PSM (News)

ဧပြီ ၁၀ ၊ ၂၀၂၆

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဟင်းသီးဟင်းရွက်ဈေးအနီးတွင် ယနေ့ ဧပြီ ၁၀ ရက်၊ ညနေပိုင်းက YBS ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

လှိုင်မြို့နယ်၊ (၄) ရပ်ကွက်၊ ဘုရင့်နောင်လမ်းပေါ်တွင် မောင်းနှင်နေသည့် လိုင်းအမှတ် (၆၀) YBS ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားကြောင်း ယနေ့ ညနေ ၄ နာရီ ၂၂ မိနစ်တွင် သတင်းရရှိသဖြင့် လှိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် သုံးစီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၃၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ ယာဉ်မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိနှင့် မီးလောင်ရသည့် အကြောင်းရင်းကိုမူ သက်ဆိုင်ရာက ဆက်လက်စစ်ဆေးလျက်ရှိသည်။

ဓာတ်ပုံ-မီးသတ်တပ်ဖွဲ့

By Htet Ko