Author: Htet Ko

အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် LNG ဓာတ်ငွေ့တင် သင်္ဘောများ အာရှသို့ ဦးတည်ပြောင်းလဲလာ

PSM(NEWS) မတ် ၇၊ ၂၀၂၆ အရှေ့အလယ်ပိုင်း၌ ဖြစ်ပွားနေသော စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောသွားလာမှုများ ရပ်တန့်သွားပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး ဓာတ်ငွေ့ရောင်းချသူ ဖြစ်သည့် ကာတာနိုင်ငံ၏ ထောက်ပံ့မှုများ ပြတ်တောက်သွားခဲ့သည်။ ထိုအခြေအနေကြောင့် အာရှနိုင်ငံများတွင် ဓာတ်ငွေ့ရှားပါးမှုနှင့် ကြုံတွေ့နေရပြီး အစားထိုး ဓာတ်ငွေ့များ ရရှိရန်အတွက် အလုအယက် ရှာဖွေနေကြသည်။ ဥရောပသို့ ဦးတည်မောင်းနှင်နေသော LNG သင်္ဘောအချို့မှာ အာရှဈေးကွက်၏…

အီရန်နိုင်ငံအနေဖြင့် “ခြွင်းချက်မရှိ လက်နက်ချခြင်း” မရှိပါက မည်သည့်ဆွေးနွေးမှုမှ ပြုလုပ်မည်မဟုတ်ဟု ဒေါ်နယ်ထရမ့် အတိအလင်း ပြောကြား

PSM(NEWS) မတ် ၇ ၊ ၂၀၂၆ အရှေ့အလယ်ပိုင်း၌ စစ်ပွဲဖြစ်ပွားသည့် (၇) ရက်မြောက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအနေဖြင့် “ခြွင်းချက်မရှိ လက်နက်ချခြင်း” မရှိပါက မည်သည့် ဆွေးနွေးမှုမှ ပြုလုပ်မည် မဟုတ်ကြောင်း အတိအလင်း ပြောကြားလိုက်သည်။ လက်ရှိတွင် အစ္စရေးနှင့် အမေရိကန်တပ်ဖွဲ့များက အီရန်၏ စစ်ရေးစွမ်းရည်နှင့် ခေါင်းဆောင်မှုများကို ပစ်မှတ်ထား၍ အပြင်းအထန် တိုက်ခိုက်လျက်ရှိသည်။…

ကောလင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ အရပ်သား ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ

PSM (News) မတ် ၆ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ နှစ် ဦး သေဆုံးပြီး နှစ် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ ယမန့်နေ့ မတ်လ ၅ ရက်၊ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင်…

ဗန်းမော်တွင် တပ်ရင်းမှူးအား လာကယ်သည့် စစ်ကော်မရှင်၏ Mi-17 ရဟတ်ယာဉ်ကို KIA ပစ်ချနိုင်၊ အမြီးပိုင်းနှင့် တောင်ပံထိမှန်ကာ ရွှေကူမြို့ပြင်တွင် အရေးပေါ်ဆင်းသက်ရ

PSM (News) မတ် ၆၊ ၂၀၂၆ ဗန်းမော်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲတွင် ဒဏ်ရာရရှိထားသော စစ်ကော်မရှင် တပ်ရင်းမှူးအား လာရောက်ကယ်ထုတ်သည့် Mi-17 ရဟတ်ယာဉ်တစ်စင်းကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ရာ အဆိုပါ ရဟတ်ယာဉ်မှာ ရွှေကူမြို့ပြင်တွင် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သိရသည်။ ယနေ့ မတ် ၆ ရက်နေ့ မွန်းလွဲပိုင်းက…

CDM သဘင်ပညာရှင်များ၏ “မြန်မာဇာတ်ပွဲကြည့်ကြရအောင်” အွန်လိုင်းရန်ပုံငွေပွဲ မတ်လ ၁၈ ရက်တွင် ပြသမည်

PSM(NEWS) မတ် ၆၊ ၂၀၂၆ CDM သဘင်အနုပညာရှင်များ စုပေါင်းတင်ဆက်မည့် “မြန်မာဇာတ်ပွဲကြည့်ကြရအောင်” အွန်လိုင်း ရန်ပုံငွေပွဲကို လာမည့် မတ်လ ၁၈ ရက်နေ့တွင် ပြသသွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။ အဆိုပါ ရန်ပုံငွေပွဲတွင် CDM မင်းသမီး စန်းနီလာဝင်း၊ မင်းသား သားဆက်အောင်၊ မင်းသမီး သက်ထားခင်၊ မင်းသမီး အိအိအောင် အပါအဝင် အနုပညာရှင်ပေါင်းများစွာက…

အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတီနမ် ရာထူးမှထုတ်ပယ်ခံရ

PSM(NEWS) မတ် ၆၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမိမြေလုံခြုံရေးဝန်ကြီးဌာန (DHS) ၏ ဝန်ကြီး ခရစ္စတီနမ်ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း ကြာသပတေးနေ့က ကြေညာခဲ့သည်။ သူမ၏ ရာထူးသက်တမ်းမှာ မတ်လ၃၁ရက်နေ့တွင် အဆုံးသတ်မည် ဖြစ်သည်။ ခရစ္စတီနမ်အား အနောက်ကမ္ဘာလုံးခြမ်း လုံခြုံရေးအစီအစဉ်သစ်တွင် အထူးသံတမန်အဖြစ် ပြန်လည်ခန့်အပ်မည်ဟု သမ္မတကဆိုသည်။ သူမ၏နေရာတွင် အိုကလာဟိုးမားပြည်နယ်မှ အထက်လွှတ်တော်အမတ် မာ့ခ်ဝိန်းမူလင်…

တနင်္သာရီ ၆ မိုင်ရွာ တိုက်ပွဲတွင် စစ်ကော်မရှင်ဘက်မှ အရာရှိတစ်ဦးအပါအဝင် ၄ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရရှိ

PSM(News) မတ် ၆၊ ၂၀၂၆ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ စစ်ကော်မရှင်တပ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် လေး ဦး သေဆုံးပြီး လက်နက်အချို့ သိမ်းဆည်း ရရှိခဲ့ကြောင်း မြိတ်ခရိုင် အမှတ် (၂) တပ်ရင်းက ယနေ့ မတ် ၆ ရက်နေ့တွင် ထုတ်ပြန်သည်။ တနင်္သာရီမြို့နယ်၊ ၆ မိုင်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် အခြေပြုနေရာယူထားသော…

ကယ်လီဖိုးနီးယားတွင် ဘရစ်တနီ စပီးယားစ် အရက်မူးပြီး ကားမောင်းမှုဖြင့် ဖမ်းဆီးခံရ

PSM(NEWS) မတ် ၆၊ ၂၀၂၆ ကမ္ဘာကျော် အဆိုတော် ဘရစ်တနီ စပီးယားစ် သည် ကယ်လီဖိုးနီးယားပြည်နယ်တွင် အရက် သို့မဟုတ် မူးယစ်ဆေးဝါး သုံးစွဲပြီး ကားမောင်းမှု (Driving Under the Influence, DUI) သံသယဖြင့် ဖမ်းဆီးခြင်း ခံခဲ့ရသည်။ အသက်၄၄ နှစ် အရွယ်ရှိ ဘရစ်တနီ စပီးယားစ် ကို ဗုဒ္ဓဟူးနေ့ညပိုင်းက…

You missed