Month: April 2026

ချောက်မြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၅ ဦးထက်မနည်း သေဆုံး

PSM(News) ဧပြီ ၃၊ ၂၀၂၆ မကွေးတိုင်း၊ ချောက်မြို့နယ် ကျေးရွာများသို့ တက်လာသော အင်အား ၁၀၀ခန့်ပါ စစ်ကော်မရှင် စစ်ကြောင်းအား တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ငါး ဦးထက်မနည်းသေဆုံးသွားကြောင်း မကွေးခရိုင် အမှတ်(၃) တပ်ရင်းက ထုတ်ပြန်သည်။ အဆိုပါ စစ်ကော်မရှင်စစ်ကြောင်းသည် ပြီးခဲ့သည့် မတ်လ ၃၁ ရက်တွင် ချောက်မြို့နယ်ရှိ ဆင်ကရွာ၊ ကြေးနီရွာ၊ သွေးနက်ရွာနှင့်…

ယနေ့ည ONE Friday Fights 149 ပွဲစဉ်တွင် မြန်မာ့ဖိုက်တာ သန့်စင်နှင့် အောက်ချင်းလေးတို့က ထိုင်းဖိုက်တာများနှင့် ယှဉ်ပြိုင်ထိုးသတ်မည်

PSM(News) ဧပြီ ၃ ၊၂၀၂၆ ကမ္ဘာကျော်ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်းဖြစ်သည့် ONE Championship ၏ ယနေ့ည ဧပြီ ၃ ရက် တွင် ကျင်းပမည့် ONE Friday Fights 149 ပြိုင်ပွဲ၌ မြန်မာ့ဂုဏ်ဆောင် ဖိုက်တာ သန့်စင်နှင့် အောက်ချင်းလေးတို့က ထိုင်းဖိုက်တာများနှင့် အသီးသီး ရင်ဆိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယနေ့ညပွဲစဉ်တွင် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသည့်…

လွှတ်တော်အတုက အတည်ပြုလိုက်၍ သွေးစွန်းသော ၅ နှစ်တာ မှတ်တမ်းများဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ ဖြစ်လာ

PSM(News) ဧပြီ ၃၊ ၂၀၂၆ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ ဧပြီ ၃ ရက်တွင် ကျင်းပ သည့် အတုအယောင်ရွေးကောက်ပွဲမှ ပေါ်ထွက်လာသော လွှတ်တော်အတုတွင် မဲခွဲဆုံးဖြတ်ရာ၌ မဲအပြတ် အသတ်ဖြင့် သမ္မတ ရာထူးကို ရယူလိုက်ပြီ ဖြစ်သည်။ စစ်အုပ်စု၏ လက်ဝေခံမီဒီယာများ၏ ထုတ်ပြန်ချက်အရ မင်းအောင်လှိုင်သည် ၄၂၉ မဲ ရရှိကာ…

ဘန်ကောက်တွင် ၇ နှစ်အရွယ် သမီးဖြစ်သူကို သတ်ဖြတ်ပြီး ထွက်ပြေးသည့် မြန်မာအမျိုးသမီးကို ခိုလန်းကျွန်းတွင် ဖမ်းဆီးရမိ

PSM(News) ဧပြီ ၃၊ ၂၀၂၆ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အသက် (၇) နှစ်အရွယ်ရှိ သမီးအရင်းကို လည်ပင်းညှစ် သတ်ဖြတ်ကာ ထွက် ပြေးတိမ်းရှောင်နေသည့် မြန်မာအမျိုးသမီးတစ်ဦးကို ယမန်နေ့ ဧပြီ ၂ ရက်နေ့က ခိုလန်းကျွန်း (Koh Larn) တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ဖမ်းဆီးခံရသူမှာ အသက် ၃၄ နှစ်အရွယ်…

စစ်ပွဲကြောင့် စွမ်းအင်ပြတ်တောက်မှုများ ရှိနေသော်လည်း လောင်စာဆီထုတ်လုပ်မှုကို ဆက်လက်ထိန်းသိမ်းရန် ပုဂ္ဂလိက ရေနံချက်စက်ရုံများကို တရုတ်အစိုးရ တိုက်တွန်း

PSM(NEWS) ဧပြီလ ၃၊၂၀၂၆ တရုတ်နိုင်ငံ၏ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) သည် ပြည်တွင်းလောင်စာဆီ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ပုဂ္ဂလိက ရေနံချက်စက်ရုံများအနေဖြင့် ၎င်းတို့၏ ထုတ်လုပ်မှုနှုန်းကို လွန်ခဲ့သော နှစ်နှစ်အတွင်းက ပျမ်းမျှပမာဏအောက် လျော့နည်းခြင်းမရှိစေရန် ညွှန်ကြားထားကြောင်း သတင်းရင်းမြစ်များက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ရေနံစျေးနှုန်းများ သိသိသာသာ…

အမေရိကန်အား “စည်းကမ်းမဲ့ပြီး တရားလက်လွတ်အမြတ်ထုတ်နေသည့် နိုင်ငံ” ဟု ဝေဖန်ခဲ့သည့် ဘရုစ် စပရင်းစတင်း ဝေဖန်မှုများနှင့် ရင်ဆိုင်နေရ

PSM(NEWS) ဧပြီ့ ၃၊ ၂၀၂၆ အမေရိကန်ပြည်ထောင်စု၊ မင်နီယာပိုလစ်မြို့တွင် မတ်လ၃၁ရက်၌ ကျင်းပခဲ့သည့် ဖျော်ဖြေပွဲတစ်ခုအတွင်း အဆိုတော်ဘရုစ်စပရင်းစတင်းက အမေရိကန်နိုင်ငံ၏ အခြေအနေနှင့် ပတ်သက်၍ပြင်းထန်သော ဝေဖန်ပြောကြားမှုများပြုလုပ်ခဲ့ခြင်းကြောင့် ၎င်းအား“သစ္စာဖောက်”ဟု ဝေဖန်သူများက တံဆိပ်ကပ်ခဲ့ကြသည်။ သမ္မတဒေါ်နယ်ထရန့်လက်ထက်တွင် အမေရိကန်နိုင်ငံသည် “စည်းကမ်းမဲ့ပြီး တရားလက်လွတ်အမြတ်ထုတ်နေသည့် နိုင်ငံ” ဖြစ်နေသည်ဟု ဘရုစ်စပရင်းစတင်းကပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းပြောကြားချက်အပေါ် လူမှုကွန်ရက် အသုံးပြုသူများက တုံ့ပြန်ခဲ့ကြပြီး ၎င်း၏ဖျော်ဖြေပွဲလက်မှတ်တစ်စောင်လျှင် အမေရိကန်ဒေါ်လာ…

အကျပ်အတည်းများကို ‘နှစ်ပတ်မှသုံးပတ်အတွင်း’ ဖြေရှင်းမည်ဟု ဒေါ်နယ်ထရန့်အကြိမ်ကြိမ် ကတိပြု

PSM(NEWS) ဧပြီ ၃၊ ၂၀၂၆ အီရန်စစ်ပွဲနှင့်ပတ်သက်၍ နိုင်ငံတော်သို့ ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားရာတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် က စစ်ပွဲသည် “ပြီးဆုံးလုနီးပြီ” ဖြစ်ကြောင်းနှင့် အမေရိကန်၏ စစ်ရေးရည်မှန်းချက် အားလုံးနီးပါး အောင်မြင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်း၏လူထုထောက်ခံမှုနှုန်း သိသိသာသာ ကျဆင်းလာစေသည့် အဆိုပါ ပဋိပက္ခကို မည်သို့မည်ပုံ အဆုံးသတ်မည်ဆိုသည်နှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားစွာ ပြောဆိုခြင်း မရှိခဲ့ပေ။…

အစ္စရေး၏ သေဒဏ်ပေးဥပဒေသစ်အပေါ် မွတ်စလင်အများစုနေထိုင်ရာ ၈ နိုင်ငံ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

PSM(NEWS) ဧပြီ ၃၊ ၂၀၂၆ စစ်ဘက်ဆိုင်ရာ တရားရုံးများတွင် သေစေလောက်သည့် တိုက်ခိုက်မှုများဖြင့် ပြစ်ဒဏ်စီရင်ခြင်းခံရသော ပါလက်စတိုင်းလူမျိုးများအား ကြိုးပေးသတ်ဖြတ်ရန် အစ္စရေး၏ ဥပဒေအသစ်အပေါ် မွတ်စလင်အများစုနေထိုင်ရာ ၈ နိုင်ငံက “ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း” ပါကစ္စတန်နိုင်ငံက ကြာသပတေးနေ့တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် တနင်္လာနေ့က အစ္စရေးလွှတ်တော်တွင် အတည်ပြုခဲ့သော အဆိုပါဥပဒေသည် “အစ္စရေးနိုင်ငံ တည်ရှိမှုကို အဆုံးသတ်ရန်”…

ထရမ့်၏ မိန့်ခွန်းအပြီးအီရန်စစ်ပွဲ အမြန်ဆုံးအဆုံးသတ်ရန်မျှော်လင့်ချက်များမှေးမှိန်လာ၊ရေနံဈေးနှုန်းများ တစ်ကျော့ပြန် မြင့်တက်

PSM(NEWS) ဧပြီ ၃၊၂၀၂၆ အရှေ့အလယ်ပိုင်းစစ်ပွဲအမြန်ဆုံးပြီးဆုံးတော့မည်ဟူသောမျှော်လင့်ချက်များသည် ကြာသပတေးနေ့တွင် မှေးမှိန်သွားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အီရန်အပေါ် ပိုမိုပြင်းထန်သော စစ်ရေးတိုက်ခိုက်မှုများပြုလုပ်မည်ဟုကတိပြုခဲ့ပြီးနောက်ကမ္ဘာ့ရေနံဈေးနှုန်းများပြန်လည်မြင့်တက်လာကာ ဝယ်ယူသုံးစွဲသူများ:အပေါ် ရိုက်ခတ်မှုများ ရှိလာခဲ့သည်။ စစ်ဆင်ရေးများကိုပိုမိုအရှိန်မြှင့်မည်ဟုဒေါ်နယ်ထရမ့်ကပြောကြားခဲ့သော်လည်း ရင်းနှီးမြှုပ်နှံသူများ သိလိုသည့် စစ်ပွဲအဆုံးသတ်မည့် အချိန်ဇယားကိုထည့်သွင်းပြောကြားခြင်းမရှိသောကြောင့်စတော့ဈေးကွက်များကျဆင်းကာအမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာခဲ့သည်။ “ကျွန်တော်တို့ သူတို့ကို နောက် ၂ ပတ်၊၃ပတ်အတွင်းမှာအပြင်းထန်ဆုံး တိုက်ခိုက်သွားမှာပါ။ သူတို့ကို ကျောက်ခေတ်ဆီပြန်ရောက်သွားအောင်လုပ်ပစ်မယ်”ဟုဒေါ်နယ်ထရမ့် က…