PSM (News)

ဇူလိုင် ၁၉ ၊ ၂၀၂၆

ယနေ့ ဇူလိုင် ၁၉ ရက်တွင် ကျရောက်သည့် (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်းအတွင်းရှိ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီက ဦးဆောင်၍ ကျေးရွာ လူထု လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ကြသည်။

အဆိုပါ လူထုလှုပ်ရှားမှုတွင် ဒေသခံပြည်သူများနှင့် သပိတ်ကော်မတီဝင်များက “အာဇာနည်တိုင်း သမိုင်းမသေ၊ အတိတ်ကိုဂုဏ်ပြု အနာဂတ်ကိုတည်ဆောက်” စသည့် ကြွေးကြော်သံများဖြင့် တိုင်းပြည် အတွက် သက်စွန့်ကြိုးပမ်းခဲ့ကြသည့် အာဇာနည်ရဲဘော်အပေါင်းအား ဦးညွတ်အလေးပြုကာ အာဏာလုစစ်အုပ်စုကို တော်လှန်ဆန့်ကျင်ကြောင်း ဖော်ထုတ်ခဲ့ကြသည်။

ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်ကော်မတီ

By Htet Ko