Author: Htet Ko

အီရန်နိုင်ငံ၏ ရေနံချက်လုပ်နိုင်စွမ်း အများစုကို နှစ်လအတွင်း ပြန်လည်ကုစားမည်ဟု ရေနံဝန်ကြီးဌာန အရာရှိပြောကြား

PSM(NEWS) ဧပြီ ၁၃ ၊ ၂၀၂၆ အီရန်နိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ တိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသည့် ရေနံချက်စက်ရုံများနှင့် ဖြန့်ဖြူးရေးလုပ်ငန်းများ၏ ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းခန့်ကို လာမည့် တစ်လမှ နှစ်လအတွင်း မူလအခြေအနေအတိုင်း ပြန်လည်လည်ပတ်နိုင်ရန် မျှော်လင့်ထားကြောင်း အဆင့်မြင့် ရေနံအရာရှိတစ်ဦးက ပြောကြားလိုက်သည်။ ရေနံဒုတိယဝန်ကြီး မိုဟာမက် ဆာဒက် အာဇီမီဖာ က…

အီရန်နှင့် နျူကလီးယားဆွေးနွေးပွဲ သဘောတူညီမှုမရရှိဘဲ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ ပါကစ္စတန်မှ ပြန်လည်ထွက်ခွာ

PSM(NEWS) ဧပြီ ၁၂၊၂၀၂၆ အီရန်နိုင်ငံနှင့် ၂၁နာရီကြာ ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု တစ်စုံတစ်ရာ မရရှိခဲ့သည့်အတွက် မိမိတို့၏ ညှိနှိုင်းရေးအဖွဲ့သည် ပါကစ္စတန်နိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဂျေဒီဗန့်စ်က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။ ဆွေးနွေးပွဲများတွင် လိုအပ်ချက်များရှိနေကြောင်း ဗန့်စ်က ထောက်ပြခဲ့ပြီး နျူကလီးယားလက်နက် မထုတ်လုပ်ရေး အပါအဝင် အမေရိကန်၏ စည်းကမ်းချက်များကို လက်ခံရန် အီရန်ဘက်က ငြင်းဆန်ခဲ့ကြောင်း ဆိုသည်။…

အီရန်အရာရှိဟောင်း၏ မိသားစုဝင်များအား အမေရိကန်တွင် နေထိုင်ခွင့်ရုပ်သိမ်းပြီး ပြည်နှင်ဒဏ်ပေးရန် စီစဉ်

PSM (NEWS) ဧပြီ ၁၂၊ ၂၀၂၆ ၁၉၇၉ ခုနှစ် အမေရိကန်သံရုံး စီးနင်းခံရမှုနှင့် ဓားစာခံဖြစ်ရပ်တွင် ပါဝင်ခဲ့သည့်အီရန်ပြောရေးဆိုခွင့်ရှိသူနှင့်ဆက်နွှယ်နေသောမိသားစုဝင်များ၏ အမြဲတမ်းနေထိုင်ခွင့် (Green Card)ကိုရုပ်သိမ်းလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ကြေညာခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်အရ အဆိုပါ ပုဂ္ဂိုလ်များကိုလက်ရှိတွင် အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် အာဏာပိုင်အဖွဲ့ (ICE) က…

တရုတ်နိုင်ငံမှ အီရန်သို့ လက်နက်များ ပေးပို့ရန် ပြင်ဆင်နေကြောင်း အမေရိကန် ထောက်လှမ်းရေးသတင်းများအရ သိရဟု CNN ဖော်ပြ

PSM(NEWS) ဧပြီ ၁၂၊ ၂၀၂၆ တရုတ်နိုင်ငံသည် လာမည့်သီတင်းပတ် အနည်းငယ်အတွင်း အီရန်နိုင်ငံသို့ လေကြောင်းကာကွယ်ရေး စနစ်သစ်များ ပေးပို့ရန် ပြင်ဆင်နေကြောင်း အမေရိကန် ထောက်လှမ်းရေးသတင်းများက ညွှန်ပြနေသည်ဟု လတ်တလော ထောက်လှမ်းရေး အကဲဖြတ်ချက်များကို သိရှိနားလည်သည့် သတင်းရင်းမြစ် သုံးခုကို ကိုးကား၍ CNN သတင်းဌာနက သောကြာနေ့ နှောင်းပိုင်းတွင် ဖော်ပြခဲ့သည်။ အဆိုပါ လက်နက်များ မည်သည့်နေရာမှ…

အီရန်၏ အဓိပတိသစ် မိုဂျတာဘာ ခါမေနီ ပြင်းထန်သော ဒဏ်ရာများ ရရှိထားဟု သတင်းရင်းမြစ်များ ပြောကြား

PSM (NEWS) ဧပြီ ၁၂၊ ၂၀၂၆ အီရန်နိုင်ငံ၏ အဓိပတိသစ် မိုဂျတာဘာ ခါမေနီ သည် ၎င်း၏ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွင်း ရရှိခဲ့သော မျက်နှာနှင့် ခြေထောက် ဒဏ်ရာပြင်းထန်မှုများမှ ပြန်လည်သက်သာလာရန် ကြိုးစားနေရဆဲဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သည့် သတင်းရင်းမြစ် သုံးခုက ရိုက်တာသို့ ပြောကြားခဲ့သည်။ တီဟီရန်မြို့လယ်ရှိ အဓိပတိ၏ အဆောက်အအုံဝင်းအတွင်း တိုက်ခိုက်ခံရမှုကြောင့် အသက်…

အမေရိကန်နှင့် အီရန်တို့ သမိုင်းဝင်တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပါကစ္စတန်တွင် စတင်

PSM(NEWS) ဧပြီ ၁၁၊ ၂၀၂၆ ၁၉၇၉ ခုနှစ် အီရန်အစ္စလာမ်မစ် တော်လှန်ရေးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဝါရှင်တန်နှင့် တီဟီရန်တို့အကြား ထိပ်သီးအဆင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံသည့်တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ္မာဘတ်၌ ယနေ့ စတင်ကျင်းပလျက်ရှိသည်။ အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ်ရှရစ်ဖ်နှင့် ဦးစွာတွေ့ဆုံခဲ့ပြီးနောက် အီရန်ကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။…