PSM(NEWS) မတ် ၆၊ ၂၀၂၆ CDM သဘင်အနုပညာရှင်များ စုပေါင်းတင်ဆက်မည့် “မြန်မာဇာတ်ပွဲကြည့်ကြရအောင်” အွန်လိုင်း ရန်ပုံငွေပွဲကို လာမည့် မတ်လ ၁၈ ရက်နေ့တွင် ပြသသွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။ အဆိုပါ ရန်ပုံငွေပွဲတွင် CDM မင်းသမီး စန်းနီလာဝင်း၊ မင်းသား သားဆက်အောင်၊ မင်းသမီး သက်ထားခင်၊ မင်းသမီး အိအိအောင် အပါအဝင် အနုပညာရှင်ပေါင်းများစွာက မြန်မာ့ဇာတ်သဘင် အနုပညာဖြင့် ပါဝင်အားဖြည့် တင်ဆက်ကြမည်ဖြစ်သည်။ “မြန်မာ့ယဉ်ကျေးမှုရဲ့ အနှစ်သာရဖြစ်တဲ့ ဇာတ်သဘင်အနုပညာဟာ ခေတ်အဆက်ဆက် ပြည်သူနဲ့အတူ ရှိခဲ့ပါတယ်” ဟု ဇာတ်ပွဲကျင်းပရေးအဖွဲ့က လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။ ယခုပွဲမှ ရရှိလာမည့် ရန်ပုံငွေများကို အောင်ဆန်းမျိုးဆက်တပ်ဖွဲ့ (ASG) ရှေ့တန်းရဲဘော်များအတွက် အရေးပေါ် ရိက္ခာ၊ ဆေးဝါး၊ ဓာတ်စာနှင့် မြေပြင်လိုအပ်ချက်များ ဖြည့်တင်းရာတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါ ရန်ပုံငွေပွဲအတွက် လက်မှတ်များကို စတင်ရောင်းချနေပြီဖြစ်ပြီး လက်မှတ် စျေးနှုန်းမှာ မြန်မာငွေကျပ် ၄၀,၀၀၀ (သို့မဟုတ်) ၎င်းနှင့် ညီမျှသော နိုင်ငံတကာ ငွေကြေးများဖြင့် ဝယ်ယူအားပေးနိုင်ကြောင်း သိရသည်။ #မြန်မာဇာတ်ပွဲကြည့်ကြရအောင် #CDMအနုပညာရှင်များ #အောင်ဆန်းမျိုးဆက်ရန်ပုံငွေပွဲ #OnlineTicket #PSM_News Post navigation တနင်္သာရီ ၆ မိုင်ရွာ တိုက်ပွဲတွင် စစ်ကော်မရှင်ဘက်မှ အရာရှိတစ်ဦးအပါအဝင် ၄ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရရှိ ဗန်းမော်တွင် တပ်ရင်းမှူးအား လာကယ်သည့် စစ်ကော်မရှင်၏ Mi-17 ရဟတ်ယာဉ်ကို KIA ပစ်ချနိုင်၊ အမြီးပိုင်းနှင့် တောင်ပံထိမှန်ကာ ရွှေကူမြို့ပြင်တွင် အရေးပေါ်ဆင်းသက်ရ