PSM(NEWS)

ဧပြီ ၁၀၊ ၂၀၂၆

ပနားမားနိုင်ငံရှိ အဓိက ဆိပ်ကမ်းလုပ်ပိုင်ခွင့်များကို ပယ်ဖျက်ခဲ့သည့် တရားရုံးဆုံးဖြတ်ချက်နှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ တုံ့ပြန်မှုများအပေါ် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားရန် ပနားမား နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းတောင်းဆိုလိုက်သည်။

ပနားမားဗဟိုတရားရုံးချုပ်သည် ဟောင်ကောင်အခြေစိုက် စီကေ ဟာချီဆင် (CK Hutchison) ကုမ္ပဏီ၏ ဆိပ်ကမ်းလုပ်ပိုင်ခွင့်ကို ပြီးခဲ့သည့် ဇန်နဝါရီလတွင် ပယ်ဖျက်ခဲ့သည်။

ယင်းဆုံးဖြတ်ချက်နောက်ပိုင်း တရုတ်ဆိပ်ကမ်းများတွင် ပနားမားအလံတင် သင်္ဘောများကို စစ်ဆေးခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခြင်းများ သိသိသာသာ မြင့်တက်လာခဲ့သည်။

ပနားမားနိုင်ငံခြားရေးဝန်ကြီး ဂျေးဗီးယား မာတီနက်ဇ် အာချာ က ယခုကဲ့သို့ သင်္ဘောများ ဖမ်းဆီးခံရမှုသည်ပနားမားတရားရုံး၏ ဆုံးဖြတ်ချက်အပေါ် တရုတ်၏ တုံ့ပြန်မှုဖြစ်ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံအချင်းချင်း ဥပဒေကြောင်းအရအချုပ်အခြာအာဏာကိုအပြန်အလှန်လေးစားရန် တောင်းဆိုခဲ့သည်။

ဤအရေးကိစ္စနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စု ကလည်းအနီးကပ်စောင့်ကြည့်လျက်ရှိပြီးအမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုlကလည်း ပြင်းထန်သောစိုးရိမ်ပူပန်မှုများရှိကြောင်းထုတ်ဖော်ပြောဆိုထားသည်။

တစ်ဖက်တွင် တရုတ်နိုင်ငံက ပနားမား၏ ဆုံးဖြတ်ချက်ကို “ယုံကြည်မှုကင်းမဲ့သည့်လုပ်ရပ်” ဟု ပြစ်တင်ထားပြီး စီကေ ဟာချီဆင် (CK Hutchison) ကုမ္ပဏီကလည်း နစ်နာကြေး အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရရှိရန်နိုင်ငံတကာအနုညာတစီရင်ရေးအဖွဲ့တွင် အမှုဖွင့်ထားသည်။

ကမ္ဘာ့ရေကြောင်းကုန်သွယ်မှု၏ ၅ ရာခိုင်နှုန်းခန့် ဖြတ်သန်းရာ ပနားမားတူးမြောင်းအရေးသည် ယခုအခါ အမေရိကန်နှင့် တရုတ်တို့အကြား ဩဇာလွှမ်းမိုးမှုလုသည့် ဗဟိုချက်တစ်ခု ဖြစ်လာနေသည်။

ကိုးကား Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed