PSM (News)

ဇူလိုင် ၂၀၊၂၀၂၆

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲ မကျင်းပမီ နာရီပိုင်းအလိုတွင် နယူးယောက်မြို့နှင့် နယူးဂျာစီပြည်နယ်တို့၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် မြို့တွင်းသွားလာမှုများ ထိခိုက်ခဲ့ပြီး ဗိုလ်လုပွဲအတွက် ပြင်ဆင်နေသည့် အသင်းများ၏ အစီအစဉ်များအပေါ် သက်ရောက်မှုများ ရှိခဲ့သည်။

မိုးလေဝသအခြေအနေ: စနေနေ့က ကျရောက်ခဲ့သော မုန်တိုင်းကြောင့် နာရီအနည်းငယ်အတွင်း မိုးရေချိန် (၂) လက်မမှ (၄) လက်မအထိ ရွာသွန်းခဲ့ပြီး ရေကြီးမှုသတိပေးချက်များ ထုတ်ပြန်ခဲ့ရသည်။

လမ်းမများပေါ်တွင် ကားများနစ်မြုပ်ခြင်း၊ မြေအောက်ရထားလိုင်းများအတွင်း ရေဝင်ရောက်ခြင်းနှင့် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခြင်း သို့မဟုတ် ကြန့်ကြာခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် Yankee Stadium ၌ ကျင်းပရန်ရှိသည့် အားကစားပွဲစဉ်ကိုလည်း ရာသီဥတုအခြေအနေကြောင့် ဖျက်သိမ်းခဲ့ရသည်။

အာဂျင်တီးနားအသင်း၏ လေ့ကျင့်ရေးအစီအစဉ် (၄၅) မိနစ် ကြန့်ကြာခဲ့ပြီး စပိန်အသင်းမှာ လေ့ကျင့်ရေးအစီအစဉ်ကို လုံးဝ ဖျက်သိမ်းခဲ့ရသည်။

နယူးယောက်မြို့တော်ဝန် ဇိုရန် မမ်ဒါနီ က ရေကြီးနေသော နေရာများတွင် မသွားလာကြရန်နှင့် အများပြည်သူသယ်ယူပို့ဆောင်ရေးကိုသာ အသုံးပြုရန် လူမှုကွန်ရက်မှတစ်ဆင့် ပြည်သူများကို သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ကိုးကား -The Sun

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed