Month: July 2026

ချောက်မြို့နယ်၌ PDF များ ခြုံခိုတိုက်ရန် ပြင်ဆင်စဉ် တန်ပြန်ပိတ်ဆို့ တိုက်ခိုက်ခံရ၍ ရဲဘော် ၂၀ ခန့် ကျဆုံး

‎ PSM(News) ဇူလိုင် ၁၀ ၊ ၂၀၂၆ မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း၌ အာဏာလုစစ်အုပ်စု၏ ရဲကွန်မန်ဒိုစစ်ကြောင်းကို ကြားဖြတ် ခြုံခိုတိုက်ခိုက်ရန် ပြင်ဆင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့များ တန်ပြန် ပိတ်ဆို့တိုက်ခိုက်ခံရသဖြင့် ရဲဘော် ၂၀ ဦးခန့် ထိခိုက်ကျဆုံးမှုရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ ဖြစ်စဉ်မှာ ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်းတွင်…

အင်းတော်ကြီးတွင် အရက်မူးနေသည့် KIA တပ်ဖွဲ့ဝင်က သေနတ်ဖြင့်ပစ်၍ KIO ခန့် ရွာဥက္ကဋ္ဌ လင်မယား သေဆုံး၊ ကျူးလွန်သူက မိမိကိုယ်ကိုယ် ပြန်လည်အဆုံးစီရင်

PSM(News) ဇူလိုင် ၁၀ ၊ ၂၀၂၆ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ ဝှေလုံကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ တပ်ဖွဲ့ဝင်တစ်ဦး အရက်မူးပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် KIO (ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်) က ခန့်အပ်ထားသည့် ကျေးရွာဥက္ကဋ္ဌ လင်မယား နှစ်ဦးစလုံး သေနတ်ကျည်ထိမှန် ကွယ်လွန်ခဲ့ကြောင်း သိရသည်။ ဝှေလုံကျေးရွာအတွင်း ပြီးခဲ့သည့် ဇူလိုင် ၇…

အိမ်ထောင်သက် ၁၀ နှစ်နီးပါးကြာ ရင်သွေးမရခဲ့သည့် စစ်ရှောင်ဇနီးမောင်နှံမှ ယောက်ျားလေး သုံးမွှာပူး မွေးဖွား၊ စစ်ကိုင်းစစ်ရှောင်စခန်းတွင် CDM ကျန်းမာရေးဝန်ထမ်းများက အောင်မြင်စွာမွေးပေးခြင်းဖြစ်

PSM (News) ဇူလိုင် ၁၀ ၊ ၂၀၂၆ စစ်ပွဲဒဏ်ကို ပြင်းထန်စွာ ခံစားနေရသော စစ်ကိုင်းတိုင်း၊ ကသုံးလုံး (ကသာ၊ ကောလင်း၊ ကန်ဘလူ) နယ်မြေအတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် အိမ်ထောင်သက် ၁၀ နှစ်နီးပါးကြာ ရင်သွေး ရရှိခဲ့ခြင်းမရှိသည့် စစ်ရှောင်ဇနီးမောင်နှံသည် ပြီးခဲ့သည့် ဇူလိုင် ၆ ရက်နေ့က ယောက်ျားလေး သုံးမွှာပူး ရင်သွေးငယ်များကို အောင်မြင်စွာ…

စစ်အစိုးရအဆက်ဆက် အမျိုးသားရေးဝါဒဖြန့်ခဲ့သည့် စာရေးဆရာမကြီးဒေါက်တာမတင်ဝင်း ရန်ကုန် စစ်ဆေးရုံတွင် ကွယ်လွန်၊ မင်္ဂလာဒုံ စစ်သင်္ချိုင်းသို့ ပို့ဆောင်မီးသင်္ဂြိုဟ်မည်

မောင်မောင်ကဲ/PSM(News) ဇူလိုင် ၁၀၊ ၂၀၂၆ စစ်အစိုးရခေတ်အဆက်ဆက်တွင် အမျိုးသားရေးဝါဒ ဖြန့်ချိရေးအတွက် အသုံးချခံခဲ့ရသူ ရန်ကုန် ပညာရေးတက္ကသိုလ် ပါမောက္ခဟောင်း ဒေါက်တာမတင်ဝင်း အသက် (၈၆) နှစ်သည် ယနေ့ ဇူလိုင်လ ၁၀ ရက် နံနက် ၇ နာရီက ရန်ကုန်မြို့ မင်္ဂလာဒုံ ကုတင်(၁၀၀၀) စစ်ဆေးရုံတွင် ကွယ်လွန်သွားကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။…

လားရှိုးမြို့ပေါ် ရပ်ကွက်များနှင့် အာဏာလုစစ်တပ်၏ ရမခ ဌာနချုပ်ထဲသို့ ရှော့ခ်တိုက်ဒုံးများ ကျရောက်ပေါက်ကွဲ၊ အမျိုးသမီး ၁ ဦး သေဆုံး

PSM(News) ဇူလိုင် ၁၀၊ ၂၀၂၆ ‎ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင်းရှိ ရပ်ကွက်များနှင့် အာဏာလုစစ်တပ်၏ အရှေ့မြောက် ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) ထဲသို့ ရှော့ခ်တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ရှမ်းမြောက်ရှိ စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ယမန်နေ့ ဇူလိုင် ၉ ရက် ညနေပိုင်းတွင် လားရှိုးမြို့ အမှတ် (၆) ရပ်ကွက်၊ အမှတ် (၁၀) ရပ်ကွက်နှင့်…

ပြင်သစ်အသင်းမော်ရိုကိုအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်း

PSM (News) ဇူလိုင် ၁၀၊ ၂၀၂၆ ပြင်သစ်လက်ရွေးစင်အသင်းသည် ကြာသပတေးနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၏ ကွာတားဖိုင်နယ်ပွဲစဉ်တွင် မော်ရိုကိုအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ပြင်သစ်အသင်း၏ ကြယ်ပွင့်တိုက်စစ်မှူး ကီလီယန် အမ်ဘတ်ပီသည် အဆိုပါပွဲစဉ်တွင် အသင်းအတွက် အနိုင်ဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပြီး နောက်ထပ်ဂိုးတစ်ဂိုးအတွက်လည်း ဖန်တီးပေးနိုင်ခဲ့သည်။ ၎င်းသည် ယခုနှစ်…

အီရန်၏ ကွယ်လွန်သူ ခေါင်းဆောင်ကြီး အလီ ခါမေနီ၏ ရုပ်ကလာပ်ကို ဂူဗိမာန်၌ မြှုပ်နှံရန် သယ်ဆောင်သွား

PSM(News) ဇူလိုင် ၁၀၊၂၀၂၆ အီရန်နိုင်ငံ၏ ကွယ်လွန်သူ ခေါင်းဆောင်ကြီး အာယာတိုလာ အလီ ခါမေနီ၏ ဈာပနအခမ်းအနားသည် ကြာသပတေးနေ့တွင် နိုင်ငံ၏ အမြင့်မြတ်ဆုံး ဂူဗိမာန်သို့ ရောက်ရှိလာခဲ့ပြီး နောက်ဆုံးဂုဏ်ပြု မြှုပ်နှံရန် ပြင်ဆင်နေပြီဖြစ်သည်။ လူအုပ်ကြီးကြားတွင် “ကျွန်ုပ်တို့ ထရမ့်ကို သတ်မည်” ဟု ရေးသားထားသော ဧရာမ ပိုစတာကြီးကို ချိတ်ဆွဲထားသည်ကို တွေ့မြင်ခဲ့ရသည်။ ဈာပန အခမ်းအနားများ၏…

ထိုင်းလေယာဉ်မယ် ဘိန်းဖြူမှုနှင့် ဆက်စပ်သည့် လာအိုနိုင်ငံသား (၂) ဦးကို ရှာဖွေနေ

PSM(News) ဇူလိုင် ၁၀၊၂၀၂၆ ထိုင်းမူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ (ONCB) သည် ဩစတြေးလျနိုင်ငံတွင် မကြာသေးမီက ဖမ်းဆီးခံခဲ့ရသည့် ထိုင်းလေကြောင်းလိုင်းမှ လေယာဉ်မယ်တစ်ဦးအပါအဝင် လူများကို အသုံးပြု၍ တတိယနိုင်ငံများသို့ ဘိန်းဖြူများ မှောင်ခိုတင်ပို့ခဲ့သည်ဟု သံသယရှိသည့် လာအိုနိုင်ငံသား (၂) ဦးကို ဖမ်းဝရမ်းထုတ်ပေးရန် တောင်းဆိုထားသည်။ အကယ်၍ ရာဇဝတ်တရားရုံးက ဖမ်းဝရမ်းကို အတည်ပြုပေးပါက ထိုင်းအာဏာပိုင်များသည် အဆိုပါ လာအိုနိုင်ငံသား (၂)…

တရုတ်နိုင်ငံတွင်ဖိနပ်စက်ရုံမီးလောင်မှုကြောင့် လူ ၂၈ ဦး သေဆုံး

PSM (News) ဇူလိုင် ၁၀၊၂၀၂၆ တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့် ပြည်နယ်တွင် ကြာသပတေးနေ့က ဖြစ်ပွားခဲ့သော ကြီးမားသည့် ဖိနပ်စက်ရုံမီးလောင်မှုအတွင်း လူ ၂၈ ဦး သေဆုံးသွားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန ရှင်ဟွာ (Xinhua) က ဖော်ပြခဲ့သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိခိုက်နစ်နာသူများကို အကောင်းဆုံးကယ်ဆယ်ကုသပေးရန်နှင့် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို အမြန်ဆုံးစုံစမ်းစစ်ဆေးပြီး တာဝန်ရှိသူများကို အရေးယူရန်…

တောင်ကိုရီးယားနိုင်ငံ၏ အမြင့်ဆုံးတရားရုံးချုပ်က ယွန်းဆော့ယော၏ ထောင်ဒဏ်စီရင်ချက်ကို အတည်ပြု

PSM(News) ဇူလိုင် ၁၀၊၂၀၂၆ ၂၀၂၄ ခုနှစ်တွင် တိုတောင်းလှသော စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခဲ့မှုနှင့် ဆက်စပ်၍ တောင်ကိုရီးယားသမ္မတဟောင်း ယွန်းဆော့ယောအား ချမှတ်ထားသည့် ထောင်ဒဏ် ၇ နှစ်ကို တရားရုံးချုပ်က ကြာသပတေးနေ့တွင် အတည်ပြုလိုက်သည်။ ယင်းသည် ၎င်းနှင့်ပတ်သက်သော ရာဇဝတ်မှုဆိုင်ရာ တရားရင်ဆိုင်မှုများတွင် အမြင့်ဆုံးတရားရုံးသို့ ရောက်ရှိလာသည့် ပထမဆုံးအမှုဖြစ်သည်။ ယခင်က ဆိုးလ်အဆင့်မြင့်တရားရုံး၏ ဧပြီလအတွင်း ချမှတ်ခဲ့သည့် အမိန့်ကို တရားရုံးချုပ်က…

You missed