အုပ်ချုပ်ရေးယန္တရား အတွက် အဓိကကျသည့် ပြည်ထဲရေးဝန်ကြီးဌာနကို စိတ်တိုင်းကျခြင်းမရှိဘဲ လေးဦးမြောက် ဝန်ကြီး အဖြစ် ထပ်မံလဲလှယ်ခဲ့သည်။ စစ်ခေါင်းဆောင်သည် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို ရာထူးမှ ဖယ်ရှားကာ ၎င်း၏ နေရာတွင် စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ်ကို အစားထိုး ခန့်အပ်လိုက်ကြောင်း…