PSM(NEWS)

ဧပြီ ၁၀၊၂၀၂၆

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် ဆင်နွှဲနေသော စစ်ပွဲတွင် ဥရောပမဟာမိတ်များ ပါဝင်ပတ်သက်မှုအားနည်းခြင်းအပေါ် ဝါရှင်တန်၏ ဝေဖန်မှုများ ထွက်ပေါ်နေစဉ်မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) အဖွဲ့ဝင် နိုင်ငံအချို့သည် စမ်းသပ်မှုကို ခံခဲ့ရသော်လည်း ကျရှုံးခဲ့ကြောင်း

အထွေထွေအတွင်းရေးမှူးချုပ် မတ်ခ်ရုတေးကပြောကြားလိုက်သည်။

အတွင်းရေးမှူးချုပ် မတ်ခ် ရုတေး သည်အိမ်ဖြူတော်တွင်အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် နှင့် တွေ့ဆုံကာ အီရန်အရေးကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

သမ္မတ ဒေါ်နယ် ထရမ့်အနေဖြင့် ဥရောပမဟာမိတ်များအပေါ် စိတ်ပျက်နေကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီး ၎င်း၏ မကျေနပ်မှုကို မတ်ခ် ရုတေး က ဝန်ခံခဲ့သည်။

သို့သော်လည်း ဥရောပနိုင်ငံ အများစုသည်ကတိကဝတ်အတိုင်း လုပ်ဆောင်နေပြီးထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာကိစ္စရပ်များတွင် ကူညီနေကြောင်း၎င်းကသမ္မတအား ပြန်လည်ထောက်ပြခဲ့သည်။

ဂျာမနီနိုင်ငံကမူ ဤစစ်ပွဲကြောင့် NATO အတွင်း သဘောထားကွဲလွဲမှုများ မဖြစ်ပေါ်စေရန် သတိပေးထားသည်။ တစ်ဖက်တွင်လည်း စစ်မီးကြောင့် လက်ဘနွန်ရှိ ဆေးရုံများတွင် ဆေးဝါးပြတ်လပ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ကိုးကား Reuters

By Htet Ko