PSM (News) ဇူလိုင် ၁၉ ၊၂၀၂၆ ကီလီယန် အမ်ဘာပေသည် စနေနေ့က ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားပွဲစဉ်တွင် သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့သည်။ ပြင်သစ်ကြယ်ပွင့် ကီလီယန် အမ်ဘာပေသည် အင်္ဂလန်အသင်းကို ၆-၄ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် တတိယနေရာလုပွဲတွင် နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဂိုးပေါင်း ၂၂ ဂိုးဖြင့် အာဂျင်တီးနားကစားသမား လီယွန်နယ် မက်ဆီကို ကျော်ဖြတ်ကာ ဂိုးအများဆုံးသွင်းယူနိုင်သူ ဖြစ်လာခဲ့သည်။ ကီလီယန် အမ်ဘာပေသည် ယခုနှစ်ကမ္ဘာ့ဖလားတွင် စုစုပေါင်း ၁၀ ဂိုးအထိ သွင်းယူထားပြီး ရွှေဖိနပ်ဆု အတွက် အဓိကပြိုင်ဘက် လီယွန်နယ် မက်ဆီထက် နှစ်ဂိုးပိုမို သာလွန်နေသည်။ တနင်္ဂနွေနေ့တွင် ကျင်းပမည့် အာဂျင်တီးနားနှင့် စပိန်တို့၏ ဗိုလ်လုပွဲအပြီးတွင်လည်း ၎င်းက ဦးဆောင်နိုင်ပါက ကမ္ဘာ့ဖလားသမိုင်းတွင် ရွှေဖိနပ်ဆုကို နှစ်ကြိမ်ရရှိသည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။ ပြင်သစ်အသင်းသည် ဆီမီဖိုင်နယ်တွင် စပိန်အသင်းကို ရှုံးနိမ့်ခဲ့ရသဖြင့် သုံးကြိမ်ဆက်တိုက် ဗိုလ်လုပွဲ တက်ရောက်ခွင့် လက်လွတ်ခဲ့ရသည်။ လွန်ခဲ့သည့် လေးနှစ်က ကာတာနိုင်ငံတွင် ကျင်းပခဲ့သော ကမ္ဘာ့ဖလား၌ ကီလီယန် အမ်ဘာပေသည် ၈ ဂိုးသွင်းယူကာ ရွှေဖိနပ်ဆု ရရှိခဲ့သော်လည်း ဗိုလ်လုပွဲတွင် လီယွန်နယ် မက်ဆီ၏ အာဂျင်တီးနားအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ယခုနှစ်ပြိုင်ပွဲတွင် ၎င်းသွင်းယူခဲ့သော ၁၀ ဂိုးသည် ကမ္ဘာ့ဖလားသမိုင်းတွင် တတိယမြောက် ဂိုးအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ပြင်သစ်ကစားသမား ဂျပ်စ် ဖွန်တိန်က ၁၉၅၈ ခုနှစ်တွင် ၁၃ ဂိုးဖြင့် စံချိန်တင်ထားပြီး၊ ဟန်ဂေရီမှ ဆန်ဒို ကိုဆစ် က ၁၉၅၄ ခုနှစ်တွင် ၁၁ ဂိုး၊ အနောက်ဂျာမနီမှ ဂါ့ဒ် မူလာ က ၁၉၇၀ ခုနှစ်တွင် ၁၀ ဂိုး အသီးသီး သွင်းယူခဲ့ကြသည်။ Post navigation အမေရိကန်၏ တိုက်ခိုက်မှု (၇) ရက်မြောက်နေ့တွင် အီရန်က ပင်လယ်ကွေ့နိုင်ငံများနှင့် ဂျော်ဒန်ကို ပြန်လည်တိုက်ခိုက် ဘန်ကောက်တွင် ဂိမ်းဆိုင်အသွင်ယူထားသည့်“လျှို့ဝှက်အရက်ဆိုင်” ကို ရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း